အမေရိကန်ကူလျှင် အပစ်ရပ် တပ်ဖွဲ့အားလုံးကို ရှင်းနိုင်မည်ဟု သျှမ်းပြည်တိုင်းချုပ်ပြော

အမေရိကန်ကူလျှင် အပစ်ရပ် တပ်ဖွဲ့အားလုံးကို ရှင်းနိုင်မည်ဟု သျှမ်းပြည်တိုင်းချုပ်ပြော
ဖေဖေါ်ဝါရီ ၁၄ ရက် တြိဂံစစ်တိုင်းရုံး တပ်တွင်းအရာရှိအစည်းအဝေး၌ ဒုတိယ ဗိုလ်ချုပ်မင်းအောင်လှိုင် က‘အမေရိကန် ကူလျှင် အပစ်ရပ်များအား ချက်ချင်းရှင်းပစ်နိုင်သည်’ - ဟု...

ဖေဖေါ်ဝါရီ ၁၄ ရက် တြိဂံစစ်တိုင်းရုံး တပ်တွင်းအရာရှိအစည်းအဝေး၌ ဒုတိယ ဗိုလ်ချုပ်မင်းအောင်လှိုင် က‘အမေရိကန် ကူလျှင် အပစ်ရပ်များအား ချက်ချင်းရှင်းပစ်နိုင်သည်’ - ဟု ပြောကြောင်း စုံစမ်းသိရှိရပါသည်။

ဖေဖေါ်ဝါရီ ၁၄ ရက် တြိဂံစစ်တိုင်းရုံး တပ်တွင်းအရာရှိအစည်းအဝေး၌ ဒုတိယ ဗိုလ်ချုပ်မင်းအောင်လှိုင် က‘အမေရိကန် ကူလျှင် အပစ်ရပ်များအား ချက်ချင်းရှင်းပစ်နိုင်သည်’ - ဟု ပြောကြောင်း စုံစမ်းသိရှိရပါသည်။

သျှမ်းပြည် စစ်တိုင်းချုပ် ဒုဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်

“မနေ့တုန်းက ရဟတ်ယာဉ်နဲ့ ကျိုင်းတုံကို ရောက်လာတယ်။ မနက် ၁၀ နာရီကနေ ၁၁ နာရီကျော် အထိအစည်းအဝေး လုပ်တယ်။ တိုင်းချုပ်ကြီးက‘ ဗမာ့တပ်မတော်ကို အာခံနေတာ ၀ ၊ ကေအိုင်အို နဲ့ မိုင်းလား။ သူတို့က တရုတ်အတွက် ခြံစည်းရိုးဖြစ်နေတော့ အမေရိကန်ကူမှရမယ်’  လို့ပြောသွားတယ်” - ဟု ကျိုင်းတုံ တပ်တွင်း အရာရှိနှင့် ရင်းနှီးသူတဦးက ပြောပါသည်။

အစည်းအဝေးတွင် တိုင်းချုပ်ကြီးက-

၁။ အပစ်ရပ် ၀ ၊ ကေအိုင်အို၊ မိုင်းလား တပ်ဖွဲ့တို့သည် တပ်မတော်ကိုအာခံနေကြောင်း၊ မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်း ၀ယ်မှုကြောင့် သူတို့ကို အမေရိကန်က အလိုရှိနေကြောင်း၊ အမေရိကန်သာကူညီပါက ၎င်းတို့အားလွယ်လွယ် နှင့် ရှင်းလင်းသုတ်သင်နိုင်ကြောင်း၊

(၂) တရုတ်ပြည်က အဆိုပါအပစ်ရပ်များအား နယ်ခြားခြံစည်းရိုးအဖြစ်အသုံးပြုနေသဖြင့် ဗမာ့တပ်မတော်၏စေတနာ ကိုနားလည်ပြီး ဥပဒေဘောင်အတွင်း ၀င်ရောက်လာစေရန် နိုင်ငံတော်အကြီးအကဲများက အနုနည်းနှင့်စည်းရုံးသိမ်း သွင်းနေကြောင်း၊

(၃) လာမည့်ရွေးကောက်ပွဲတွင်လည်း နိုင်ငံတော်ဖွံ့ဖြိုးရေး၌ ကူညီသည့်အဖွဲ့အစည်းများအား ထောက်ခံမဲထည့် ပေးရန် အလွန်ပင်အရေးကြီးကြောင်း၊ တိုင်းပြည်  နေ့စဉ်နှင့် ဿအမျှဖွံ့ဖြိုးလာသောကြောင့် နေရာဒေသမရွေး နေ့ချင်း ပေါက်သွားရောက်နိုင်ကြောင်း စသဖြင့်ထည့်သွင်းပြောကြားသွားသည်ဟု အဆိုပါပုဂ္ဂိုလ်က ဆက်ရှင်း ပြပါသည်။

“ဒု ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်က အဆင့်ပိုမြင့်လာတယ်ထင်တယ်။ အရင်က သူတယောက်ထဲ ရယာဉ်နဲ့ ခရီး မသွားစဖူး- အခုရွေးကောက်ပွဲအတွက်၊ အပစ်ရပ်တွေကို ရှင်းပစ်ဖို့၊ အခွင့်အာဏာပိုရလာပြီးတော့ သြဝါဒပေးဖို့ သက်သက်နေ့ချင်း ပြန်လာသွားတယ်” - ဟု တိုင်းရုံးအရာရှိတဦးက ဆိုကြောင်းအဆိုပါပုဂ္ဂိုလ်က ပြန်လည် ပြောပြ၏။

ဒုတိယ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်သည် သျှမ်းပြည် စစ်တိုင်းချုပ် - အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ)၊ အရှေ့မြောက် ပိုင်းတိုင်းစစ်ဌာနချုပ် (ရမခ) နှင့် ကျိုင်းတုံ အခြေစိုက် တြိဂံတိုင်းစစ်ဌာနချုပ် အပြင် ရပခ တိုင်း လက်အောက်ခံကရင်နီ ပြည်(ကယား) ကိုပါ ပူးတွဲတာဝန်ယူသူ ယခင်တြိဂံတိုင်းမှူးဖြစ်သည်။