ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့ မြစ်ကြီးနားသို့ ထွက်ခွာ

ကေအိုင်အို ကိုယ်စားလှယ်အဖွဲ့ မြစ်ကြီးနားသို့ ထွက်ခွာ
by -
စိုင်းမျိုးကြီး
နယ်ခြားစောင့်တပ်အရေး နအဖစစ်အာဏာပိုင်များနှင့် တွေ့ဆုံဆွေးနွေးရန်အတွက် ကချင်ပြည်လွတ်လပ်ရေး အဖွဲ့ KIO ကိုယ်စားလှယ်များသည် ဋ္ဌာနချုပ်ရှိရာ လိုင်ဇာမြို့မှ မြောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ် အခြေဆိုက်ရာ မြစ်ကြီးနားမြို့သို့ ဧပြီလ ၂၁ ရက်နေ့ နေ့လည်ပိုင်းက...

နယ်ခြားစောင့်တပ်အရေး နအဖစစ်အာဏာပိုင်များနှင့် တွေ့ဆုံဆွေးနွေးရန်အတွက် ကချင်ပြည်လွတ်လပ်ရေး အဖွဲ့ KIO ကိုယ်စားလှယ်များသည် ဋ္ဌာနချုပ်ရှိရာ လိုင်ဇာမြို့မှ မြောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ် အခြေဆိုက်ရာ မြစ်ကြီးနားမြို့သို့ ဧပြီလ ၂၁ ရက်နေ့ နေ့လည်ပိုင်းက ထွက်ခွာသွားကြောင်း စုံစမ်းသိရသည်။

ဧပြီ ၄ ရက်နေ့က မြစ်ကြီးနားမြို့တွင် နအဖစစ်ဘက်ရေးရာလုံခြံုရေး အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့်နှင့် KIO ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံခဲ့သေးသည်။

အဆိုပါတွေ့ဆုံမှု၌ နယ်ခြားစောင့်တပ်အသွင်ပြောင်းလဲ ဖွဲ့စည်းရေးကို KIO က ဧပြီလ ၂၂ ရက်နေ့ နောက် ဆုံးထား အကြောင်းပြန်ရမည်ဟု ရာဇသံပေးထားသည်။

ယခုအကြိမ် ဆွေးနွေးပွဲတွင်လည်း နယ်ခြားစောင့်တပ်ကိစ္စ ကိုဖြေရှင်းနိုင်ဖွယ် မမြင်သေးကြောင်းနှင့် နောက် ထပ် ရက်ချိန်း ထပ်ပေးဖွယ်ရှိကြောင်း တရုတ်နယ်စပ် စစ်ရေး နိုင်ငံရေး အကဲခတ် ဦးအောင်ကျော်ဇောက သျှမ်းသံတော်ဆင့်သို့ပြောသည်။

“ဗမာစစ်တပ်က ဒီကိစ္စ(နယ်ခြားစောင့်တပ်)ကို သူတို့မဖြေရှင်းနိုင်ဘူးလေ တစ်ဘက်ကလည်း KIO ကို တိုက်မလား ဆိုတော့လည်း တိုက်ဖို့အခြေအနေ အချက်အလက် မရှိဘူး ဒီတစ်လနှစ်လအတွင်း မြို့ပေါ်မှာ ဖြစ်နေတဲ့ ဗုံးပြဿနာ တွေရှိနေတယ် ဒီဟာတွေအရင်ဖြေရှင်းရမှာပေါ့ အဲဒီတော့ အချိန်တစ်ချိန်ထပ်ဆွဲရမဲ့ သဘောပဲ ဖြစ်မှာပဲ” ဟု ဆိုသည်။

KIO သည် နယ်ခြားစောင့်တပ်အပေါ်ထားရှိသည့်  သဘောထားကို ဧပြီ ၁၆ ရက်နေ့က လိုင်ဇာမြို့တွင် ပြုလုပ်ခဲ့သည့် လူထုရှင်းလင်းပွဲတွင် ချပြထားရာ ယခုဆွေးနွေး ပွဲတွင် အဆိုပါသဘောထားအတိုင်း ပြောင်း လဲဖွယ်မရှိကြောင်း သိရသည်။

“KIO ကလည်း ဒီထက်လျှော့ပေးလို့မရတော့ဘူး လျှော့ပေးရင် သူ့လူထု တပ်မတော်သားထုတွေနဲ့ ခေါင်း ဆောင်မှုကြား ထိပ်တိုက်ဖြစ်နိုင်တယ် လူထုတစ်ရပ်လုံး ကလည်း အစည်းအဝေးတွေမှာလာပြီးတော့ ပြော ကြဆိုကြဆိုတော့ဒီအတိုင်း မလုပ်ရင် ပြဿနာတွေပေါ်တော့မှာ” ဟု သူက ဆက်ပြောသည်။

KIO ထိန်းချုပ်ရာ ဋ္ဌာနချုပ်လိုင်ဇာတွင် ပြုလုပ်သည့် နယ်ခြားစောင့်တပ်ကိစ္စလူထုရှင်းလင်းပွဲအပြီး နောက် တစ်ရက်တွင် ကချင်ပြည်နယ် မေခနှင့်မလိခ မြစ်ဆုံဒေသ ရေကာတာစီမံကိန်းအတွင်း ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သဖြင့် ဧပြီလ ၁၈ ရက်နေ့က KIO နှင့်မြောက်ပိုင်းတိုင်းစစ်အာဏာပိုင်များ ဗုံးကိစ္စနှင့်တွေ့ဆုံခဲ့သေး ကြောင်းသိရသည်။

လွန်ခဲ့သည့်နှစ် ဧပြီလ ၂၈ ရက်မှစ၍ တစ်နှစ်နီးပါးကြာကာလအတွင်း နယ်ခြားစောင့်အရေး နအဖစစ်အာ ဏာပိုင်များနှင့် KIO တို့ တွေ့ဆုံမှုသည် ယခုတစ်ကြိမ်နှင့် ဆိုလျှင် ၁၆ ကြိမ်ခန့်ရှိခဲ့သည်။

Most read this week