သျှမ်းရွှေ့ပြောင်း အလုပ်သမားများ ရှင်ပြုပွဲ မောင်းထောင်းဒီး ပါ၀င်ရှင်ပြု

သျှမ်းရွှေ့ပြောင်း အလုပ်သမားများ ရှင်ပြုပွဲ မောင်းထောင်းဒီး ပါ၀င်ရှင်ပြု
သျှမ်းရွှေ့ပြောင်း အလုပ်သမားရှင်ပြုပွဲတွင် ထိုင်းနိုင်ငံကလေးများကိုယ်စား ဂျပန်နိုင်ငံ စက္ကူခေါက်လေယာဉ်ပစ် ချန်ဘီယံ ဆုရလာသူ အသက် ၁၂ နှစ်အရွယ် စိုင်းမောင်း ထောင်းဒီးလည်း ပါ၀င်သည်ဟု....

သျှမ်းရွှေ့ပြောင်းအလုပ်သမားရှင်ပြုပွဲတွင် ထိုင်းနိုင်ငံကလေးများကိုယ်စား ဂျပန်နိုင်ငံ စက္ကူခေါက်လေယာဉ်ပစ် ချန်ဘီယံ ဆုရလာသူ အသက် ၁၂ နှစ်အရွယ် စိုင်းမောင်း ထောင်းဒီးလည်း ပါ၀င်သည်ဟု စုံစမ်းသိရှိရပါသည်။

သျှမ်းရှင်လောင်းပွဲမှာ ရှင်လောင်း ၇၈ ပါးရှိတယ်။ ၀တ်ကော်ကန်ဘုန်းကြီးကျောင်းမှာ သုံးရက်ဆက်တိုက် ကျင်းပခဲ့ တယ်။ အဲ့ထဲမှာ မောင်းထောင်းဒီးပါတယ် - ဟု ချင်းမိုင်ရောက် သျှမ်းအမျိုးသား စိုင်းပီး ကပြောပါသည်။

ဂျပန်မသွားမီ စိုင်းမောင်းထောင်းဒီးအား ထိုင်းဝန်ကြီးလက်ခံတွေ့ဆုံ(www.krobkruakao.com)

ဧပြီ ၂-၄ ရက်နေ့အထိ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့နယ် ပါဒက်အုပ်စု ၀တ်ကော်ကန်ဘုန်းကြီးကျောင်း ကျောင်းထိုင် ဆရာတော် ကမကထပြုပြီး ချင်းမိုင် သျှမ်း စာပေ ယဉ်ကျေးမှုေကာ်မတီ ဦးစီးကျင်းသည့် ရှင်ပြုပွဲ၌ မောင်းထောင်းဒီး ပါ၀င် ရှင်ပြုခဲ့၏။

မောင်းထောင်းဒီး ရှင်လောင်းဖြစ်ဖို့ ချင်းမိုင်သျှမ်းစာပေယဉ်ကျေးမှုက ပေါ်အောက်လုံ (ဒကာကြီး) လုပ်တယ်။ သူ့အတွက် သီးသန့်မဏ္ဍပ်ကြီးနဲ့ဧည့်ခံကျွေးေမွးတယ်။ ချင်းမိုင်မြို့နယ် ပါဒက်အုပ်စု ဥက္ကဌ ကိုယ်တိုင်လာတယ် - ဟု မဏ္ဍပ်တခု၌ ချက်ပြုတ်ရေးတာဝန်ယူသည့် ကိုနောင့်က သျှမ်းသံတော်ဆင့်သို့ပြောပြ၏။

ထိုင်းနိုင်ငံဘွား မောင်းထောင်းဒီးသည် သျှမ်းပြည်တောင်ပိုင်း နမ့််ဇန်မြို့နယ် ခိုလမ်တိုက်နယ် ဇာတိစိုင်းညွှန့်နှင့် နန်းမွှေး တို့၏ သားကြီးဖြစ်ပြီး ထိုင်းနိုင်ငံ စက္ကူခေါက်လေယဉ်ပစ်ပြိုင်ပွဲမှ ပထမဆု၊ (ထိုင်း နိုင်ငံကိုယ်စား) ဂျန်ပန် နိုင်ငံသို့ သွားရောက်ယှဉ်ပြိုင်ရာတွင် အုပ်စုလိုက် ချန်ဘီယံဆုနှင့် တစ်ဦးချင်း၌ တတိယဆုအား ၂၀၀၉ စက်တင်ဘာတွင်ဆွတ်ခူး ရရှိခဲ့သည်။

ထိုင်းနိုင်ငံ နည်းပည်ဝန်ကြီးဌာက မောင်းထောင်းဒီးအား ဒေါက်တာဘွဲ့ဆွတ်ခူးရရှိသည်အထိ ပညာရေး စရိတ်ကူညီ ထောက်ပံ့ပေးသွားမည်ဟု ဂျပန်မှ ပြိုင်ပွဲဝင်ပြီး ပြန်လာစဉ်ပြောကြားခဲ့သည်။ ထို့အတူမောင်းထောင်းဒီး အားထိုင်းနိုင်ငံ ကလေးများကိုယ်စားလှယ်အဖြစ် တပြိုင်တည်း တင်မြောက်ခြင်းခံထားရသူဖြစ်သည်။

ရှင်လောင်းလေး စိုင်းမောင်းထောင်းဒီး