ဘူးသီးတောင်ဗုံးကွဲမူနှင့် ပတ်သက်ပြီး လူ ၃ဦးကို ရဲက ဖမ်းဆီး

ဘူးသီးတောင်ဗုံးကွဲမူနှင့် ပတ်သက်ပြီး လူ ၃ဦးကို ရဲက ဖမ်းဆီး
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တွင် အောက်တိုဘာလ ၃၁ရက်နေ့က ဖြစ်ပွားခဲ့သော ဗုံးနှစ်လုံးပေါက်ကွဲမူနှင့် ဆက်စပ်ပြီး လူ ၃ဦးကို ရဲက ဖမ်းဆီး စစ်ဆေးနေကြောင်း ဘူးသီးတောင်မြို့နယ် ရဲမှူးက အတည်ပြု ပြောကြားသည်။

“ကျွန်တော်တို့ ဘင်္ဂလီ လူမျိုး သုံးဦးကို ဖမ်းဆီး စစ်ဆေးနေပါတယ်။ သူတို့ဆီက မနေ့က ပေါက်ကွဲခဲ့တဲ့ ဗုံးတွေနဲ့  ဆက်စပ်တဲ့ ပစ္စည်းအချို့ကို သိမ်းဆည်းရမိတဲ့ အတွက် ဖမ်းဆီး စစ်ဆေးနေတာ ဖြစ်ပါတယ်” ဟု ရဲမှူးက ဆိုသည်။

ဘူးသီးတောင်ဗုံးကွဲမူနှင့် ပတ်သက်ပြီး လူ ၃ဦးကို ရဲက ဖမ်းဆီး

၎င်းတို့ထံမှ ၀ါယာကြိုးများ၊ ဖုံးဆိမ်းကဒ်နှင့် တခြား ပစ္စည်းအချို့ကို ဖမ်းဆီးမိသည်ဟု ဆိုသည်။

“ အကြမ်းဖက် အဖွဲ့တွေနဲ့ ဆက်စပ်မူ ရှိသလားဆိုတာကိုတော့ စစ်ဆေးနေတုန်း ဖြစ်တဲ့ အတွက် မပြောနိုင်သေးဘူး။ ဒီထက်ပိုပြီး မပြောနိုင်သေးဘူး” ဟု ဆိုသည်။

ဖမ်းဆီးခံရသူ (၃) ဦးမှာ ဘူးသီးတောင်မြို့ပေါ်က ဖြစ်ကြောင်း သိရသည်။

ဘူးသီးတောင်မြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံး အနီးရှိ ရိပ်သာရှေ့တွင် အောက်တိုဘာလ ၃၁ ရက်နေ့ ညဉ့် ၉ နာရီ အချိန်က ဗုံးနှစ်လုံး ပေါက်ကွဲခဲ့သည်။ ယင်းဗုံးများမှာ လက်လုပ်ဗုံးများ ဖြစ်ကြောင်း သိရသည်။

ဗုံးပေါက်ကွဲမူမှာ ညဉ့်အချိန်ဖြစ်သဖြင့် တစ်စုံတစ်ဦးမျှ ထိခိုက် ဒဏ်ရာ ရရှိခဲ့ခြင်း မရှိကြောင်း သိရသည်။

Most read this week