တွေ့ဆုံဆွေးနွေးရေး ဖြစ်မြောက်ရန် ၀ ခေါင်းဆောင် စတင်လိုက်လျော

တွေ့ဆုံဆွေးနွေးရေး ဖြစ်မြောက်ရန် ၀ ခေါင်းဆောင် စတင်လိုက်လျော
လားရှိုး၌ တွေ့ဆုံရန် ဒုဗိုလ်ချုပ်ကြီးရဲမြင့်၏တောင်းဆိုမှုကို ငြင်းဆန်လိုက်သော်လည်း တရုတ်၏ ဖြန်ဖြေဖြောင်းဖြ မှုကြောင့် တန့်ယန်းမြို့သို့ သွားရောက်တွေ့ဆုံ ဆွေးနွေးရန် ၀ ခေါင်းဆောင် လိုက်လျောသဘောတူလိုက်ပြီဟု...

လားရှိုး၌ တွေ့ဆုံရန် ဒုဗိုလ်ချုပ်ကြီးရဲမြင့်၏တောင်းဆိုမှုကို ငြင်းဆန်လိုက်သော်လည်း တရုတ်၏ ဖြန်ဖြေဖြောင်းဖြ မှုကြောင့် တန့်ယန်းမြို့သို့ သွားရောက်တွေ့ဆုံ ဆွေးနွေးရန် ၀ ခေါင်းဆောင် လိုက်လျောသဘောတူလိုက်ပြီဟု ယနေ့မနက်ပိုင်းက သိရသည်။

“တန့်ယန်းအထိဆိုရင် ၆ နာရီ ကားစီးရတယ်၊ လားရှိုးလောက်တော့မဝေးဘူး၊ တရုတ်က ဖိအားပေးလာတော့မသွားလဲ မပြီးဘူး။ ဒီတခေါက်တွေ့ဆုံပွဲက အဖြူအမည်းဆုံးဖြတ်ပေးမယ့် နောက်ဆုံးအကြိမ်လို့ ကျနော်တို့ခေါင်းဆောင်တွေ ပြောတယ် ” - ဟု အမည်မဖေါ်လိုသူ ၀ အဆင့်မြင့်အရာရှိ တဦးက ပြောပါသည်။

ယနေ့ ဖေဖေါ်ဝါရီ ၂၅ ရက်နေ့ မနက်ပိုင်း ၀ ပြည်သွေးစည်းရေးပါတီ ဥက္ကဌ ပေါက်ယူချမ်းဦးဆောင်သည့် အင် အား ၈ ယောက် နအဖ အဆင့်မြင့်ကိုယ်စားလှယ်များနှင့်တွေ့ဆုံရေးအတွက် သံလွင်မြစ် အနောက်ဘက်ကမ်းရှိ တန့်ယန်းသို့ ခရီးထွက်ရန်ပြင်ဆင်နေကြောင်း၊ ဒု - စစ်ဦးစီးချုပ် ကျောဝ်ကျုံးတန်းမှာမူ ဌာနချုပ်၌ ကျန်ရစ်မည် ဖြစ်ကြောင်း၊ ဥက္ကဌ နှင့်အတူ ဗိုလ်လာခမ်း၊ တရုတ် - ဗမာစကားပြန် ပြောခွင့်ရပုဂ္ဂိုလ် ဦးအောင်မြင့် ခေါ် လီဂျူး လျဲ့၊ ၄၆၈ တပ်မမှူး စိုင်းဆာမ် နှင် ့အခြားအရာရှိများ လိုက်ပါသွားကြကြောင်း၊ တရုတ်အဖွဲ့တဖွဲ့လည်းကြား ၀င်ညှိနှိုင်းပေးရန် ရန်ကုန်မှတန့်ယန်း သို့ရောက်လာမည်ဖြစ်ကြောင်း၊ အဆိုပါ ၀ အရာရှိကပြောပါသည်။

“လားရှိုးအထိ သွားမယ်ဆိုရင် ကျန်းမာရေးအရ မသွားနိုင်ဘူးလို့ ဥက္ကဌကြီး ပြတ်ပြတ်သားသား ငြင်းထားတယ်။” - ဟု UWSA စစ်ရုံးချုပ်မှ တာဝန်ရှိသူတဦးက လည်းပြောပါသည်။

စရဖ အရာရှိချုပ် ဒုဗိုလ်ချုပ်ကြီးရဲမြင့်

ထိုပုဂ္ဂိုလ်က ဆက်၍ တိုက်ရေးခိုက်ရေးတွင် ၀ ပြည်သွေးစည်းရေးတပ်မတော်အနေဖြင့် စိုးရိမ်ခြင်းမရှိကြောင်း၊  အတွေ့ အကြံုအရလည်း ရှုံးနှိမ့်ခြင်းမရှိခဲ့ဖူးကြောင်း၊ နအဖ ဘက် ထုံးစံအတိုင်း မရိုးမသား အောက်တန်းကျ သည့် နိုင်ငံရေး ဉာဏ်နီဉာဏ်နက် သုံးမည်ဆိုလျှင် ယခုတခေါက်က အဆိုးအကောင်း အဆုံးအဖြတ်ဖြစ်နိုင် ကြောင်း - သျှမ်းသံတော်ဆင့်သို့ ပြောပါသည်။

တရုတ်၏ တိုက်တွန်းမှုကြောင့် ယခုနောက်ဆုံးကမ်းလှမ်းချက်အား ၀ ဥက္ကဌ ပေါက်ယူချမ်းက လက်ခံသော်လည်း ၀ ပြည်သူလုထု နှင့် ကေဒါ တပ်သားများ၏ ဆန္ဒအရ ၂၀၀၉ နိုဝင်ဘာ ၁၀ ရက်စွဲပါ တောင်းဆိုချက် ၉ ချက် ကို သာ လက်ကိုင်ပြုထားဆဲဖြစ်ကြောင်း အဆိုပါပုဂ္ဂိုလ်က ဆက်ပြောပါသည်။

၀ ဥက္ကဌ ပေါက်ယူချမ်း

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ၀ ပြည်နယ်ထူထောင်ရေးအတွက် ၎င်းတို့၏တောင်းဆိုချက် ၉ ချက် ကို နအဖ ဘက်က လုံးဝ ပါယ်ချထားပြီး ဗမာစစ်အရာရှိ ၃၀ ပါ၀င်သည့် တပ်ရင်းတခု အင်အား ၃၂၆ ယောက် ရှိသည့် တပ်ရင်း ၅ ရင်းနှင့် နယ်ခြားစောင့်တပ် အသွင်ပြောင်းရန်ကိုသာ နအဖ က တဘက်သတ်ဖိပြေားခဲ့သည်။

Most read this week