မိုင်းကုတ်- ထိုင်းနယ်စပ် ကျောက်မီးသွေးသယ်မည့် ကားလမ်းသစ် စီမံကိန်းကန့်ကွက်ရန် ဒေသခံလူထုစည်းဝေး

မိုင်းကုတ်- ထိုင်းနယ်စပ် ကျောက်မီးသွေးသယ်မည့် ကားလမ်းသစ် စီမံကိန်းကန့်ကွက်ရန် ဒေသခံလူထုစည်းဝေး
by -
မွေခေါ၀်
သျှမ်းပြည်အရှေ့ပိုင်း မိုင်းကုတ်(ခေါ်)မိုင်းခုတ်ထွက်ကျောက်မီးသွေးများ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းဟိုင်းသို့ လမ်းသစ် ဖောက်သယ်ဆောင်မည ့်စီမံကိန်း ကန့်ကွက်ရန်အတွက် မယ်ဖှါ့လုံတက္ကသိုလ်တွင် ဒေသခံလူထုသဘောထား အစည်း အဝေးပြုလုပ်...

သျှမ်းပြည်အရှေ့ပိုင်း မိုင်းကုတ်(ခေါ်)မိုင်းခုတ်ထွက်ကျောက်မီးသွေးများ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းဟိုင်းသို့ လမ်းသစ် ဖောက်သယ်ဆောင်မည ့်စီမံကိန်း ကန့်ကွက်ရန်အတွက် မယ်ဖှါ့လုံတက္ကသိုလ်တွင် ဒေသခံလူထုသဘောထား အစည်း အဝေးပြုလုပ်ကြောင်း ဂျူလိုင် ၁၈ ရက်ထုတ် ချင်းဟိုင်း သတင်းစာ၌ ရေးသားထားသည်။

အစည်းအဝေးကို ဂျူလိုင် ၁၇ ရက်  ထိုင်းနိုင်ငံမြောက်ပိုင်း မယ့်ကျန်းမြို့နယ် မယ့်ဖှါ့လုံတက္ကသိုလ် လွယ်တွန်းခန်းမတွင် ကျင်းပခဲ့ရာ၌ မယ့်ဆလောင်း (အပြင်)၊ မယ့်ဆလောင်း(အတွင်း)၊ မယ့်ဖှါ့လုံနှင့် မယ့်စန်းကျေးရွာအုပ်စု ကောင်စီအသီးသီးမှ အယောက် ၅၀ ကျော်တက်ရောက် ်ခဲ့သည်။

ဒု-ပါမောက္ခ ဒေါက်တာဝမ်ချိုင်းစီရိချန်းနားနှင့်  ချင်းဟိုင်းဒု-အုပ်ချုပ်ရေးမှူး ဖိနစ်ဟန်ဖားနစ် တို့က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။ ထေ့ထိုင်းကျေးရွာအုပ်စု အလုပ်အမှုဆောင်ဒုဥက္ကဋ္ဌ ဆွန်ဖုန်းခေမဝုန်းတို့ပါ၀င်ဦးဆောင်ကျင်းပ ခဲ့သည်။

ဆရာဘူရီကျောက်မီးသွေးကုမ္ပဏီက တာချီလိတ်-မယ်ဆိုင် အမှတ် ၂ တံတားလမ်းကိုအသုံးပြုခွင့်မရသောကြောင့် သျှမ်းပြည်န ှင့်ထိုင်းနယ်စပ် မယ်ကျုတ်မှ မုံ့ကောဝ်လန်ရွာကိုဖြတ်၍ လမ်းသစ်ဖောက်သယ်ဆောင်ရန် နအဖဖက်က ဖိအားပေးခဲ့ရာမှစတင်သည်။  

