မြစ်ဆုံဒေသအနီးရှိ ကျေးရွာများ ပြောင်းရွှေ့ရန် လုပ်အားပေးခေါ်

မြစ်ဆုံဒေသအနီးရှိ ကျေးရွာများ ပြောင်းရွှေ့ရန် လုပ်အားပေးခေါ်
by -
ဇော်ကြီး
ကချင်ပြည်နယ် မြစ်ဆုံဒေသအနီးရှိ ကျေးရွာများအား ပြောင်းရွှေ့ရာ၌ မြို့ပေါ်ရပ်ကွက်များမှ လုပ်အားပေးခေါ်ယူ ရန် အာဏာပိုင်များက တရားဝင်စာ ထုတ်ပြန်...

ကချင်ပြည်နယ် မြစ်ဆုံဒေသအနီးရှိ ကျေးရွာများအား ပြောင်းရွှေ့ရာ၌ မြို့ပေါ်ရပ်ကွက်များမှ လုပ်အားပေးခေါ်ယူ ရန် အာဏာပိုင်များက တရားဝင်စာ ထုတ်ပြန် ခဲ့သည်။

မြစ်ဆုံရေကာတာဆောက်လုပ်ရေး စီမံကိန်းအရ  ဒေသအတွင်းရှိ ကျေးရွာများအား ပြောင်းရွှေ့ရန် စစ်အစိုးရ၏ အစီအစဉ်အရ မြစ်ကြီးနားမြို့နှင့် ၀ုိင်းမော်မြို့ရှိ ရပ်ကွက် ကျေးရွာအာဏာပိုင်များက  ယခုလဆန်းပိုင်းက တရား ၀င်စာထုတ်ပြန်ခဲ့သည်။

ယင်းသို့ပြောင်းရွှေ့ရာ၌ မြို့ပေါ်ရပ်ကွက်များမှ တရပ်ကွက်လျှင် လူ(၁၀)ဦး လုပ်အားပေးရမည်ဟု ယင်းစာ၌ ဖော် ပြထားကြောင်း ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက်မှ ဦးအောင်ဝါက ယခုလိုပြောသည်။

“မြစ်ကြီးနား မယကနဲ့ ၀ုိင်းမော်မယက ကနေ စာတစ်စောင်ထုတ်တယ်။ အဲဒီစာက တန်ဖဲနဲ့ ပတ်ဝန်း ကျင်မှာရှိတဲ့ ရွာတွေကိုပြောင်းရွှေ့ဖို့၊ အိမ်တွေကိုဖျက်ဖို့ တစ်ရပ်ကွက်မှာ အနည်းဆုံးလူဆယ်ယောက် စီသွားပြီးမှ ဖျက်ဖို့ခေါ်နေတယ်။ သက်ဆိုင်ရာ ရပ်ကွက် လူကြီးကနေ တဆင့်ပေ့ါနော်။ မြစ်ကြီးနား မြို့နယ်ကဆိုရင် ရပ်ကွက်ပေါင်း ၅၈ ရပ်ကွက်ရှိတယ်။ အဲဒီက ဟာတွေအကုန်လုံးခေါ်တယ်။ ၀ုိင်းမော် ဖက်ကဆိုရင် ၀ုိင်းမော်မြို့မှာရှိတဲ့ ရပ်ကွက်တွေ အကုန်လုံးခေါ်တယ်။”

ဧရာဝတီမြစ် အရှေ့ဖက်နှင့် အနောက်ဖက်ခြမ်းရှိ ကျေးရွာများအား တပြိုင်တည်း ပြောင်းရွှေ့နိုင်ရန် စီစဉ်ထား သော်လည်း မည်သည့်နေ့ရက်တွင် ပြောင်းရွှေ့မည်ကို မသိရ သေးပါ။

