မိုင်းလား - တရုပ်နယ်စပ် ဖြတ်လမ်းကို တရုပ်အာဏာပိုင်များ မြေထိုးစက်နှင့် ထိုးဖျက်

မိုင်းလား - တရုပ်နယ်စပ် ဖြတ်လမ်းကို တရုပ်အာဏာပိုင်များ မြေထိုးစက်နှင့် ထိုးဖျက်
သျှမ်းပြည်အရှေ့ပိုင်း မိုင်းလားနှင့် တရုပ်ပြည် တာလော အကြားရှိ နယ်စပ်မှောင်ခိုလမ်း (ဖြတ်လမ်း) အား တရုပ်အာဏာပိုင် များ မြေထိုးစက်ဖြင့်ထိုးဖျက်ပစ်ကြောင်း တရုပ်နယ်စပ်ကုန်သည်တဦးက ဆို ...

သျှမ်းပြည်အရှေ့ပိုင်း မိုင်းလားနှင့် တရုပ်ပြည် တာလော အကြားရှိ နယ်စပ်မှောင်ခိုလမ်း (ဖြတ်လမ်း) အား တရုပ်အာဏာပိုင် များ မြေထိုးစက်ဖြင့်ထိုးဖျက်ပစ်ကြောင်း တရုပ်နယ်စပ်ကုန်သည်တဦးက ဆိုသည်။

“ဖြတ်လမ်း/မှောင်ခိုလမ်း ဆိုပေမယ့် ဆိုင်ကယ်တွေ ကားတွေသွားလာနိုင်တယ်။ တရုပ်အာဏာပိုင်တွေမြေထိုးစက်နဲ့လာဖို့ ပစ်တာ တပတ်တောင်မရှိသေးဘူး။ လွန်ခဲ့တဲ့ ၄-၅ ရက် က တရုပ်တပ်ဖွဲ့တွေ အဲဒီနယ်စပ်မျဉ်းတလျှောက်လာစစ်ဆေး တယ်” ဟုမိုင်းလားမှ ပြန်လာသူအမည်မဖေါ်လိုသည့် နယ်စပ်ကုန်သည်တဦးက ဆိုသည်။

အထူးဒေသ ၄ NDAA ဌာနချုပ်ရှိ အရာရှိတဦးပြောဆိုချက်အရ တရုပ်နိုင်ငံ ယူနန်ပြည်နယ် ကျိန်းဟုန့်တိုင်း တာလော နယ်စပ်မြို့မှ ဖြတ်၍ မိုင်းလား - ကျိုင်းတုံ - မိုင်းဖြတ်- တာချီလိတ်လမ်း- မယ်ဆိုင်သို့ပေါက်သည့် အာရှလမ်းမအတိုင်း တရုပ်ပြည်ဖက်၌ ဖွင့်လှစ်နိုင်ဖွယ်ရှိသည်ကတကြောင်း၊ တရားဝင်ဂိတ်ကိုရှောင်ကွင်းပြီး ဖြတ်လမ်းမှ မူးယစ်ဆေးဝါးနှင့် မှောင်ခိုကုန်ပစ္စည်းများတလျှောက်လုံး ခိုးဝင်သည်ကို တားဆီးပိတ်ပင်လိုသည် ကတကြောင်းတို့ကြောင့်တရုပ်အာဏာပိုင် များ နယ်စပ်ဖြတ်လမ်းကို ဖျက်ပစ် ခြင်းဖြစ်နိုင်သည်ဆို၏။

“ဖြတ်လမ်းကို တရုပ်အာဏာပိုင်တွေ ဖျက်ပစ်လိုက်တယ်ဆိုပေမဲ့ တခါတလေ ကားဖင်ချင်းတေ့ပြီး ပစ္စည်းတွေဖလှယ် တာတွေလုပ်နိုင်သေးတယ်” ဟု အဆိုပါကုန်သည်က ဆို၏။

မေလကုန်ပိုင်း၌ အဆိုပါတရုပ်ပြည်အပိုင်းတာလော - ကျိုန်းဟုန် အာရှလမ်းမကို နယ်စပ်နှစ်ဖက်ဆိုင်ရာ အာဏာပိုင် များပူးပေါင်းဖွင့်လှစ်လျှင် အပစ်ရပ် မိုင်းလား NDAA တပ်ဖွဲ့ နှင့် စစ်အစိုးရ မည်သို့ပူးပေါင်းဆောင် ရွက်ကြမည်ကိုမူ ရှင်းရှင်းလင်းမရှိရသေးပေ။

ဦးစိုင်းလင်းခေါင်းဆောင်သော အပစ်ရပ်အထူးဒေသ ၄ ဌာနချုပ် မိုင်းလားမြို့တော်တွင် လွန်ခဲ့သည့်  ၁၀ နှစ် နီးပါးခန့်မှစ၍ နအဖ စစ်အစိုးရ ဌာနမများဖြစ်သည့် လဝက၊ သစ်တော၊ အခွန်၊ ကျန်းမာရေး၊ ပညာရေး၊ စိုက် ပျိုးရေးဆိုင်ရာ ၀န်ထမ်းများ တစ်ဌာနလျှင် ၁-၂ တယောက်သာနေခွင့်ပြုထားကြောင်း၊ ထိုဝန်ထမ်းများအား မိုင်းလားကတယောက်လျှင် တရုပ်ငွေ ယွမ် ၁၀၀ လစဉ်ကြေးထောက်ပံ့ကြောင်း၊ NDAA ဌာဆိုင်ရာများနှင့်

ပူးပေါင်းဆောင်ရွက်လိုကြောင်းတောင်းဆိုခဲ့ဖူးသော်လည်း မိုင်းလားက သဘောမတူဘဲ သီးခြားစီခွဲထား သဖြင့် နအဖ ဒေသခံတို့ဘာမှ စွက်ဖက်ခြယ်လှယ်ခွင့်မရှိကြောင်းသိရသည်။

အဆိုပါအာရှလမ်းမ ဖွင့်လှစ်လျှင် နအဖဝန်ထမ်းများတိုးချမှု၊ အခွန်အတုပ်ဆိုင်ရာဝေမျှမှု၊ နယ်စပ်လုံခြံုမှုတို့ တွင် စစ်အစိုးရမှ အခွင့်ကောင်းယူ စွက်ဖက်လာမည့်အရေးက NDAA မိုင်းလား ခေါင်းဆောင်များ စိုးရိမ်လျက် ရှိကြောင်းဆိုပါသည်။

Most read this week