ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွ့ံဖြိုးရေးပါတီမှ ယခုနှစ်မေလပိုင်းက ထုတ်ဝေခဲ့သော ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း စာအုပ်တွင် မြန်မာနိူင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်များ ထည့်သွင်းထားခြင်း မရှိ....
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွ့ံဖြိုးရေးပါတီမှ ယခုနှစ်မေလပိုင်းက ထုတ်ဝေခဲ့သော ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း စာအုပ်တွင် မြန်မာနိူင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်များ ထည့်သွင်းထားခြင်း မရှိပေ။
အစိမ်းရောင်မျက်နှာဖုံးနှင့် စာမျက်နှာ ၈၁ မျက်နှာပါသော အဆိုပါ စာအုပ်တွင် ကြံ့ဖွံ့ပါတီ၏ ရည်မှန်းချက် ယုံကြည်ချက် သံန္နိဋ္ဌာန် မူဝါဒ လုပ်ငန်းစဉ်များနှင့် သဘောထားများကို အသေးစိတ်ဖေါ်ပြထားပြီး ၂၀၁၀ ရွေးကောက်ပွဲအပြီး ၄င်းပါတီ အာဏာရရှိပါက ကျင့်သုံးမည့် မူဝါဒ ဖြစ်သည်။
ကြံ့ဖွံ့ပါတီ၏ အမျိုးသားရေးမူဝါဒတွင် ပြည်ထောင်စုမပြိုကွဲရေး တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး အချုပ်အခြာ တည်တံ့ ခိုင်မြဲရေးကို ထာဝစဉ် ဦးထိပ်ထားမည်ဟု ပါရှိသည်။ထို့အပြင် တိုင်းရင်းသားအရေးတွင် တိုင်းရင်းသား စည်းလုံး ညီညွတ်မှုကို အလေးထားမည် အခြေခံဥပဒေနှင့်အညီ တိုင်းရင်း သားများ၏ အခွင့်အရေးများကို အပြည့်အဝရရှိခံစား စေအောင် ဖေါ်ဆောင်ပေးမည်ဟု ပါရှိသည်။
လူ့အခွင့်အရေးအပိုင်းတွင်လည်း အခြေခံဥပဒေနှင့်အညီ နိုင်ငံသားတိုင်း၏ရပိုင်ခွင့်နှင့်အခွင့်အရေးကို အာမခံမည်ဟု ဖေါ် ပြ ထားသည်။ အဆိုပါမူဝါဒများအရ ကြံ့ဖွံ့ပါတီအာဏာရလာပါက နအဖ စစ်အစိုးရ ရေးဆွဲထားသည့် ၂၀၀ဂ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ကျောရိုးအတိုင်း အုပ်ချုပ်သွားမည် ဖြစ်သည်။
၂၀၀ဂဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်သူ့လွတ်တော် အမျိုးသားလွတ်တော်နှင့် ပြည်နယ်နှင့်တိုင်းဒေသကြီး လွှတ် တော် လွှတ်တော် ၃ ရပ်စလုံးတွင် ရွေးကောက်ပွဲဝင်စရာမလိုပဲ စစ်သား ၂၅ ရာခိုင်နှုန်း ပါ၀င်ခွင့်ပြုထားသည့် အပြင် နိုင်ငံတော် သမ္မတသည် စစ်ရေးအမြင် ရှိသူဖြစ်ရမည်ဟု သတ်မှတ်ထားသေးသည်။
အချုပ်အားဖြင့် စစ်တပ်မှ အာဏာထိန်းချုပ်နိုင်မည့် အချက်အလက်များကို ဖွဲ့စည်းပုံဥပဒေ၌ ထည့်သွင်းထားရာ အတိုက် အခံ ဒီမိုကရေစီ အင်အားစုများနှင့် တိုင်းရင်းသားများက ဖွဲ့စည်းပုံ ပြင်ဆင်ပြောင်းလဲရန် လိုလားနေခြင်း ဖြစ်သည်။
အမျိုးသားရင်ကြားစေ့ရေး လုပ်ငန်းစဉ် အနေဖြင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် က ၂၀၀၉ ခုနှစ် ဧပြီလ ၂ဂ ရက်နေ့စွဲဖြင့် ထုတ်ပြန်သည့် ရွှေဂုံတိုင်ကြေငြာချက်တွင် ဖမ်းဆီးခံ ထားရသည့် နိုင်ငံရေးအကျဉ်း သားအားလုံး ခြွင်းချက်မရှိလွတ်ပေးရန် ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြန်လည် သုံးသပ်ရန် ၊ နိုင်ငံရေးအရ အနှစ် သာရပြည့်ဝစွာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒေါ်အောင်ဆန်းစုကြည် ပထမ ဆွေးနွေးရန် နောက်တဆင့်တွင် တိုင်းရင်းသားများနှင့် ဆွေးနွေးရန် နအဖထံ တောင်းဆိုထားသည်။
ဒေသတွင်းနိူင်ငံတကာအသိုင်းအဝိုင်းလည်း ရွေးကောက်ပွဲတွင် အင်အားစုအားလုံး ကျယ်ပြန့်စွာ ပါ၀င်နိုင်ရေး လုပ်ဆောင် ရန်တောင်းဆိုထားသည်။ အထူးသဖြင့် မြန်မာနအဖနှင့်နီးကပ်စွာ ဆက်ဆံနေသည့် မြန်မာ့အိမ်နီးချင်း တရုတ်ပြည် အနေ ဖြင့် နှစ်နိူင်ငံ နယ်စပ်တစ် လျှောက်ရှိ တိုင်းရင်းသားလက်နက်ကိုင်အရေးနှင့် ပတ်သက်၍ အမျိုးသား ပြန်လည်သင့်မြတ်ရေးလုပ် ဆောင်ရန် တိုက်တွန်းထားကြောင်း သိရသည်။
တနည်းအားဖြင့် မြန်မာနိူင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေး အရေးကြီးကြောင်း မီးမောင်းထိုးပြနေရာ ယခုကြံ့ဖွံ့ ပါတီ၏ မူဝါဒလမ်းစဉ်များသည် ထိုအချက်ကို မျက်ကွယ်ပြုထားကြောင်း လေ့လာသူများက ထောက်ပြ ကြသည်။
အဆိုပါ စာအုပ်၏ နိဒါန်းအပိုင်းတွင် ကြံ့ဖွံ့ပါတီအား နိုင်ငံတော်၏ အမျိုးသားရေးအင်အားစုကြီးဖြစ်သည့် ကြံ့ဖွံ့အသင်း ကို အမွေခံ၍ ဖွဲ့စည်းထားခြင်းဖြစ်ပြီး သမိုင်းရေးပကတိလိုအပ်ချက်အရ လေးနက်တည်ကြည်သော သံန္နိဋ္ဌာန်စိတ်ဖြင့်ဖွဲ့စည်း ထားသည်ဟု ဆိုထားသည်။