လွန်ခဲ့သည့် ဧပြီလ ၁၇ ရက်နေ့က မြစ်ဆုံဒေသ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ဒေသတွင်း ဖမ်းဆီးစစ်ဆေး မှုများရှိသလို လုံခြံုရေးအကြောင်းပြ၍ စစ်အစိုးရက အမြန်ဆုံးပြောင်းရွှေ့ရန် ဖိအားပေးနေခြင်းကြောင့်   ဒေသခံ များ အခက်အခဲဖြစ်နေကြသည်ဟု ဦးအောင်ဝါက ဆက်ပြောသည်။

“ဗုံးခွဲတဲ့ကိစ္စ ကိုအကြောင်းပြပြီးမှ အဓမ္မပြောင်းရွှေ့ခိုင်းဖို့ပဲလုပ်နေတယ်။အဓိကတော့ လုံခြံုရေးကို အ ကြောင်းပြပြီးတော့ ဖိအားပေးလာတဲ့ ပုံစံမျိုးဖြစ်နေတယ်။ ဖိအားပေးလာ တယ်ဆိုတာထက် ရွာသား တွေကိုဖမ်းဆီးချုပ်နှောင်ပြီးမှ အမြဲတန်းပဲ ဒါမျိုးလုပ်နေတယ်ဆိုတော့ ရွာသားတွေလည်း ရှောင်တိမ်း နေရတဲ့ အခြေအနေမျိုး ဖြစ်နေတော့ တအားအခက်အခဲနဲ့ပဲ ကြံုနေတယ်။”

အင်ဂန်းကျေးရွာ၊ တောင်ပန်ကျေးရွာ၊ ခမ်းဘုကျေးရွာ၊ ကွီထောင်ကျေးရွာ၊ တန်ဖဲကျေးရွာ အပါအဝင် ဒေသတွင်း ကျေးရွာများအား ပြောင်းရွှေ့ရန် စီစဉ်နေခြင်း ဖြစ်သည်။

ထိုကျေးရွာများပြောင်းရွှေ့ရန်နေရာအား အေးရှားဝေါ ကုမ္ပဏီက  စီစဉ်သတ်မှတ်ပေးသော်လည်း ဒေသခံများ အ နေနှင့် မိဘဘိုးဘွားပိုင်မြေယာများအားစွန့်ခွာ၍ မပြောင်း ချင်ကြောင်းသိရသည်။

ထို့အပြင် မလိခမြစ် အရှေ့နှင့် အနောက်ဖက်ခြမ်းတွင် အေးရှားဝေါ ကုမ္ပဏီက ရေအားလျှပ်စစ်တစ်ခု တည် ဆောက်ရန်ရှိပြီး ပူတာအိုနှင့် မချမ်းဘောမြို့နယ်များရှိ ကျေးရွာငါးရွာကိုလည်း လွန်ခဲ့သည့်လမှစတင်ပြောင်းရွှေ့ ခိုင်းနေကြာင်းသိရသည်။

မြစ်ဆုံဗုံးပေါက်ကွဲမှုမှုနှင့်ပတ်သက်၍ စစ်အစိုးရက ဒေသတွင်း မသင်္ကာသူများအား စစ်ဆေးခဲ့ရာ ဖမ်းဆီးထားသူ ၂၈ ဦးရှိပြီး မြစ်ကြီးနားမြို့ အမှတ်(၁) ရဲစခန်း၌ ထိန်းသိမ်း ထားသည်ဟု ဦးအောင်ဝါက ပြောသည်။

မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းအား အေးရှားဝေါ ကုမ္ပဏီနှင့် တရုတ်နိုင်ငံမှ China Power Investment Corpor ation (CPI) တို့က ပူးပေါင်းဆောင်ရွက်လျှက်ရှိပြီး ရရှိသည့် လျှပ်စစ်ဓါတ်အားကို တရုတ်နိုင်ငံသို့ တင်ပို့ရောင်း ချမည်ဖြစ်သည်။

Most read this week