နတလ ၀န်ထမ်း နှင့် NGO ၀န်ထမ်းများ ခွင့်ရက်ရှည်ပေး၍ နေရပ်ပြန်ရန် နအဖ အာဏာပိုင်များညွှန်ကြားလိုက် ပြီးနောက် ပိုင်း ၀ နယ်သို့ စားနပ်ရိက္ခာ တင်ဆောင်ခွင့် ကိုပါ ပိတ်ပင်လိုက်သည်ဟု စုံစမ်းသိရှိရသည်။
“ဗမာဝန်ထမ်းတွေ NGO ၀န်ထမ်းတွေ ပြန်ခေါ်ပြီးနောက်ပိုင်း အခု သံလွင်အနောက်ခြမ်းကလာတဲ့ စားနပ်ရိက္ခာ တွေ ကျနော်တို့ဘက်ခြမ်းကို ပေးမလာတော့ဘူး၊ အဓိက ကတော့ ဆန်ပေါ့ အစစ်အဆေးထူတယ်”- ဟု ၀ နယ် သားတဦးက ပြောပါသည်။
မတ်ချ် ၂၄-၂၅ နောက်ပိုင်း သံလွင်အနောက်ခြမ်းမှ ၀င်သည့် စားနပ်ရိက္ခာ ဆန်စပါးများ ၀ နယ်သို့ တင်ခွင့်ပိတ် ပင်သည့် နည်းတူ မိုင်းဆတ်၊ တာချီလိတ်ဘက်မှ ထိုင်းနယ်စပ် တောင်ပိုင်း ၀ တပ်ဖွဲ့ ထိန်းချုပ်နယ်မြေ မိုင်းယွန်း၊ မိုင်းကျွတ်၊ ဟွေ့အော့ဘက်သို့လည်း စားနပ်ရိက္ခာတင်ဆောင်ခွင့်ဟန့်တားထားသည်ဟု ဆို၏။
“အဓိက ဆန်၊ စပါးပေါ့။ တင်ပို့ခွင့်မရှိဘူးတဲ့။ ကျနော်တို့ဘက်ကတော့ ဘာမှ မထိခိုက်ပါဘူး၊ အရင်ကတည်း က ကျနော်တို့ ဗမာဆန်မှ မစားတာ၊ ဆန်အရမ်း ကြမ်းတော့ ၀က်ဘဲကျွေးတယ်”- ဟု အမည်မဖါ်လိုသည့် ပန်ဆန်းအခြေစိုက် ၀ တပ်မှူးတဦးက သျှမ်းသံတော်ဆင့်သို့ပြော၏။
မြောက်ပိုင်း ၀ ဒေသသည်ဒေသထွက်သီးနှံအပြင် တရုတ်ပြည်မှ စားနပ်ရိက္ခာအချို့ကို အားထား၏။ တောင်ပိုင်း ၀တပ်ဖွဲ့ ကလည်း ထိုင်းမှဝင်သည့် စားသောက်ကုန် အသုံးများ၏။
“အထူးသဖြင့် တာချီလိတ်ကနေ ကျနော်တို့တောင်ပိုင်း ၀ ဌာနချုပ်ဘက် ဆန်နဲ့ စားသောက်ကုန်အပြင် အိမ် ဆောက် ပစ္စည်း၊ ဆက်သုံးဆီတွေ တင်ပို့ခွင့်ပိတ်ပင် ထားတယ်၊ သွားရေးလာရေးခက်ခဲအောင်၊ ခုခံကာကွယ်ဖို့ တပ်စခန်းတည် ဆောက်မွမ်းမံရာမှာ အခက်အခဲဖြစ်အောင် စက်သုံးဆီကို ဖြတ်တောက်ချင်တဲ့ သဘော”- ဟု တောင်ပိုင်း ၀ တပ် မှူး တဦးကလည်း ပြောပါသည်။
စစ်အစိုးရ နှင့် အပစ်ရပ်တို့အကြား နိုင်ငံရေးအရ စုပေါင်းဆွေးနွေးအဖြေရှာခြင်းမရသဖြင့် ဤကဲ့သို့ တင်းမာလာခြင်းဖြစ် သည်။ ၀ အကြီးအကဲများနှင့် တန့်ယန်း၌ ဆွေးနွေးရန် ဧပြီ ၁ ရက်တွင် ထပ်မံချိန်းဆိုထားသည်ဟုသတင်း ရထားသော် လည်း မည်သည့်ခေါင်းဆောင်များ/အဆင့်မြင့်ကိုယ်စားလှယ်များပါ၀င်မည်ကိုမူမသိရ သေးပေ။