ကျွန်းစိုက်ခင်းအတွက် တစ်ရက်ခြား လုပ်အား ပေးလိုက်ရ

ကျွန်းစိုက်ခင်းအတွက် တစ်ရက်ခြား လုပ်အား ပေးလိုက်ရ
အာဏာပိုင်များ၏ ကျွန်းပင်စိုက်ပျိုးရေး စီမံကိန်းအတွက် ကချင်ပြည်နယ် ဗန်းမော်မြို့နယ် သဖန်းပင်ကျေးရွာမှ ရွာသား (၈၀) ခန့်သည် မေလ ၄ ရက်နေ့မှစ၍  တစ်ရက်ခြားစနစ်ဖြင့် အခမဲ့ လုပ်အားပေး နေရ....

အာဏာပိုင်များ၏ ကျွန်းပင်စိုက်ပျိုးရေး စီမံကိန်းအတွက် ကချင်ပြည်နယ် ဗန်းမော်မြို့နယ် သဖန်းပင်ကျေးရွာမှ ရွာသား (၈၀) ခန့်သည် မေလ ၄ ရက်နေ့မှစ၍  တစ်ရက်ခြားစနစ်ဖြင့် အခမဲ့ လုပ်အားပေး နေရသည်။

ဗန်းမော်မြို့အထက်ဘက် ညောင်ပင်သာရွာဟောင်း အနီးရှိ ဧက ၂၀၀ ကျော်ခန့် ကျယ်ဝန်းသောတောင်ယာ ဖုန်းဆိုးမြေ များကိုအာဏာပိုင်များက ကျွန်းပင်စိုက်ပျိုးရေး စီမံကိန်း အကောင်အထည်ဖေါ်နေရာ တောခုတ်ရှင်းလင်းခြင်း မီးရှို့ခြင်း စသည့် လုပ်ငန်းများတွင် ဒေသခံများက ပါ၀င်လုပ်ကိုင်နေရသည်။

တစ်ရက်လုပ်တစ်ရက်နား စနစ်ဖြင့် ကျေးရွာအာဏာပိုင်များမှ တဆင့် စေခိုင်းခြင်းဖြစ်ပြီး လုပ်အားပေးမလိုက်ပါက တစ် အိမ်ထောင် ကျပ် ၅၀၀၀ ဒဏ်ငွေဆောင်ရ မည်ဟု ပြောကြောင်း သဖန်းပင်ရွာသားတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြော သည်။

“အစိုးရ ကျွန်းစိုက်ခင်းပေါ့ ၄ ရက်နေ့က စလုပ်ရတယ် တစ်ရက်အနားပေးတယ် ၆ ရက်နေ့မှာ ပြန်လုပ်တယ် အခုပြန်နား နေတယ်၊ တအားပင်ပန်းတယ် လုပ်အားပေး မလိုက်ရင် တစ်အိမ်ထောင်ကျပ် ၅၀၀၀ ပေးရမယ်လို့ပြောတယ်”- ဟု အဆိုပါ ဒေသခံရွာသားက ဆိုသည်။

လုပ်အားပေးတွင် သဖန်းပင်တစ်ရွာတည်းကိုသာ စေခိုင်းနေပြီး လူ ရ၀ ကျော် ၈၀ ခန့် ပါ၀င်လုပ်အားပေးရကြောင်း သူက ဆက်ပြောသည်။

“အခုလောလောဆယ်တော့ သဖန်းပင်ရွာတစ်ရွာပဲ လုပ်ရသေးတယ် တောင်ယာသမားတွေလည်းရှိတယ်လေ ကိုယ့် တောင်ယာ ကိုယ်ကျတဲ့လူကတော့ တောင်ယာ ရှင်းလိုက်ရုံပဲပေါ့ တောင်ယာမရှိတဲ့နေရာကတော့ တောခုတ်ရတာပေါ့ လူ ရ၀ နဲ့ ၈၀ ကြားမှာရှိတယ် ထမင်းလဲ မကျွေးဘူး ပိုက်ဆံလည်းမပေးဘူး” - ဟု သူကဆိုသည်။

မြန်မာနိူင်ငံအတွင်း လုပ်အားပေးစေခိုင်းမှု ကလေးစစ်သားစုဆောင်းမှုများ ပပျောက်ရေး ဆောင်ရွက်ရာတွင် ဒေသအာဏာ ပိုင် အဆင့်ဆင့်သည် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် ILO နှင့်ပူးပေါင်းဆောင်ရွက်မှု မရှိကြောင်း ILO အဖွဲ့ က ပြောကြားထားသည်။

Most read this week