ပေါက်​​တောမြို့နယ်​ ပြည်​သူ့​ဆေးရုံ သူခိုးသောင်းကျန်း

ပေါက်​​တောမြို့နယ်​ ပြည်​သူ့​ဆေးရုံ သူခိုးသောင်းကျန်း
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ပြည်သူ့ဆေးရုံဝင်းအတွင်း သူခိုးသောင်းကျန်နေရာ ယခုရက်ပိုင်းတွင် လက်ထောက် ဆရာဝန်ပိုင် ငွေများအခိုးခံခဲ့ရသည်ဟု သတင်းရရှိသည်။

ဇန်နဝါရီလ ၁၉ ရက်နေ့ ည ၉ နာရီခန့်က ပေါက်​​တောမြို့နယ်​​ ဆေးရုံလက်​​ထောက်​ ဆရာဝန်​​ ဒေါက်တာ မြတ်မြတ်​ခိုင်​​သည် သူမနေထိုင်ရာ အခန်းသို့ ပြန်လည်ရောက်ရှိစဉ် အခန်းထဲတွင် လက်ရာခြေရာများ ပျက်နေသည်ကို တွေ့ရှိရသဖြင့် ငွေနှင့် ဆရာဝန်သုံး နားကျပ်ထည့်ထားသည့် အိတ်ကို စစ်ဆေးကြည့်ရာ ငွေတစ်သိန်းလေးသောင်း ပျောက်ဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်ဟု ဒေါက်တာ မြတ်မြတ်ခိုင်က ပြောသည်။

ဒေါက်တာ မြတ်မြတ်ခိုင်နှင့် အခြားတစ်​ဖက်​တွင်​​ နေထိုင်​သည်​့ မြို့နယ်​လက်​​ထောက်​ ဆရာဝန်​ တစ်​ဦးဖြစ်​သူ ​ဒေါက်​တာဦးမြတ်​ကို၏ အခန်းတွင်မူ ပျောက်​ဆုံးမှုများမရှိသော်​လည်​း ၀င်​​ရောက်​​မွှေ​နှောက်​သွားသည်​့လက်​ရာ ခြေရာများကို တွေ့ရသည်ဟု ဆိုသည်။

လွန်​ခဲ့​သော ဒီဇင်ဘာလ ၁၈ ရက်​​နေ့ကလည်​း ​ပေါက်​​တောမြို့နယ်​​ဆေးရုံ အပြာဝတ်​ သူနာပြု ဆရာမကြီး တစ်ဦး၏အခန်​း ဖောက်​ထွင်​း​ မွေ​နှောက်​ခံရ​ကြောင်​း ​ဆေးရုံဝန်​ထမ်​း တစ်​ဦးက နိရဥ္စရာကို​ပြောသည်​။

ဇန်​နဝါရီလ ၄ ရက်​ ​နေ့ညတွင်​လည်​း ပေါက်​​တော​ဆေးရုံ မှ သူနာပြု ဆရာမတစ်​ဦးသည် သမီးဖြစ်​သူနှင်​့အတူ ပေါက်​​တော အထကစုံညီပွဲကို တက်​​ရောက်​​နေစဉ်​ ​နေအိမ်​လိုင်​းခန်​း တစ်ခုလုံး ​မွှေ​နှောက်ခံရပြီး ​ငွေနှင်​့ အဝတ်​အစားများ အခိုးခံခဲ့ရသည်ဟု သိရသည်​။

ပေါက်​​တောမြို့​ ဆေးရုံဝန်​ထမ်​းများ​နေထိုင်​ရာ လိုင်​းခန်​းတွဲများတွင်​ ရှိသော မျက်​နှာကြက်​များမှာ  တစ်​ခန်းမှ တစ်​ခန်​းသို့ အလွယ်​တကူ တက်​​ရောက်ပြီး ကူးသွားနိုင်​သည်​့အ​နေအထားတွင်​ရှိ​​ကြောင်​း​ ဆေးရုံု ၀န်ထမ်းများက ပြောသည်​။

၀င်ရောက်ဖေါက်ထွင်း အခိုးခံရသည့် အဆောင်များမှာ လိုင်​းခန်​း နှစ်​ခန်​းတွဲ ဆေးရုံ ၀န်​ထမ်​းအိမ်​ရာများ ဖြစ်​ကြပြီး ခိုင်လုံသော ခြံစည်းရိုးများ ကားရံထားခြင်​းမရှိကြောင်း၊ ယင်းအပြင် ဆေးရုံတွင်လည်း ခိုင်ခန့်သော ခြံစည်းရိုးများ ကာရံထားခြင်း မရှိသဖြင့် ဆရာဝန်များ၊ ​ဆေးရုံဝန်​ထမ်​းများနှင့် ဆေးရုံ တက်ရောက် ကုသနေသည့် လူနာများ အတွက် လုံခြံုရေး ကင်းမဲ့နေကြောင်း၊ သို့အတွက် ခိုင်​ခန့်သော  ခြံစည်​းရိုးများကို အမြန်ဆုံး ကာရံ​ရန်လိုအပ်နေကြော်း ဒေါက်​တာမြတ်​မြတ်​ခိုင်​မှ​ ပြောဆိုသည်​။

မ​ပေါက်​​တောမြို့နယ်​ရဲတပ်ဖွဲ့က ဒေါက်တာမြတ်မြတ်ခိုင် ငွေအခိုးခံရသည်နှင့် ချက်​ချင်​း လာ​ရောက်​စစ်​​ဆေးခဲ့​သော်​လည်​း တရားခံကို ဖေါ်ထုတ် ဖမ်းဆီးနိုင်ခြင်း မရှိ​သေး​ကြောင်​း​သိရသည်​။

Most read this week