SSA မြောက်ပိုင်း တပ်မဟာ ၁ ထိန်းချုပ်နယ်မြေအတွင်း ပြည်သူ့စစ် ထပ်မံကောက်ယူ

SSA မြောက်ပိုင်း တပ်မဟာ ၁ ထိန်းချုပ်နယ်မြေအတွင်း ပြည်သူ့စစ် ထပ်မံကောက်ယူ
by -
မွေခေါ၀်
ပြည်သူ့စစ်အသွင်ပြောင်းရေးလက်မခံသည့် အပစ်ရပ်သျှမ်းပြည်တပ်မတော် တပ်မဟာ ၁ ထိန်းချုပ်နယ်မြေ အတွင်းရှိ အချို့ကျေးရွာများတွင် နအဖအာဏာပိုင်များ ပြည်သူ့စစ်အတင်းအဓမ္မထပ်မံကောက်ခိုင်း၍ လက်နက်များထပ်မံ တပ်ဆင်လျက်ရှိကြောင်း ...

ပြည်သူ့စစ်အသွင်ပြောင်းရေးလက်မခံသည့် အပစ်ရပ်သျှမ်းပြည်တပ်မတော် တပ်မဟာ ၁ ထိန်းချုပ်နယ်မြေ အတွင်းရှိ အချို့ကျေးရွာများတွင် နအဖအာဏာပိုင်များ ပြည်သူ့စစ်အတင်းအဓမ္မထပ်မံကောက်ခိုင်း၍ လက်နက်များထပ်မံ တပ်ဆင်လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

“အသွင်ပြောင်းရေးကို SSA မြောက်ပိုင်း တပ်မဟာ ၁ က လုံးဝလက်မခံဘဲ ပြတ်ပြတ်သားသား ငြင်းလိုက်ပြီးတဲ့နောက် မေလလယ်ကစပြီး ပြည်သူ့စစ်ထပ်ကောက်နေတာ”ဟု တန့်ယန်းမြို့ခံတစ်ဦးက ပြောပါသည်။

နအဖက တပ်မဟာ ၁ ထိန်းချုပ်နယ်မြေများဖြစ်သော တန့်ယန်းမြို့နယ် နားလောဝ်းကျေးရွာအုပ်စု၊လွယ်ကျဲကျေးရွာ အုပ်စုတွင် တစ်ရွာလျှင်  ၁၀ ယောက်ထက်မနည်း ထပ်မံကောက်ယူလျက်ရှိသည်ဟု ၎င်းကဆက်လက်ပြောကြားပါသည်။

ပလောင်၊ လီစူးရွာများဖြစ်သော ၀မ့်ကောင်(၀်)လုံ၊ ကုန်းကော်တို့တွင်လည်း ကောက်ယူလျက်ရှိကြောင်း၊ရွာသားများ ပြည်သူ့စစ်မလုပ်ချင်ကြသောကြောင့် တန့်ယန်းမြို့သို့လည်းကောင်း၊ သံလွင်မြစ်အရှေ့ခြမ်း ၀နယ်မြေအတွင်းသို့ လည်းကောင်း အချို့ထွက်ပြေးတိမ်းရှောင်ကြကြောင်း သိရှိရသည်။

တဖက်ကလည်း နအဖအာဏာပိုင်များက တန့်ယန်းမြို့နယ်အတွင်းရှိ ပြည်သူ့စစ်များကို လက်နက်သစ်များတပ်ဆင်ပေး လျက်ရှိကြောင်း သိရှိရသည်။

ဂျူလိုင် ၅ ရက်၌ ခလရ ၃၃ တပ်ရင်းမှူးဗိုလ်မှူးကြီးကျော်ကျော်နိုင်သည် တန့်ယန်းမြို့နယ် လွယ်ကျဲ ကျေးရွာအုပ်စု ပန်ဝေါင်ရွာ/ပန်ဝေါင်ပြည်သူ့စစ်ထံမှ တလုံးထိုးခေတ်ဟောင်း ရိုင်ဖယ်သေနတ်များသိမ်းယူပြီး M-16, M-22 သေနတ် ၄-၅ လက်ဖြင့် ပြန်လည်အစားထိုးပေးအပ်ခဲ့သည်။

နားလောဝ်းကျေးရွာအုပ်စု နမ့်ဖတ်ရွာအခြေစိုက် လူသူလက်နက်အင်အား ၄၀ ရှိ လားဟူပြည်သူ့စစ်အဖွဲ့ကို ရှောက်တေက ဦးဆောင်သည်။

ပန်ဝေါင်ပြည်သူ့စစ်မှာ ပန်ဝေါင်ရွာတရုတ်များဖြစ်ကြောင်း၊ သူတို့သည် နိုင်ငံရေး စစ်ရေးထက် စီးပွါးရေး ကိုသာအဓိကဖြစ် ကြောင်း ဒေသခံတစ်ဦးက ဤကဲ့သို့ပြောကြားပါသည်။

“ပန်ဝေါင်ရွာမှာနေတဲ့တရုတ်တွေ စစ်ရေး နိုင်ငံရေးကို ဘာမှစိတ်ဝင်စားတဲ့သူတွေမဟုတ်ဘူး။ ရှောက်တေလက်အောက် ခံတွေဖြစ်တယ်။ မူးယစ်ဆေးဝါးလွယ်လွယ်ကူကူရောင်းဝယ်ဖို့အတွက် ပြည်သူ့စစ်လုပ်ချင်ကြ တဲ့သူတွေဖြစ်တယ်”

“ဒီလိုပြည်သူ့စစ်ထပ်ကောက်နေတာဟာ တပ်မဟာ ၁ အတွက် အနှောင့်အသွားဖြစ်အောင်လို့ဘဲ။ ပြည်သူ့စစ်လုပ်ရင် လွတ်လွတ်လပ်လပ် ဘိန်းစိုက်ပျိုး/ရောင်းဝယ်လို့ရတယ်ဆိုတော့ နအဖကို ဆင်ဖြူတော်မှီ ကြံစုပ်လုပ်နိုင်တယ်ဆိုတာ ပြနေတာဘဲ”ဟု လေ့လာသုံးသပ်သူလားရှိုးသားတစ်ဦးက ပြောပါ သည်။

တန့်ယန်းမြို့နယ်အတွင်းရှိ စုစုပေါင်းလားဟူပြည်သူ့စစ်အင်အားမှာ ၃၀၀ ကျော်ရှိကြောင်း သိရှိရသည်။

Most read this week