ကျပ်သိန်းနှစ်ထောင်ကျော်ဖိုးရှိ မူးယစ်ဆေးစစ်တွေတွင်ဖမ်းမိ

ကျပ်သိန်းနှစ်ထောင်ကျော်ဖိုးရှိ မူးယစ်ဆေးစစ်တွေတွင်ဖမ်းမိ
by -
နိရဥ္စရာ

ကာလတန်ဖိုး ကျပ် ၂၁၁၄,၇၀,၀၀၀ ရှိ ယာဘမူးယစ်ဆေးပြား ရ၀၀၀၀ ကို စစ်တွေမြို့တွင် ဖေဖေါ်ဝါရီလ ၂ ရက်နေ့က ဖမ်းဆီးမိသည်ဟု ရဲတပ်ဖွဲ့ တာဝန်ရှိသူများက ပြောသည်။

စစ်တွေမှ ဘူးသီးတောင်သို့ သွားမည့်  ခရီးသည်တစ်ဦးအား ၎င်းနေ့နံနက် ၆ နာရီခန့်က စစ်တွေ ပြည်တွင်း ရေကြောင်း သင်္ဘောဆိပ်တွင် ရှာဖွေရာမှ ပန်းရောင် R/WY အမျိုးအစား စိတ်ကြွရူးသွပ်ဆေးပြား ရ၀၀၀၀ ကို ဖမ်းဆီးမိသည်ဟု ဆိုသည်။

ဖမ်းဆီးခံရသူမှာ စစ်တွေမြို့ ဓညဝတီ (ခ) ရပ်ကွက်မှ ကိုသန်းလှိုင် (၂၈)နှစ် ဖြစ်သည်ဟု ရဲက ဆိုသည်။

သူယူဆောင်လာသည့် ခရီးဆောင်အိတ်အား ရှာဖွေရာ ယင်းအိတ်အတွင်းမှ အပြာရောင်တိပ်ဖြင့် တစ်ထပ်၊ မိုင်းကိုင်စက္ကူဖြင့် တစ်ထပ် ထုပ်ထားသည့် အထုပ်တစ်ထုပ်လျှင် (R/WY) တံဆိပ်ပါ ပန်းရောင် စိတ်ကြွ ရူူးသွပ် ဆေးပြား ၁၀၀၀၀ စီပါ ခုနှစ်ထုပ် စုစုပေါင်း ဆေးပြား ခုနှစ်သောင်းကို တွေ့ရှိခဲ့သည်ဟု ဆိုသည်။

ထို့အပြင်သူ့ထံမှ  HELLO တံဆိပ်ပါ GSM အမျိုးအစား လက်ကိုင်ဖုန်း တစ်လုံး၊ မြန်မာကျပ် ၅၀၀၀၀ တွေ့ရှိသည်ဟု ရဲက ဆိုသည်။

ကိုသန်းလိူင်မှ ၎င်းဆေးပြားများမှာ စစ်တွေမြို့ကျောင်းကြီးလမ်းရပ်ကွက်နေ စိုးလှိုင် (၂၆)နှစ်ပိုင် ဆေးပြားများ ဖြစ်ကြောင်း ထွက်ဆိုသဖြင့် စစ်တွေရဲမှ ယင်းနေ့ နံနက် ရနာရီခွဲတွင် စိုးလှိုင်နေအိမ်အား ၀င်ရောက်ရှာဖွေရာ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၄၉၀၊ မြန်မာငွေ ကျပ်ရှစ်သိန်းကို တွေ့ရှိရသဖြင် စိုးလိူင်နှင့် အတူတွေ့ရှိရ သည့် စစ်တွေမြို့ ရွာကြီးမြောက်ရပ်ကွက်နေ မောင်မောင်ထွေး (ခ) တူးတူး (၂၅)နှစ်တို့ အား ဆက်လက် ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု သိရသည်။

၎င်းပြင် သူတို့ပိုင်ဆိုင်သော KENBO အမျိုးအစား ဆိုင်ကယ်တစ်စီး၊ NULANG အမျိုးအစား အနက်ရောင်ဆိုင် ဆကယ်တစ်စီး၊ DARANG အမျိုးအစားအနက်ရောင် 125 ဆိုင်ကယ်တစ်စီးတို့ကိုလည်း ထပ်မံသိမ်းဆည်း ခဲ့သည်ဟု သိရသည်။

ယင်းဆေးပြားများမှာ ကချင်ပြည်နယ်မှ သယ်ယူလာသော ဆေးပြားများ ဖြစ်ပြီး ဘင်္ဂလာဒေချ့်သို့ တင်ပို့ရန် ဖြစ်နိုင်သည်ဟု ရဲက ပြောသည်။

Most read this week