ကချင်ပြည်နယ်မှ သျှမ်းလူမျိုးများ တရုတ်ဘက် ရွေ့ပြောင်း

ကချင်ပြည်နယ်မှ သျှမ်းလူမျိုးများ တရုတ်ဘက် ရွေ့ပြောင်း
မြန်မာစစ်တပ်နှင့် ကချင်ပြည်လွပ်လပ်ရေးတပ်မတော် KIA အဖွဲ့တို့ စစ်မက်ဖြစ်ပွားလာမည်ကို  စိုးရိမ်နေသည့်   ဒေသခံ သျှမ်းတိုင်းရင်းသား အများစုသည် တရုတ်ဘက်သို့ ထွက်ပြေးခိုလှုံနေကြကြောင်း သိရ ...

မြန်မာစစ်တပ်နှင့် ကချင်ပြည်လွပ်လပ်ရေးတပ်မတော် KIA အဖွဲ့တို့ စစ်မက်ဖြစ်ပွားလာမည်ကို  စိုးရိမ်နေသည့်   ဒေသခံ သျှမ်းတိုင်းရင်းသား အများစုသည် တရုတ်ဘက်သို့ ထွက်ပြေးခိုလှုံနေကြကြောင်း သိရသည်။

လွန်ခဲ့သည့် လကုန်ပိုင်းမှစတင်၍ ကချင်ပြည်နယ် တရုတ်နယ်စပ်အနီးရှိ လွယ်ဂျယ်မြို့ဝန်းကျင်မှှသျှမ်းတိုင်းရင်း သားများက ယခုလို တရုတ်ဘက်   ရွေ့ပြောင်းနေထိုင်ကြခြင်းဖြစ်ပြီး အချို့ကျေးရွာများမှာ ပစ္စည်း အထုတ်အပိုးများ ပို့ ဆောင်ထားကြ ကြောင်း သိရသည်။

သျှမ်းပြည် (မြောက်ပိုင်း) အတွင်းရှိ အပစ်ရပ်ကိုးကန့်တပ်ဖွဲ့အား ဗမာစစ်တပ်မှ ထိုးစစ်ဆင်တိုက်ခိုက်နေချိန်တွင် စတင်ပြောင်းရွေ့ကြခြင်းဖြစ်သည်။

ယခုအချိန်တွင် တရုပ်နယ်စပ်အနီးရှိ ကချင်ဒေသတွင်း၌ ဗမာတပ်နှင့်ကေအိုင်အေတို့ စစ်ရေးတိုးမြင့်ပြင်ဆင် မှုများ ဆက်တိုက်ရှိနေသဖြင့်လည်း ယခုလို ထွက်ပြေးလာကြခြင်းဖြစ်ကြောင်း ဒေသခံ တစ်ဦးက  သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ စစ်တပ်ကတော့ တောင်ကုန်းတွေမှာ နေရာယူထားကြတယ် ကေအိုင်အေကလည်း စစ်ရေးပြင်နေတယ် တချို့ကတော့ ပစ္စည်းပြင်ထားရုံမကတော့ဘူး လူတွေတောင် အကုန်ရောက်နေပြီ သျှမ်းတိုင်းရင်းသားတွေများတယ် ဒီလွယ်ဂျယ်ကြားထဲမှာရှိတဲ့ ကချင်တိုင်းရင်းသားတွေလည်း ပြေးလာကြပြီ” လို့ သူကပြောသည်။

တရုတ်နယ်စပ် လွယ်ဂျယ်အနီးရှိ နောင်းပုံ ၊ တွန့်ဟုန်း ၊ မန့်ကောင်း စသည့််ရွာများမှ ဒေသခံသျှမ်းတိုင်းရင်းသားများ သည် တရုတ်ဘက်တွင် လူရော ပစ္စည်းပါ ရွေ့ပြောင်းနေထိုင်နေကြပြီး ကုန်းဆာ ၊ မန့်လင် ၊ အုံလုံ ၊ ၀င်းဟိုင်း ၊ မိုင်ဂျာယန် ရွာများမှာ ပစ္စည်းများရွေ့ပြောင်းထားကြောင်း သိရသည်။

မိုင်ဂျာယန် ဒေသခံ ကချင်အမျိုးသမီးတစ်ဦးကတော့ “ ဟုတ်တယ် အဲလိုတော့ကြားတယ် ဧည့်သည်ဆိုတော့ သိပ်မသိဘူး ” လို့ ပြောသည် ။

ယခုအချိန်တွင် ဗန်းမော်-လွယ်ဂျယ် ကုန်သွယ်လမ်းကြောင်းတွင် တရုတ်ပစ္စည်းတင်ဆောင်မှု လုံးဝမရှိတော့ပဲ ခရီးသယ်တင် ပြေးဆွဲသည့်ကား အနည်းငယ်သာ ဆက်လက်ပြေးဆွဲနေကြောင်း ဒေသခံ ကုန်သယ်တစ်ဦး က ပြောသည်။

လတ်တလောတွင် ဗမာစစ်တပ်နှင့် အပစ်ရပ်ကိုးကန့်အဖွဲ့တို့ကြား  တိုက်ပွဲများဆက်လက်ဖြစ်ပွားခြင်း မရှိတော့သော် လည်း ဒေသခံများက  ဗမာစစ်တပ်မှ ကေအိုင်အေကို ထိုးစစ်ဆင်အုံးမည်ဟု  ထင်မြင် စိုးရိမ်နေကြခြင်းဖြစ်သည်။

Most read this week