၂၀၀၈ က ဗုဒ္ဓပြတိုက်အဖြစ်ပြောင်းလဲခံရလိုက်သည့် ညောင်ရွှေဟော်နန်းမှာ ယခုလအတွင်း တိုင်းရင်းသား ရိုးရာပြတိုက် အဖြစ် ထပ်မံပြောင်းလဲ....
၂၀၀၈ က ဗုဒ္ဓပြတိုက်အဖြစ်ပြောင်းလဲခံရလိုက်သည့် ညောင်ရွှေဟော်နန်းမှာ ယခုလအတွင်း တိုင်းရင်းသား ရိုးရာပြတိုက် အဖြစ် ထပ်မံပြောင်းလဲ အမည်တွင်မည်ဟု စုံစမ်းသိရှိရပါသည်။
“အခု ၂ နှစ် ၃ နှစ်အတွင်းညောင်ရွှေဟော်နန်း ၃ မည်ရသွားပြီ။ အခုလဲတိုင်းရင်းသားရိုးရာ ပြတိုက်ဆိုပြီးထပ်မံပြောင်းမယ် လို့ကြားရတယ်”- ဟု ညောင်ရွှေမြို့ခံတဦးက ပြောပါသည်။
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေဟော်နန်းအား ညောင်ရွှေဟော်နန်း သမိုင်းပြတိုက်၊ ဗုဒ္ဓပြတိုက် ယခုတကြိမ်တိုင်းရင်းသား ရိုးရာပြတိုက် ဟု အကြိမ်ကြိမ်အမည်ပြောင်းကာ သမိုင်းဖျောက်ဖျက် ရန် ဗိုလ်သန်းရွှေစစ်အုပ် စုကစီစဉ်နေသည်ဟု စော်ဘွားနွယ်ဝင်တစ်ဦးကပြော၏။
“နှစ်ပေါင်းရာချီရှိပြီဖြစ်တဲ့ဟော်နန်း နန်းသုံးပစ္စည်းတွေတော့ ဗိုလ်နေဝင်းအာဏာသိမ်း ကတည်း က တဖြည်းဖြည်း ဗမာပြည်ကိုသယ်ယူသွားတာ၊ အခုဘာဆိုဘာမှမရှိတော့ဘူး၊ ဗုဒ္ဓပြတိုက်ဆိုတဲ့ နာမည်ပြောင်းတုန်းကလဲ ကျန်အသုံး အဆောင်တွေ နေပြည်တော်ကို ထပ်ယူသွားပြီ၊ ဒေသခံတွေ အမြတ်နိုးဆုံး အနှမြောဆုံးကတော့ ဘိုးစဉ်ဘောင်ဆက်က စဝ်ရွှေသိုက်ရဲ့ (မှန်စီရွှေချ ဓါးရိုးဓါးအိမ် ငါးတောင်ရှည်) ဓါး ”- ဟု ရှေးဟောင်းပစ္စည်း မြတ်နိုးတန်ဖိုးထားသူ နောက် ဒေသခံတဦးကပြောပါ သည်။
ပြတိုက်စောင့် ၀န်ထမ်း ရ ယောက်ရှိကြောင်း၊ ဗမာလူမျိုး ၆ ယောက် က သျှမ်းရိုးရာဝတ်စုံဖြင့် စောင့်ကြောင်း၊ သျှမ်းအမျိုးသမီးတဦးလည်းပါ၀င်ကြောင်း၊ ထိုဝန်ထမ်းများအားလုံး ကျိုင်းတုံသို့ ပြောင်းရွေ့ခံရမည်ဖြစ်ပြီး ၎င်းင်းတို့နေရာသို့ နေပြည်တော်မှ တိုက်ရိုက်လူလွတ်နေရချမည်ဖြစ် ကြောင်း - အဆိုပါပုဂ္ဂိုလ်က ဆက်၍ပြောပြပါသည်။
“အရင်တုန်းက ခေတ်အဆက်ဆက် စော်ဘွားပစ္စည်းတွေရှိတော့ ခရီးသွားတွေ စိတ်ဝင်စားတယ်။ ဗုဒ္ဓပြတိုက်လုပ်ပြီး နောက်ပိုင်း ဗုဒ္ဓဆင်းတုတော်တွေဘဲပြထားတော့ မထူးဆန်းဘူးလေ။ ခရီးသွား တွေလဲ အလည်မသွားချင်တော့ဘူး” - ဟု ဧည့်လမ်းည¸န်တဦးကလည်း ပြောပြပါသည်။
မူလသျှမ်းဘာသာအဓိပ္ပါယ် ယောင်ဟွေ့ (စပါးကျီ ချိုင့်ဝှမ်း)မှ ဆင်းသက်လာသည့် ညောင်ရွှေသည်သျှမ်းစော်ဘွားများ အုပ်ချုပ်သည့်ပြည်နယ်များအနက် ရှေးအကျဆုံးမြို့တမြို့ဖြစ်သည်။
ခရစ်နှစ် AD 1369 ကတည်းက တည်ထောင်ခဲ့သော ခေတ်အဆက်ဆက် မိရိုးဖလာ အဖိုးတန် ရှေးဟောင်းပစ္စည်းများထား ရှိရာ အဆိုပါယောင်ဟွေ့ဟော်နန်းကို မဆလခေတ်က သမိုင်းပြတိုက် အဖြစ် ဗမာအာဏာပိုင်များ ပြောင်းလဲခေါ်ဆိုခဲ့၏။
ယောင်ဟွေ့(ညောင်ရွှေ) ကို အုပ်စိုးခဲ့သော နောက်ဆုံးစော်ဘွားမှာ ပြည်ထောင်စုမြန်မာနိုင်ငံ တော်၏ ပထမဦးဆုံးသမ္မတ (၁၉၄၈-၁၉၅၂) သတိုးမဟာသရေစည်သူ စဝ်ရွှေသိုက်ဖြစ်၏။ ၎င်း၏ မဟာဒေဝီမှာသျှမ်း ပြည်တပ်မတော် SSA တည်ထောင်ခဲ့သူ စဝ်နန်းဟိန်းခမ်းဖြစ်သည်။
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံဟော်နန်းကိုလည်း ၁၉၉၁ က နဝတ ဗမာစစ်အုပ်စု ဖျက်ဆီးပြီး ကျိုင်းတုံဟော်တယ်ဖြင့် အစားထိုးတည်ဆောက်ထားသည်။ ကျိုင်းတုံဟော်နန်းကဲ့သို့ ကျန်အခြား စော်ဘွားများ၏ ဟော်နန်းအများအပြားကိုလည်း နည်းအမျိုးမျိုးဖြင့် စစ်အုပ်စုဖြချဖျောက်ဖျက် ပစ်ခဲ့သည်။
၁၉၆၂ ဗိုလ်နေဝင်းအာဏာ မသိမ်းမီ အထိ ပြည်ထောင်စုသျှမ်းပြည် (Federated Shan State) စော် ဘွားနယ် ၃၄ ပြည်နယ်ရှိခဲ့သည်။