သျှမ်းပြည်(မြောက်ပိုင်း) နမ့်ခမ်းမြို့တွင် ကြက်ဆူပင်စိုက် ချံုခုတ်လုပ်အားပေး ပျက်ကွက်ခဲ့သည့် မိုခမ်း ရပ်ကွက် ဥက္ကဋ္ဌစိုင်းလှကို မေလ(၇)ရက်နေ့ကရာထူးမှ ဖယ်ရှားလိုက်ကြောင်း ဒေသခံများကသျှမ်းသံတော်ဆင့်ကို ပြောသည်။
မေလ(၄)ရက်နေ့မှစတင်၍ မြို့နယ်မယကဥက္ကဋ္ဌ ဦးအောင်လွင်က မြို့ပေါ်ရပ်ကွက်တစ်ခုလျှင်(၅ဝ)ယောက်နှင့် ကျေးရွာများ တွင် တစ်အိမ်တစ်ယောက်နူန်း ကြက်ဆူခင်းအတွက် မလာမနေရ လုပ်အားပေး ဆင့်ခေါ်ခိုင်းစေခဲ့ကြောင်း သိရသည်။
နမ့်ခမ်းမြို့ ရွေလီတံတားအနီးရှိ ကမ်းပါးတလျှောက်တွင် ရပ်ကွက်တစ်ခုလျှင် တစ်ရက်ပေ(ဂဝ)ပတ်လည် အကျယ်အဝန်း ခုတ်ထွင်ရှင်းလင်းရန် မြို့နယ် မယကက ခိုင်းစေနေခြင်းလည်းဖြစ်သည်။
ယခုလို လုပ်အားပေးစေခိုင်းမှုတွင် မိုခမ်းရပ်ကွက်က ပထမနေ့့၌ ပျက်ကွက်ခဲ့ပြီး နောက်တစ်ရက်မှသာ မယက ဥက္ကဋ္ဌအား နောက်ကျသတင်းပို့ခဲ့သဖြင့် အခုလို ရာထူးမှ ဖယ်ရှားလိုက်ခြင်း ဖြစ်ကြောင်းသိရသည်။
" အတင်းအဓမ္မလုပ်အားပေးခိုင်းနေတာ အခုဖြစ်ရပ်ကတော့အဆိုးဆုံးပဲ ကြက်ဆူစိုက်ခင်းကို တစ်ရက်နောက်ကျ ပြီးဆက်သွယ်တဲ့အတွက် ပေးအပ်ထားတဲ့တာဝန်ကို မလေးစားလို့ဆိုပြီး မယကဥက္ကဋ္ဌကိုယ်တိုင် လက်မှတ်ထိုးပြီး
စာထုတ်ပြန် ထုတ်ပါယ်လိုက်တာဖြစ်တယ် ” လို့ ဒေသခံတစ်ဦးက ပြောသည်။
မိုခမ်းရပ်ကွက်ဥက္ကဋ္ဌ စိုင်းလှကို ရာထူးမှထုတ်ပါယ်လိုက်ပြီး မယကဥက္ကဋ္ဌက စိတ်ကြိုက်တစ်ယောက်အား ဥက္ကဋ္ဌ အဖြစ် ရွေးချယ်တင်မြောက်လိုက်သော်လည်း ရပ်ကွက်သားများကလက်ခံမှုမရှိကြောင်းသိရသည်။
" ဒီနေ့ပဲ ရပ်ကွက်သူ ရပ်ကွက်သားတွေက သူတို့ကြိုက်တဲ့သူတစ်ယောက်ကို ကိုယ့်ဖာသာကိုယ် တင်မြောက် လိုက်ကြ တယ် အာဏာပိုင်တွေတင်ထားတာမကြိုက်လို့ အဲဒါအာဏာပိုင်တွေဘက်ကလည်း လက်ခံလားမခံလား တော့မသိ သေးဘူး ” လို့ သူက ဆက်ပြောသည်။
ယခုဥက္ကဋ္ဌရာထူးမှ ထုတ်ပါယ်ခံလိုက်ရသည့် စိုင်းလှသည် မဟုတ်မခံစိတ်ရှိသူဖြစ်ပြီး ရပ်ကွက်သားများ အတင်း အဓမ္မလုပ်အားပေးမလိုက်စေလိုသည့် ဆန္ဒကြောင့် ယခုလိုကြက်ဆူခင်းကိစ္စကို ဘေးဖယ်ခဲ့ခြင်းဖြစ်ကြောင်း ရပ်ကွက် သားများက ယုံကြည်နေသည်ဟု ဆိုသည်။
နမ့်ခမ်းမြို့တွင် ဒေသခံများက ကြက်ဆူစိုက်ခင်းအပြင် မူဆယ်-နမ့်ခမ်းကားလမ်းဘေး တစ်လျှောက် ချံုရှင်းခြင်းများ ရွွှေလီကြိုးတံတားဝန်းကျင် ချံုရှင်းခြင်းများတွင် ကိုယ့်ထမင်းကို်ယ်ထုတ်၍ အတင်းအဓမ္မလုပ် အားပေး ဆင့်ခေါ်ခိုင်းခြင်း ခံနေရကြောင်း သိရသည်။