သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်မြို့နယ် မိုင်းနုန်း နှီးဘုရားပွဲတော်ကျင်းပနေစဉ် လက်နက်ကိုင် ၀ တပ်ဖွဲ့ဝင်ရောက် တိုက်ခိုက်မည်ဆိုသည့်သတင်းကြောင့် ပရိတ်သတ်များ ပွဲလန့်၍ ပွဲပျက်ခဲ့ကြောင်း စုံစမ်းသိရှိရပါသည်။
“ပြီးခဲ့တဲ့အပတ်ထဲက ၃ ရက်ကျင်းပဖို့ ပြင်ဆင်ထားတာ။ ၀ တပ်နဲ့ ဗမာတပ် တိုက်ခိုက်တော့မယ်ဆိုတဲ့ သတင်း ကြောင့် ပွဲပျက်ကုန်တာပေါ့၊ ဆွမ်းကပ်၊ ကျွေးမွေးအလှူကြီးပေးဖို့ စိမ်ထားတဲ့ ကောက်ညှင်းဆန်တွေလဲ အလကားဖြစ်ကုန်တယ်”- မိုင်းနုန်းဘက်ရောက်သွားသည့် ကျိုင်းတုံဒေသခံတဦးကပြောပါသည်။
နှီးဘုရား Buddha-image
နယုန်လအတွင်း နှစ်စဉ်ကျင်းပသည့် မိုင်းခတ်မြို့နယ် မိုင်းနုန်း နှီးဘုရားပွဲတော် (ဉိအဦူညဘဦထမဈဢဦငဗဈဢ) သည် ပြီးခဲ့သည့် အပတ်က ၃ ရက်ကျင်းပရန်စီစဉ် ခဲ့သော်လည်း ပထမဆုံးရက်၌ပင်ပွဲပျက်ခဲ့ခြင်းဖြစ်၏။
ဒေသခံတို့၏ ထုံးတမ်းစဉ်လာအရ အရှင်သူမြတ်တို့ထံ အလှူအဒါန်းပြု ရေစက်ချအမျှပေးဝေခဲ့ရသော်လည်း လန့်ဖြစ်စရာ ကောဠာဟဠသတင်းကြောင့် ပရိသတ်များ ရပ်ရွာ နေအိမ်သို့အသီးသီးပြန်ကုန််ကြကာ ရုတ်ချည်း ဆိတ်ငြိမ်သွားကြောင်း ဒေသခံများကပြောပါသည်။
“မိုင်းနုန်းက မိုင်းခတ်မြို့နယ်ထဲမှာပါတယ်။ ၀ ထိန်းချုပ်တဲ့ မိုင်းပေါက်ဒေသ နဲ့ ကပ်ရက်ပေါ့၊ မိုင်းပေါက်က ၀ တပ် တွေ မိုင်းနုန်းပတ်ပတ်လည် ၀ိုင်းထားတယ်၊ မိုင်းနုန်း ဗမာတပ်စခန်းကို ၀င်တိုက်တော့မယ်ဆိုတဲ့ ကောဠာဟဠ ဘယ်သူက ကမြင်းကြောထပြီး သတင်းဖြန့်လိုက်လဲမသိဘူး၊ ပွဲအတွက်အားခဲ ထားတဲ့ စျေးသည်တွေလဲ အရှုံး ပေါ်ကုန်တာပေါ့”- ဟု တာချီလိတ်ရောက် မိုင်းနုန်းဒေသခံကပြောပါ သည်။
သီးခြားအတည်မြုပနိုင်သေးသည့် သတင်းရပ်ကွက်တခုကလည်း စဝ်ယွက်စစ် ဦးဆောင်သည့် ှှဗ တပ်ဖွဲ့သွား ရောက် လှုပ်ရှားနိုင်သည့် မိုင်းလားတပ်ဖွဲ့နှင့် နအဖ ထိန်းချုပ်ဒေသ (မိုင်းယောင်းမြို့နယ်) နယ်ခြား မိုင်းယုရှိ နအဖ၏ ပလိပ် (ရဲ) စခန်းအားလည်း ယမန်နေ့က အမည်မသိလက်နက်ကိုင်တစုက လောင်ချာနှင့် ၀င်ရောက် ပစ်ခတ်သွားကြောင်း၊ အသေပျောက်စာရင်းမသိရကြောင်းဆို၏။
နယ်ခြားစောင့်တပ်၊ ဌာနေပြည်သူ့စစ်တပ်ဖွဲ့ အသွင်ပြောင်းရန် နအဖ ၏ ဖိအားပေးခံရသော်လဲ လုံးဝ လက်မခံ သည့် အပစ်ရပ် မြောက်ပိုင်း သျှမ်းပြည်တပ်မတော် (အချို့)၊ ၀ တပ်ဖွဲ့ (တောင်ပိုင်းနှင့်မြောက်ပိုင်း)၊ မိုင်းလား တပ်ဖွဲ့တို့ ထိန်းချုပ်ထားသည့် နယ်မြေအတွင်းနှင့် နယ်ခြားဒေသများတို့ ၂၀၀၉ နှစ်နှောင်းပိုင်းက စပြီး ယနေ့ တိုင်ထိုသတင်း မျိုးမကြာခဏ ဖြစ်ပေါ်သည့်အတွက် လူထု ကျီးလန့်စာ စားမကြာခဏဖြစ်နေကြရသည်။