သဘာဝပတ်ဝန်းကျင်၊ လူမှုအဆောက်အအုံ၊ ခရီးသွားလုပ်ငန်း၊ ကျေးလက်ဓလေ့ထုံးတမ်းစသည်တို့ကို ထိခိုက်နိုင်သော ထိုစီမံကိန်းအား ကန့်ကွက်ရန် ဒေသခံလူထုသဘောထားအတွက် အစည်းအဝေးကျင်းပရခြင်းဖြစ်ကြောင်းကို ဆွန်ဖုန်းခေမဝုန်း က သျှမ်းသံတော်ဆင့်အား ဤကဲ့သို့ပြောပြပါသည်။

“လမ်းသစ်ဖောက်ရင်  သဘာဝပတ်ဝန်းကျင်ပျက်စီးယိုယွင်းမယ်။ ရာနဲ့ချီတဲ့ ဆယ်ဘီးကားတွေပေါ် တင်ထားတဲ့ ကျောက်မီး သွေးမှုန့်တွေ လွှင့်စင်တာကြောင့် ဘေးပတ်ဝန်းကျင်မှာရှိတဲ့ပြည်သူတွေလဲ ကျန်းမာရေးထိခိုက်မယ်။ ဒေသလုံခြံုရေးလဲ ထိခိုက်လာနိုင်တယ်။ လမ်းတွေလဲ ပျက်စီးမယ်။ မူးယစ်ဆေးဝါးခိုးသွင်းမှုတားဆီးနိုင်ဖို့ ပိုပြီး ခက်သွားမယ်။ ဒါကြောင့် ကန့်ကွက်မှုတင်ပြတာ။ အောင်မြင်တဲ့အထိ ဆက်လက်ကြိုးစား သွားမယ်”

နအဖက ကျောက်မီးသွေးများ ထိုင်းသို့သယ်ဆောင်ရာတွင် မိုင်းဆတ်၊ မုံးကုတ်၊ မိုင်းလုန်း၊ တာချီလိတ် - မယ်ဆိုင် လမ်းကို အသုံးပြုခွင့်မပေးဘဲ တောင်ဘက်စူးစူး မိုင်းကုတ် - မိုင်းတွမ်း - ယောင်ခါ - မယ်ကျုတ်မှတဆင့် ထိုင်းနယ်စပ်ကိုဖြတ်၍ မုံ့ကောဝ်လန် - ဟင်တက်မှချင်းဟိုင်းသို့ တိုက်ရိုက် သယ်ဆောင်စေလိုသည်။

“နအဖက တာချီလိတ် - မယ်ဆိုင် အမှတ် ၂ တံတားလမ်းကို မသုံးဘဲ SSA တောင်ပိုင်းနဲ့ ၀ တို့ လှုပ်ရှားနယ်မြေ အတွင်းမှာ လမ်းဖောက်လုပ်ပြီး သယ်စေချင်တယ်ဆိုတော့ သူတို့ကို မောင်းထုတ်ဖယ်ရှားစေချင်တဲ့ရည်ရွယ်ချက်ဘဲ။သူတို့ကိုယ်တိုင် ဖယ်ခိုင်းလို့မရတော့ ထိုင်းအကူအညီနဲ့ ဖယ်ခိုင်း စေချင်တာပေါ့” ဟု သျှမ်းခေါင်းဆောင်တစ်ဦးက သုံးသပ်ပါသည်။

သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့ အရှေ့မြောက်ဘက် မိုင် ၃၀ ကျော်အကွာ မိုင်းးကုတ်(ခေါ်)မိုင်းခုတ်ထွက်ကျောက်မီးသွေး ကို ထိုင်းနိုင်ငံ ဆရာဘူရီ ကျောက်မီးသွေးကုမ္ပဏီက ၂၀၀၈ ဒီဇင်ဘာလနှောင်းပိုင်းကတည်းက တူးဖော်ထုတ်ယူခွင့် နှစ် ၃၀ ကန်ထရိုက်ရရှိထားသည်။ တစ်နေ့လျှင် ကားအစီး ၂၇၀ ဖြင့် ကျောက်မီးသွေးတန်ချိန် ၂၀၀၀ မှ ၅၀၀၀ အထိသယ်ယူ နိုင်မည်ဟု ခန့်မှန်းထားကြသည်။

Most read this week