သျှမ်းခေါင်းဆောင်များ လွှတ်ပေးရန် စစ်အုပ်စု ထိပ်သီးကြီးထံ SNLD တောင်းဆို

သျှမ်းခေါင်းဆောင်များ လွှတ်ပေးရန် စစ်အုပ်စု ထိပ်သီးကြီးထံ SNLD တောင်းဆို
သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦးနှင့် အထွေထွေအတွင်းရေးမှူး စိုင်းညွန့်လွင်တို့အား လွှတ်ပေးရန် SNLD အတွင်းရေးမှူးများအဖွဲ့က တပ်မတော်အကြီးအကဲထံသို့ ယနေ့ရက်စွဲနှင့် ကြေငြာချက် ထုတ်ပြန်ပြီး...

သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦးနှင့် အထွေထွေအတွင်းရေးမှူး စိုင်းညွန့်လွင်တို့အား လွှတ်ပေးရန် SNLD အတွင်းရေးမှူးများအဖွဲ့က တပ်မတော်အကြီးအကဲထံသို့ ယနေ့ရက်စွဲနှင့် ကြေငြာချက် ထုတ်ပြန်ပြီး တောင်းဆိုလိုက်ပါသည်။

ကြေငြာချက်တွင် SNLD ဥက္ကဌ ဦးခွန်ထွန်းဦးနှင့် အထွေထွေ အတွင်းရေးမှူး စိုင်းညွှန့်လွင်တို့အားသက်ဆိုင်ရာ နအဖ တာဝန်ရှိသူများက ခေတ္တတွေ့ဆုံရန် ခေါ်ဆောင်သွားသည်မှစ၍ ပူတာအိုမြို့အကျဉ်းထောင် နှင့် ကလေးမြို့အကျဉ်း ထောင်တို့၌ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရသည်မှာ ယနေ့တွင် ၅ နှစ် တင်းတင်းပြည့်မြောက် ပြီဖြစ်သည်ဟုဆိုပါ သည်။

သဘောထားမတိုက်ဆိုင်သူ နိုင်ငံရေးလှုပ်ရှားသူများအား ဖမ်းဆီးထိန်းသိမ်းအကျဉ်းချထားခြင်းမှာ နိုင်ငံတော် အတွက် လုံးဝ အကျိုးမရှိသည့်အပြင် အမျိုးသားသွေးစည်းညီညွတ်မှု နှင့် ဒီမိုကရေစီဖေါ်ဆောင်မှုအဖို့ များစွာထိခိုက်နစ်နာစေ သည်ဟုလည်း ဖေါ်ပြထား၏။

နအဖ ဖမ်းဆီးထားသည့် သျှမ်းခေါင်းဆောင်များ ( ဆရာဦးမြင့်သန်း သံတွဲထောင်၌သေဆုံး၊ စဝ်သာဦး ၂၀၀၉ က ပြန်လည်လွှတ်မြောက်)

အဆိုပါ SNLD ၏ ကြေငြာချက် နောက်ဆုံးအပိုဒ်တွင် တိုင်းရင်းသားခေါင်းဆောင်များဖြစ်ကြသော သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ခွန်ထွန်းဦး နှင့် အထွေထွေ အတွင်းရေးမှူး စိုင်းညွှန့်လွင်အပါအဝင်နိုင်ငံရေးယုံကြည် ချက်ကြောင့် အကျဉ်းကျနေသူများ၊ နေအိမ်တွင် ကန့်သတ်မိန့်ဖြင့် အထိန်းသိမ်းခံနေရသူများ အားလုံး(အားလုံး) ကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးပြီး တပ်မတော်အကြီးအကဲများ အတိုက်အခံ နိုင်ငံ ရေးအင်အားစုများနှင့် တိုင်းရင်းသား အင်အားစုများ စုံညီစွာပါ၀င်သည့် သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး အမြန်ဆုံးစတင်ဆောင်ရွက်သွားပါရန်အရေးတကြီးလို အပ်နေပြီဖြစ်ကြောင်း တိုက်တွန်း ထားပါသည်။

၂၀၀၅  သျှမ်းပြည်အတိုင်အပင်ခံကောင်စီ ဖွဲ့စည်းတည်ထောင်ရန် ကြိုးစားမှုအပေါ် နအဖ စစ်အစိုးရ က ပြည်ထောင်စုမှ ခွဲထွက်ရန်ကြံစည်မှုဟု စွပ်စွဲကာ ခွန်ထွန်းဦး နှင့် စိုင်းညွန့်လွင် အပါအဝင် သျှမ်းခေါင်းဆောင် ၉ ဦးအားလူ့သက်တမ်း ထက်ရှည်ကြာသည့်ထောင်ဒဏ်ဖြင့် နအဖက အသီးသီးပစ်ဒဏ်ပေးခဲ့သည်။