နအဖ စစ်ဗျူဟာမှူး - ဒေသခံရိုးရာစာပေ နှင့် စကားသုံးခွင့်ပိတ်ပင်

နအဖ စစ်ဗျူဟာမှူး - ဒေသခံရိုးရာစာပေ နှင့် စကားသုံးခွင့်ပိတ်ပင်
မိုင်းရယ်အခြေစိုက် နအဖ စစ်ဗျူဟာမှူးက သျှမ်းဘာသာ နှင့် ရေးထားသည့် စျေးဆိုင်ဆိုင်းဘုတ်များအားလုံး ဖြုတ်ခိုင်း သကဲ့သို့ စာသင်ကျောင်းအတွင်း၌လည်း ကျောင်းသားများအား သျှမ်းဘာသာနှင့် အဓိပ္ပါယ်ဖွင့်ဆို ရှင်းပြခြင်းမပြုရန် နှုတ်မိန့်ထုတ်ခဲ့သည်ဟု...

မိုင်းရယ်အခြေစိုက် နအဖ စစ်ဗျူဟာမှူးက သျှမ်းဘာသာ နှင့် ရေးထားသည့် စျေးဆိုင်ဆိုင်းဘုတ်များအားလုံး ဖြုတ်ခိုင်း သကဲ့သို့ စာသင်ကျောင်းအတွင်း၌လည်း ကျောင်းသားများအား သျှမ်းဘာသာနှင့် အဓိပ္ပါယ်ဖွင့်ဆို ရှင်းပြခြင်းမပြုရန် နှုတ်မိန့်ထုတ်ခဲ့သည် ဟု စုံစမ်းသိရှိရပါသည်။

“အစိုးရရုံးနဲ့ ဆိုင်းဘုတ်အကြီးကြီး တွေဆိုပြောမနေနဲ့။ အိမ်ရှေ့မှာ မင်္ဂလာယူ ကပ်ထားတဲ့ သျှမ်းနှစ်သစ်ကူးနံရံစတိစ်ကာ လေးတောင် ဖေဖေါ်ဝါရီ ၂၂ ရက် က အားလုံးခွါပစ်ဖို့ လမ်းသွားရင်း နှုတ်မိန့်ပေးသွားတယ်” - ဟု အမည်မဖေါ်လိုသူ ဒေသခံတဦး ကပြောပါသည်။

ဖေဖေါ်ဝါရီ ၂၇ ရက်နေ့က ကျရောက်သည့် သျှမ်းရိုးရာတပေါင်းပွဲတော်ကျင်းပရန် ဆိုင်မိုင်းဘုန်းကြီးကျောင်း ဂေါပကအဖွဲ့ ဖိတ်စာဝေပြီးတိုင်  ဗျူဟာမှူးဗိုလ်မှူးကြီး ကြည်မြင့်က ဆင့်ခေါ်ပြီး မလုပ်ရန်တားမြစ်ခဲ့၏။

ထို့အပြင်မိုင်းရယ် အထကကျောင်းသို့ သွားရောက်ပြီး ဆရာ/မ များအား စုံညီအစည်းအဝေးဆင့်ခေါ်ကာ  သင်ကြားပို့ချရာ၌ သျှမ်းဘာသာစကားဖြင့် ဘာသာပြန် ရှင်းလင်းပေးခြင်းမပြုရန် တားမြစ်ခဲ့ကြောင်း - တန်းတူ အခွင့်အရေးမြတ်နိုးသည့် ထိုဒေသရောက်ဝန်ထမ်းတဦးက ဤကဲ့သို့ပြော၏။

“အဲဒီ ဗျူဟာမှူးက သျှမ်းရိုးရာအိုးစည်ဗုံမောင်းတီးခတ်တာတောင် မကြားချင်ဘူး-တဲ့။  ‘ကျက်သရေ’ မရှိဘူးလို့တောင် ပြောတယ်။ မိုင်းရယ် အထက ကျောင်းမှာ ဆရာ/မ တွေကို အစည်းအဝေးလုပ်တုန်းကလဲ သျှမ်း ဆရာမတွေကိုမတ်တပ် ရပ်ခိုင်းပြီး ကလေးတွေကိုစာသင်ရင် သျှမ်းဘာသာနဲ့မရှင်းပြဖို့လဲ တားမြစ်တယ်”- ဟု ပြော၏။

သျှမ်းနှစ်သစ်ကူးမင်္ဂလာ နံရံကပ် စတိစ်ကာ (photo:shaninform.org)

ဗျူဟာမှူး ဗိုလ်မှူးကြီးကြည်မြင့်သည် မနက်တိုင်းလမ်းလျှောက်ထွက်စဉ် မည်သည့်အိမ်ကိုမဆို ၀င်ခွင့်မတောင်းဘဲဝင်ရောက် စစ်ဆေးမေးမြန်းတတ်ကြောင်း၊ ဗမာဘာသာ စာပေယဉ်ကျေးမှုမှတပါး အခြားတိုင်းရင်းသားစာပေယဉ် ကျေးမှုများကို အားပေးခြင်းမြုပသည့်အပြင် ဖိနှိပ်ချုပ်ခြယ်မှုအမျိုးမျိုးလည်း ြုပလုပ်ကြောင်း ကုန်သည် တစ်ဦးက ပြောပြ၏။

ဗျူဟာမှူး ဗိုလ်မှူးကြီးကြည်မြင့်သည် ဂျန္နဝါရီလက အရာရှိသင်တန်းမှ ပြန်ရောက်လာကြောင်း၊ ဒု ဗိုလ်မှူးကြီး အဆင့်မှဗိုလ်မှူး ကြီးရာထူး တိုးမြှင့်ခြင်းခံရကြောင်း၊ သျှမ်းနှစ်သစ်ကူး ပွဲစင်မြင့်ပေါ် အမျိုးသားဂုဏ်ပြုတေး သီချင်း တက်ဆိုဖူးသည့် သျှမ်းလူငယ်တဦးအားလည်း ဖမ်းဆီးချုပ်နှောင်ဖူးကြောင်း - အခြားဒေသမ ှရောက်လာသည့် အဆိုပါ ၀န်ထမ်းကပြောပြ ပါသည်။

Most read this week