၂၀၀၅ ခုနှစ်က စစ်အစိုးရ ဖိအားပေးမှုကြောင့် လက်နက်ချ ပလောင်ပြည် လွတ်မြောက်ရေး တပ်မတော် ခေါင်း ဆောင် မိုင်အိုက်မုန့် ဦးဆောင်သည့် တအာင်း (ပလောင်) အမျိုးသား ပါတီက တပြည်လုံး အတိုင်းအတာဖြင့် ၂၀၁၀ ရွေးကောက် ပွဲဝင်ရောက် ယှဉ်ပြိုင်....
၂၀၀၅ ခုနှစ်က စစ်အစိုးရ ဖိအားပေးမှုကြောင့် လက်နက်ချ ပလောင်ပြည် လွတ်မြောက်ရေး တပ်မတော် ခေါင်း ဆောင် မိုင်အိုက်မုန့် ဦးဆောင်သည့် တအာင်း (ပလောင်) အမျိုးသားပါတီက တပြည်လုံး အတိုင်းအတာဖြင့် ၂၀၁၀ ရွေးကောက် ပွဲဝင်ရောက် ယှဉ်ပြိုင်မည်ဟု စုံစမ်းသိရှိရပါသည်။
“ကျနော်တို့ ပါတီဝင်က ၅၀၀ ဘဲမဟုတ်ဘူး၊ အယောက်တထောင်၊ အခု ပါတီဝင် အင်အား ၃၀၀၀ ရှိပြီ၊ သျှမ်း ပြည်မြောက်ပိုင်းမက ရန်ကုန်၊ မန္တလေးတိုင်း နဲ့ ကချင် တို့ဘက်လဲ သွားမယ်” - ဟု တအာင်း အမျိုးသား ပါတီ အထွေထွေအတွင်းရေးမှူး မိုင်အုန်းခိုင် ကပြောပါသည်။
မေ ၂၅ ရက်နေ့က တရားဝင် နိုင်ငံရေးပါတီဖြစ်လာသည့် တအာင်းအမျိုးသားပါတီသည် လက်ရှိတွင် သျှမ်းပြည် မြောက်ပိုင်း - ပါတီရုံးချုပ်ရှိရာ နမ့်ဆန်မြို့ အပြင် မန်တုံ၊ နမ့်ခမ်း၊ မူစယ်၊ ကွက်ခိုင် နှင့် ကျောက်မဲမြို့တို့၌ အသီး သီး ရုံးခွဲဖွင့်လှစ်ပြီးခဲ့ကြောင်း ကြားသိရပါသည်။
“ပြီးခဲ့တဲ့ စနေနေ့ (၂၅/၇/၂၀၁၀) မူစယ်မှာ မြို့နယ်ကော်မတီ ရုံးခွဲထပ်ဖွင့်တယ်လေ၊ အခုဆို ရှမ်းပြည်မြောက် ပိုင်းမှာ ၅ မြို့နယ် ရုံးခွဲဖွင့်ပြီးပြီ၊ တခြားမြို့တွေမှာလဲ ထပ်ဖွင့်ဖို့ကြိုးစားသွားမယ်” - ဟု သျှမ်းသံတော်ဆင့် သို့ပြော၏။
မူစယ်မြို့နယ် ကော်မတီရုံးခွဲအား ဇွန်ဇော်ရပ်ကွက် လွယ်တိန်ခမ်းလမ်းပေါ်တွင်ဖွင့်လှစ်ပြီး ဥက္ကဌ မိုင်မောင်ဌေး၊ အတွင်းရေးမှူး မိုင်မောင်ကျန်ဖြစ်ကြောင်း၊ ဖွင့်ပွဲသို့ ဖိတ်ကြားထားသည့် ဧည့်သည်တော်များအပြင် ကျားဖြူ ပါတီ၊ ကြံ့ခိုင်ရေးပါတီနှင့်မူစယ်သျှမ်းစာပေယဉ်ကျေးမှု၊ ပလောင်စာပေယဉ်ကျေးမှုတို့မှအင်အား ၁၅၀ ကျော်တက် ရောက်ကြောင်း မူစယ်ဒေသခံတဦးက ပြောပါသည်။
“ရှမ်းပြည်မြောက်ပိုင်း မြို့နယ်အားလုံး နဲ့ တောင်ပိုင်းက ကလော၊ အောင်ပန်း ၊ မန္တလေးတိုင်းဆို မိုးကုတ်၊ ကချင်ပြည် ဖါးကန့်မြို့နယ်တွေက ၀င်ပြိုင်ဖို့လျာထားတယ်၊ ခုလောလောဆယ်တော့ သွားရေးလာရေး နဲ့ အသင်းရန်ပုံငွေ ရရှိဖို အခက်အခဲရှိတယ်။ အဆင်ပြေအောင် ပလောင်လူထုကို ဆက်လက် ပြောဆို စည်းရုံး သွားရမယ်” - ဟု မိုန်အုန်းခိုင်က ဆက်၍ ပြော၏။
ပလောင်ပါတီ၏ ဗဟိုကော်မတီတွင် မိုင်အိုက်မုန့် (ဥက္ကဌ)၊ ဦးထွန်းအောင်၊ ဦးည¸န့်မောင်၊ မိုင်အုန်းခိုင် (အထွေ အတွင်းရေးမှူး)၊ ဦးမောင်ကျော်၊ ဦးအောင်ထွန်း - စသည့်ပုဂ္ဂိုလ်များပါ၀င်ကြောင်း၊ ပြည်နယ်လွှတ်တော်အပြင်၊ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်အတွက်လည်း ၀င်ရောက်ယှဉ်ပြင်မည်ဖြစ်ကြောင်းကြားသိရပါ သည်။
နအဖ စစ်အုပ်စု၏ ၂၀၀၈ ဖွဲ့စည်းပုံအရ သျှမ်းပြည်မြောက်ပိုင်းရှိ နမ့်ဆန် နှင့် မန်တုံမြို့နယ်နှစ်ခုအား ပလောင် အမျိုးသားတို့အတွက် ကိုယ်ပိုင်အုပ်ချုပ်ရဒေသအဖြစ် သတ်မှတ်ပေးထားသည်။