ကိုးကန့်ထိုးစစ်၌ ဦးဆောင်သူ ဗမာဗိုလ်မှူးကြီး ဒဏ်ရာရခဲ့

ကိုးကန့်ထိုးစစ်၌ ဦးဆောင်သူ ဗမာဗိုလ်မှူးကြီး ဒဏ်ရာရခဲ့
သြဂုတ်လကုန်ပိုင်းက သျှမ်းပြည်ေမြောက်ပိုင်း ကိုးကန့် အထူးဒေသ (၁)  ငြိမ်းချမ်းရေးတပ်ဖွဲ့များအား တိုက် ခိုက်ရာတွင် ဦးဆောင်ခဲ့သူ ဗမာစစ်တပ်မှ ဗိုလ်မှူးကြီး တစ်ဦးသည် တိုက်ပွဲအတွင်း လက်နက်ကြီးကျည်...

သြဂုတ်လကုန်ပိုင်းက သျှမ်းပြည်ေမြောက်ပိုင်း ကိုးကန့် အထူးဒေသ (၁)  ငြိမ်းချမ်းရေးတပ်ဖွဲ့များအား တိုက် ခိုက်ရာတွင် ဦးဆောင်ခဲ့သူ ဗမာစစ်တပ်မှ ဗိုလ်မှူးကြီး တစ်ဦးသည် တိုက်ပွဲအတွင်း လက်နက်ကြီးကျည် ထိမှန်ခဲ့ကြောင်း ယခုမှ သိရသည်။

ထိုစဉ်က သျှမ်းပြည် (မြောက်ပိုင်း) သိန္နီီမြို့(ဆဲန်ဝီ) အခြေစိုက် စကခ (၁၆) မှ တပ်ရင်း ၄ ရင်း ကွပ်ကဲရသူ နည်း ဗျူဟာ ၃ မှူး ဗိုလ်မှူးကြီး တင်လှဦး သည်  ကိုးကန့်တပ်စခန်းတစ်ခုကို ကိုယ်တိုင်ဦးဆောင် တိုက်ခိုက် နေစဉ်   ၎င်း၏ ညာဘက်ပေါင် လက်နက်ကြီး ကျည် ထိမှန်ခဲ့ခြင်းဖြစ်သည်။

သြဂုတ် ၂၉ ရက်နေ့ နံနက်ပိုင်းက ကိုးကန့်တပ်ဖွဲ့ ကာကင်းစခန်းကုန်းအား ဗမာတပ်မှူးများကွပ်ကဲသော  ခလရ ၂၄၂ ခလရ ၂၄၁ ခမရ ၅၂၂ နှင့် ခမရ ၅၈၆ တပ်ရင်း ၄ ရင်းတို့မှ ပါ၀င်တိုက်ခိုက်ခဲ့ကြရာ နောက်ထပ် ဗမာအရာရှိ စစ်သည်အများအပြား လည်း ထိခိုက် ဒဏ်ရာများရရှိခဲ့ကြကြောင်း ဗမာ စစ်တပ်မှ လာသည့် ကိုးကန့်တိုက်ပွဲ အကြောင်း သတင်းအရ သိရသည်။

အဆိုပါ တိုက်ပွဲအတွင်း ပါ၀င်ခဲ့သည့် ခမရ ၅၂၂ တပ်ရင်းမှူး ဒုမှူးကြီး ၀င်းနိုင်မှာ မျက်စိအောက် တွင် လက်နက်ကြီး ထိမှန်သွားခဲ့ကြောင်းနှင့် နောက်ထပ် အခြားအဆင့် စစ်ဗိုလ် ၁၀ ဦး ထက်မနည်းလည်း ဒါဏ်ရာ များ ရရှိ သွားကြောင်း သိရသည်။

ကိုးကန့်တိုက်ပွဲအပြီး နအဖစစ်တပ်ဘက်မှ တရားဝင်ထုတ်ပြန်ချက်အရ တပ်မတော်သား ကျဆုံး ၁၁ ဦး ဒါဏ်ရာရ ၃၄ ဦး၊ ရဲတပ်ဖွဲ့ဝင် ကျဆုံး ၁၅ ဦး ဒါဏ်ရာရ ၁၃ ဦး ရှိကြောင်း   ဆိုထားသော်လည်း အရာရှိကြီးများ ကျဆုံး ဒါဏ်ရာရရှိသည့် သတင်းကို အသေးစိတ်ဖေါ်ပြခြင်း မရှိခဲ့ပေ။

ဗမာစစ်တပ်မှ သြဂုတ် ၂၇ ရက်မှ လကုန်ပိုင်းအထိ ကိုးကန့်အထူးဒေသ (၁) နယ်မြေတစ်ခုလုံးကို အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။