ရန်ကုန်မြို့ရှိ မြို့နယ်အချို့တွင် ဆိုးဆိုးရွားရွားမီးပျက်နေသောကြောင့် နောက်ဆက်တွဲပြဿ နာများစွာဖြစ်ပေါ်လျက်ရှိ ကြောင်း စုံးစမ်းသိရှိရပါသည်။
“မနေ့ကတစ်နေကုန်မှ တစ်နာရီဘဲ မီးလာတယ်။ မီးအားကလဲမပြည့်ပြန်တော့ ထမင်းချက်တာ တောင်မကျက်လိုက် ဘူး" ဟု ကမာရွတ်မြို့နယ်နေ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောပြပါသည်။
ယခုနှစ်အတွင်း ရန်ကုန်မြို့ကြီး၏မြို့နယ်အသီးသီးတွင် အလှည့်ကျမီးပေးသည့်စနစ်မဟုတ်တော့ဘဲ လာချင်သည့် အချိန်လာ၊ ပျက်ချင်သည့်အချိန်ပျက်နေသည်ဟု ပြောပါသည်။
မီးမလာသဖြင့်် ရေမတင်နိုင်သောကြောင့် သုံးစရာ၊ ချိုးစရာ ရေမရှိသည့်ဘဝ ရောက်နေကြရသည် ဟု စမ်း ချောင်းနေ သျှမ်းအမျိုးသမီးတဦးကလည်း ပြောပြ၏။
“တခါတလေ ညသန်းခေါင်ကျော်ထပြီး မီးလာတုန်း ရေအလုအယက်တင်ရတော့ ရေမလောက်/မီးအားမနိုင်လို့ မော်တာပျက်တယ်/လောင်တယ်- စတာတွေပေါ့"
မီးပျက်ချိန် ငွေကြေးတတ်နိုင်သူများ မီးစက်နိုးရသောကြောင့် ပတ်ဝန်းကျင် ဆူညံမှုဖြစ်ရသကဲ့သို့ မီးခိုး မီးငွေ့ တွေကြောင့် လေထုလည်းညစ်ညမ်းမှုလည်း ဖြစ်စေ သည်ဟု ပြောပါသည်။ နာမကျန်းသူူများ အသက် ရှုကြပ်ပြီး ရောဂါပိုမိုဆိုးရွားစေကြောင်း၊ ကလေး နှင့် သက်ကြီးရွယ်အိုများ ပိုမိုခံစားရကြောင်း သူကဆက် ပြောပြ၏။
“အင်ဗာတာ ၀ယ်ထားလဲ မထူးပါဘူး။ မီးက မလာတော့ အားပြည့်အောင်ဖြည့်ဖို့က မလွယ်ဘူး။ ဘက်ထရီအားကောင်း မှ တီဗွီ ကြည့်လို့ရတယ်။ ဘက်ထရီ အားက မကောင်း အားဖြည့်ဖို့လဲမလွယ် ဆိုတော့ တပေမီးချောင်းလေးတချောင်း တောင်အနိုင်နိုင်” ဟု အင်းစိန်လမ်းမပေါ်နေထိုင်သူ တဦးကပြောပါသည်။
လျှပ်စစ် မီးသည် မြိုိ့နေလူတန်းစားအတွက် မရှိမဖြစ်လိုအပ်ကြောင်း၊ ယခုကဲ့သို့ မီးမှန်မှန်မလာသည့် အတွက်မီးသွေး ၀ယ် ဂက်စ်ဝယ် ချက်ပြုတ်စားသောက် ရသည်မှာ ပိုက်ဆံမကုန်သင့်ဘဲ ပိုကုန်နေကြောင်း သူက ဆက်ပြော၏။
“ရန်ကုန်မြို့ဟာ စီးပွါးရေးအချက်အခြာကျတဲ့မြို့ဖြစ်ပြီး လူဦးရေထူထပ်တဲ့မြို့ဖြစ််တယ်။ ပညာရေးပိုင်းမှာအဆင့်မြင့် ပေမဲ့လည်း မီးမရှိရင် ခေတ်မှီအသုံးအဆောင်တွေ မသုံးနိုင်တဲ့အတွက် ဖွံ့ဖြိုးတိုးတက်မှုကလဲ တနှစ်ထက်တနှစ် နှိမ့်ကျလာတယ်” ဟု ၄င်းက ဆက်ပြောသည်။
သာမန်လူနေရပ်ကွက်များတွင် မီးမလာသော်လည်း ဗွီအိုင်ပီရပ်ကွက်များ မီးပြတ်တောက််ခြင်းမရှိ၊ တစ်အိမ် လုံး၊ တစ်ခြံလုံးလင်းထိန်နေကြောင်း၊ ရန်ကုန်မြို့တော် ဟောင်းကြီးကို စစ်အစိုးရ ဥပက္ခာပြုထားပြီး ကြပ်ပြေးနေပြည်တော် တွင်မူ လျှပ်စစ်မီးအလဟသဖြုန်းတီီးနေကြောင်း ၀န်ထမ်းမိသားစုဝင် တစ်ဦး ကလည်း ပြောသည်။