မြန်မာ- ဘင်္ဂလာဒေချ့် နှစ်နိုင်ငံ နယ်စပ် တပ်မှူးအဆင့်ဆွေးနွေးပွဲ ကော့စ်ဘဇားတွင် ပြုလုပ်

မြန်မာ- ဘင်္ဂလာဒေချ့် နှစ်နိုင်ငံ နယ်စပ် တပ်မှူးအဆင့်ဆွေးနွေးပွဲ ကော့စ်ဘဇားတွင် ပြုလုပ်
by -
နိရဥ္စရာ

မြန်မာ-ဘင်္ဂလာဒေချ့် နှစ်နိုင်ငံ  နယ်စပ်တပ်မှူးအဆင့် အလံတင်ဆွေးနွေးပွဲကို ယမန်နေ့က မြန်မာနယ်စပ် အနီးရှိ ကော့စ်ဘဇားမြို့တွင် ပြုလုပ်ခဲ့သည်။

ယင်းအစည်းအဝေးတွင် စိတ်ကြွဆေးပြားများ မြန်မာဘက်မှ ဘင်္ဂလာဒေချ့်သို့ ၀င်ရောက်နေမှုကို တားဆီး ကာကွယ်ရန် အဓိက ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

narinjara09051403

မြန်မာတာဝန်ရှိသူများ အနေဖြင့် မြန်မာဘက်မှ စိတ်ကြွဆေးပြားများ ၀င်ရောက်နေမူကို တားဆီးပေးရန်  ဘင်္ဂလာနယ်ခြားစောင့် တပ်မှ တောင်းဆိုခဲ့သည်ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ ဆွေးနွေးပွဲမှာ  မြန်မာဘက်မှာ တည်ရှိနေတဲ့  စိတ်ကြွဆေးပြား စက်ရုံများကို ပိတ်ပေးဖို့နဲ့ မြန်မာဘက်မှ စိတ်ကြွ ဆေးပြားများ ဘင်္ဂလာဒေချ့်သို့ ၀င်ရောက်နေတာတွေကို တားဆီးရာမှာ မြန်မာဘက်က ကူညီပူး ပေါင်းပါ၀င်ရန်စတဲ့ အချက်တွေကို ဘင်္ဂလာအရာရှိတွေက တောင်းဆို ခဲ့ကြပါတယ်” ဟု ဆိုသည်။

၎င်းအပြင် နှစ်နိုင်ငံ နယ်စပ်စီးပွားရေးလုပ်ငန်းများကို ပိုမိုမြှင့်တင်ရန် ကိစ္စများကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု သူက ဆက်ပြောသည်။

ဆွေးနွေးပွဲကို မြန်မာဘက်မှ ရဲမှူးကြီး တင်ကိုကိုဦးဆောင်သော ရဲအရာရှိများ၊ လူဝင်မှုကြီးကြပ်ရေးဌာနမှ အရာ ရှိများ၊ အကောက်ခွန်အရာရှိများအပါအဝင် စုစုပေါင်း ၂၁ ဦးတက်ရောက်ခဲ့သည်။

ဘင်္ဂလာနယ်ခြား စောင့်တပ်မှ ဖလောင်းချိတ်ခရိုင် Depurty Director General, Khondoker Farid Hassan ဦးဆောင်ပြီး ၂၂ ဦးတက် ရောက်ခဲ့သည်။

နံနက်ပိုင်း ၁၁ နာရီခန့်က စတင်ခဲ့သော ဆွေးနွေးပွဲမှာ နေ့လည် ၂ နာရီကျော်တွင်ပြီးဆုံးသွားပြီး မြန်မာဘက် မှဆွေးနွေးပွဲ တက်ရောက်လာသူများမှာ ညနေ ၅ နာရီခန့်တွင် ပြန်သွားကြောင်း သိရသည်။

Most read this week