ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်၌ သျှမ်းအကြောင်း သုတေသန ညီလာခံ စတင်ကျင်းပ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်၌ သျှမ်းအကြောင်း သုတေသန ညီလာခံ စတင်ကျင်းပ
သျှမ်းအကြောင်းသုတေသနညီလာခံ (ပွဲတော်) တရပ်ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Maha Chulalongkorn building, Faculty of Arts, Chulalongkorn University ၌ မနက်ဖြန် အောက်တိုဘာ ၁၅ ရက်မှစ၍ သုံးရက်တိုင်တိုင်ကျင်းပ ...

သျှမ်းအကြောင်းသုတေသနညီလာခံ (ပွဲတော်) တရပ်ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Maha Chulalongkorn building, Faculty of Arts, Chulalongkorn University ၌ မနက်ဖြန် အောက်တိုဘာ ၁၅ ရက်မှစ၍ သုံးရက်တိုင်တိုင်ကျင်းပ မည်ဟု ပွဲဖြစ်မြောက် ရေးကော်မတီက ပြောပါသည်။

“အခုအကြီးအကျယ်ပြင်ဆင်နေကြတယ်။ အားလုံးတော့ပြီးစီးနေပြီ အခမ်းအနားက မနက်ဖြန် မနက် ၀၈း၃၀ နာရီ စတင် မှာ။ အခမ်းအနားကို Chulalongkorn University   ပါမောက္ခချုပ် ဖိရုမ်းကမွန်း ရတနကွန်း ကိုယ်တိုင် ပွဲဖွင့်မယ်။ ပြီးတော့ ပါမောက္ခ ဆူမစ်ပီတိဖတ်က The World of The Tais တိုင်း(ခေါ်) သျှမ်းတို့၏ကမ္ဘာ ဆိုတဲ့အကြောင်းဆက်ပြောမယ်။ ဟော ပြောပွဲက ၁၀ နာရီကျော်လောက်မှာ စတင်မယ် ” - ပွဲတော်တက်ရောက်မည့်ချင်းမိုင်မှသျှမ်းရပ်မိရပ်ဖ တဦးကပြော၏။

၂၀၀၉ အောက်တိုဘာလ ၁၅ မှ ၁၇ ရက်နေ့အထိ သုံးရက် ဆက်တိုက် ကျင်းပမည့် သျှမ်းအကြောင်းသုတေသနညီလာခံ ပွဲတော် International Conference on Shan Studies (ICSS)  တွင် ထိုင်းအခြေစိုက်သျှမ်းများအပြင်ပြည်တွင်းပြည်ပ မှ ပညာ ရှင်များ စာတမ်းဖတ်ပွဲအပြင် သမိုင်း၊ ယဉ်ကျေးမှု၊ စာပေ၊ ရိုးရာဓလေ့၊ အစားအသောက်၊ရိုးရာဆေး ပညာဆိုင်ရာ ပြပွဲလည်း ခင်းကျင်းပြသည်ဟု အခမ်းအနားပြင်ဆင်သူ စိုင်းဂျန် ကပြောပါသည်။

“အခု အားလုံးပြင်ဆင်လို့ပြီးနေပြီ၊ တချို့ဧည့်သည် (ရန်ကုန် ၊ သျှမ်းပြည် နဲ့ နိုင်ငံခြားသား) တွေလဲရောက်နေပြီ၊ စည်မယ် လို့တော့ထင်တာပဲ၊ ရိုးရာအကတွေလဲပါမယ်၊ ဟောပြောပွဲမှာတော့ တောင်ဝါဒ (Taoism) ဟာတိုင်းလူမျိုး တွေရဲ့ ဒဿနိက အတွေးအမြင်ဖြစ်တယ်ဆိုတဲ့စာတမ်းကို  နိုင်ငံခြားသားသုတေသီတဦးက လာဟောမယ်ဆိုတဲ့ဟာ  အရမ်းစိတ်ဝင်စားဖို့ ကောင်း တယ်။ တခြားအစီအစဉ်တွေလဲ အများကြီးရှိသေးတယ်။ ပရိသတ်တွေစိတ်ပါ၀င်စားမယ် လို့တော့ထင်တာဘဲ” - ဟု စိုင်းဂျန်က ဆက်ပြောပါသည်။

ကျူလာလုံးကွမ်း တက္ကသိုလ် Chulalongkorn University မှ Asia Studies သည် မြန်မာ၊ ဗီယက်နမ်၊ ကဗ္ဘောဒီးယား၊ နှင့် ထိုင်း လူမျိုးများဆိုင်ရာသမိုင်းကြောင်းနှင့် ယဉ်ကျေးမှုများကို သုတေသနပြုလေ့လာရန်ဖြစ်သည်။

လွန်ခဲ့သည့် ၃-၄ နှစ်ကလည်း International Conference of Shan St udies (ICSS)သျှမ်းအကြောင်းသုတေသန ညီလာခံ (ပွဲတော်) ကဲ့သို့ ရခိုင်၊ မွန် တို့အတွက်လည်း ကျင်းပခဲ့ပြီးဖြစ်ကြောင်း သိရပါသည်။

Most read this week