လားရှိုးအခြေစိုက် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌါနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်သန်းထွဋ်နှင့်အဖွဲ့ ၀ နယ် ခြား တလျှောက် ရှိ နအဖ တပ်စခန်းများအား လိုက်လံကွင်းဆင်းစစ်ဆေးခဲ့ကြောင်း စုံစမ်းသိရှိရသည်။
“ယမန်နေ့က တန်းယန်းမှာဘဲအိပ်တယ်။ မနေ့ကမနက်ပိုင်း သံလွင်မြစ်ကူးတံတား တာကောင်းအက် က နေ ‘၀’ နယ်ခြား (မိုင်းပတ်-လွယ်ပန်ဇုံ ၀ တပ်စခန်း) နဲ့မျက်နှာချင်းဆိုင်ရှိ နအဖတပ်ရဲ့ အကြီးဆုံးခံတပ် စခန်း ဖြစ်တဲ့လွယ်ပန် လုံတပ်စခန်း ကို သွားရောက်စစ်ဆေးမယ်ထင်တယ်” ဟု တန့်ယန်းမြို့ခံတဦးကပြော ပြပါသည်။
အရှေ့မြောက်ပိုင်းတိုင်းစစ်ဌါနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်သန်းထွဋ်
မေ ၁၁ - ၁၂ ရက်က ရမခ တိုင်းမှူး ဗိုလ်ချုပ်အောင်သန်းထွဋ်နှင့်အဖွဲ့ စစ်ကားတန့် ၁၆ စီး လားရှိုးမှ တန့်ယန်းသို့ ထွက်ခွါ လာစဉ် တန့်ယန်းမြို့နယ် မိုင်းကောင်(၀်) အခြေစိုက် ခလရ ၃၃ တပ်ရင်းနှင့် သံလွင် မြစ်တကျော ၀နယ်ခြား တလျှောက် ရှေ့တန်းအခြေစိုက်စစ်စခန်း အချို့ကို သွားရောက် စစ်ဆေးခဲ့ကြောင်း၊ တန့်ယန်းမြို့သို့ ရောက်ရှိစဉ် မိုင်းကောင်(၀်) လား ဟူပြည်သူ့စစ် အယောက် ၄၀ - ၅၀ ခန့်က စောင့်ဆိုင်းကြို ဆိုကြသည်ဟုဒေသခံတစ်ဦးကပြောပြ ပါသည်။
သျှမ်းပြည်မြောက်ပိုင်း ၀ နယ်တကြော နအဖ စစ်စခန်းအချို့အား ရမခ တိုင်းမှူး သွားရောက် စစ်ဆေးနေချိန် တောင်ကြီး ဘက်မှ စစ်သားများ၊ လက်နက်ကြီးများ တင်ဆောင်သည့် ဆယ်ဂဏန်းချီ စစ်ယာဉ်တန်းများ ကလည်း နမ့်ဇန်မြို့သို့ ရောက်ရှိ လာကြောင်း စုံစမ်းသိရှိရသည်။
“တနင်္လာနေ့ကပေါ့ စစ်ကား ၃၇ စီးလောက်ရှိတယ်၊ ထက်ဝက်ခန့်က ကွန်ဟိန်း၊ ကာလိ၊ တာကော်ဘက် ဆက်သွား ပြီးတော့ နောက်တစ်နေ့တော့ ကျန်တဝက်က မိုးနဲ - လင်းခေး မိုင်းပန်ဘက် ခရီးဆက်တယ်” -ဟု ဒေသခံ ကုန်သည်တဦး က ပြောပြပါသည်။
သီးခြားအတည်မပြုနိုင်သေးသည့်သတင်းအရ စစ်ကား အစီးပေါင်း ၃၇ စီးမကကြောင်း၊ အစီး ပေါင်း ၈၀ စစ်ယာဉ်တန်း ကြီး ဖြစ်ကြောင်း၊ ကွန်ဟိန်းဘက်သို့ အစီး ၄၀ ကျော်၊ လင်းခေးဘက်အစီး ၃၀ ကျော်ခရီးနှင်ခဲ့ ကြောင်း ပြောကြပါသည်။
သျှမ်းပြည်အရှေ့တောင်ပိုင်း မိုင်းတုန်မြို့ပတ်ပတ်လည်ရှိ အနောက်ဘက်် ခလရ ၂၂၇၊ အရှေ့မြောက်ဘက် ခမရ ၅၁၉ ၊ တောင်ဘက် ခလရ ၂၂၅၊ အရှေ့မြောက်ဘက် ခလရ ၁၃၃ နှင့် လက်နက်ကြီးတပ်စခန်း၊ နားကောင်းမူး အခြေစိုက် ခလရ ၆၅ စသည့်တပ်ရင်းအသီးသီးကလည်း မေလဒုတိယပတ်မှစ၍ ကဒုတ် ကျင်း ပန်ကာကျင်းများနှင့် မြေအောက်လှိုင်ခေါင်း များ တူးထားကြရန် ညွှန်ကြားကြောင်း နအဖ တပ်အရာရှိ များနှင့် ၀င်ဆန့်သည့် အသိုင်းအဝိုင်းများက ပြောပါသည်။
တာချီလိတ်၊ ကျိုင်းတုံနှင့် မိုင်းပျင်းမြို့မှ လူသူလက်နက်အင်အား ၁၀၀ ကျော်လည်း နားကောင်းမူး အခြေ စိုက် ခလရ ၆၅ တပ်ရင်းသို့ ရောက်ရှိလာကြကြောင်း၊ ထိုမှတဆင့် တောင်ပိုင်း ၀ တပ်ထိန်းချုပ်နယ်မြေ ဖက်သို့ ရှေ့တန်းထွက်ပြီး စိတ် ဓါတ်စစ်ဆင်ရေးအရ လှုပ်ရှားပြနေကြောင်း - နားကောင်းမူးဒေသခံတဦးက ဤသို့ပြောပြ ပါသည်။
“၆ ရက်နေ့ညနေပိုင်းကပေါ့ ကျနော်တို့ နားကောင်းမူးဘက်ကနေ လွယ်ချီလိတ်ဘက် ခြေကျင်နဲ့ တက် သွားတယ်။ ‘၀’ တွေကို သွားတိုက်ခိုက်တော့မယ်တဲ့။ သူတို့ကို်ကူဖို့လဲ တပ်မ ၂ ခုက နမ့်ဇန်မှာ ရောက် နေကြပြီတဲ့။ တိုက်လေယာဉ်တွေ လဲ မိတ္တိလာမှာအဆင်သင့်ဘဲတဲ့”