ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက မြန်မာတပြည်လုံးရှိ မြို့နယ်အသီးသီးသို့ ပါတီဝင်များ၊ မြို့နယ် EC များ စာရင်းပြုစုပြီး ရွေးကောက်ပွဲ ကိုယ်စားလှယ် လောင်းများ ရာထားသတ်မှတ်ကြရန် ခယက၊ မယကတို့မှတဆင့်ညွှန်ကြား ထားကြောင်း စုံစမ်းသိရှိရသည်။
ဧပြီလနှောင်းပိုင်းစ၍ မြန်မာတပြည်လုံးရှိ မြို့နယ်အသီးသီးသို့ မြို့နယ်တစ်မြို့နယ်လျှင် ကြံ့ဖွံ့ ပါတီဝင်(၂၅၀)ယောက်၊ ပါတီဝင်များထဲမှ မြို့နယ်စည်းရုံးရေးကော်မတီ EC (၅)ယောက်၊ ထို(၅)ယောက်ထဲမှ ရွေးကောက်ပွဲဝင်ကိုယ််စား လှယ်လောင်း(၁)ယောက်စီ ရွေးချယ်စာရင်းပြုစု တင်ပြကြရန် နေပြည်တော်မှ ပုံစံဖောင်များပို့ပြီး ညွန်ကြားထားကြောင်း မိုင်းတုံဒေသခံ တစ်ဦးကဆိုသည်။
လွန်ခဲ့သည့်အပတ်နအဖဝန်ကြီးချုပ်ဦးသိန်းစိန်နှင့်အဖွဲ့ဦးဆောင်သည့် နိုင်ငံရေးပါတီအသွင်ပြောင်း ကြံ့ဖွံ့ပါတီသည် ကုန်သည်ကြီးများအသင်း အစည်းအဝေး ခေါ်ဆွေးနွေးစဉ် ၂၀၁၀ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးအတွက(နိုင်ငံေတာ်ပိုင် ငွေများ သုံံးစွဲခွင့်မရှိသောကြောင့်) ပါတီရန်ပုံငွွေရရန််် အလှူငွေကောက်ခံရေး တောင်းဆိုခြင်းဖြစ်သည်ဟု သိရှိရသည်။
နအဖ ၀န်ချုပ် သိန်းစိန်
မြို့နယ်အသီးသီးရှိ ကုန်သည်များ၏ အမည်စာရင်းကိုလည်းပြုစုပေးပို့ရမည်ဟု ညွွှန်ကြားထား ကြောင််းလည်း စုံစမ်းသိရှိရသည်။
“တချို့ကလဲ ဘာအကြောင်းမှ ရှင်းရှင်းလင်းလင်းမသိရသေးတဲ့အတွက် ကမ်းလှမ်းချက်ကို ချက်ချင်းလက်မခံကြဘူး။ ဒီရွေးကောက်ပွဲက NLD နဲ့ SNLD ပါ၀င် မယှဉ်ပြိုင်ဘူး ဆိုရင် အဓိပ္ပါယ်မရှိဘူး။ အပြေးပြိုင်ပွဲမှာ သူတစ်ယောက်တည်းပြေးပြီး အနိုင်ရတာနဲ့တူနေတယ်”ဟု စည်းရုံးခံရသူ ကုန်သည်တစ်ဦးက ပြောပါသည်။
“စစ်အာဏာရှင်တွေ အာဏာတာရှည်ဆုပ်ကိုင်ထားချင်တော့ဗိုလ်နေဝင်းလုပ်ဟန်အတိုင်းဗိုလ်ကနေဦးပြောင်းတဲ့နည်း အတိုင်း လုပ်ရတာပဲ” ဟု ဗကပရဲဘော် ဖိုးသံချောင်း ၏ ကိုယ်ပိုင်အမြင် ဆောင်းပါးကလည်း ဖော်ပြထားသည်။
နအဖဝန်ကြီးချုပ်သိန်းစိန်က စစ်ဝတ်စုံချွတ််ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ဥက္ကဋ္ဌအဖြစ် ရွေးကောက်ပွဲတွင် ပါ၀င်ယှဉ်ပြိုင်ရန် ဧပြီ ၂၉ ရက်နေ့တွင် ပါတီမှတ် ပုံတင်ခဲ့သည်။