မောင်တောတွင် ပျောက်ဆုံးနေသော ရဲတပ်ကြပ် ရှာမတွေ့သေး

မောင်တောတွင် ပျောက်ဆုံးနေသော ရဲတပ်ကြပ် ရှာမတွေ့သေး
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ဘင်္ဂလီရွာသားများ၏ တိုက်ခိုက်မူကြောင့် သေနတ်နှင့်အတူ ပျောက်ဆုံးနေသော ရဲတပ်ကြပ်ကြီးကို ယခုတိုင် ရှာဖွေမတွေ့ရှိသေးဟု သတင်းရရှိသည်။

လွန်ခဲ့သောတနင်္လာညနေတွင် ရဲတပ်ကြပ်အောင်ကျော်သိန်းနှင့်ရဲအချို့ကင်းလှည့်နေစဉ် မောင်တောမြို့နယ် တောင်ပိုင်း ကင်းချောင်းဘင်္ဂလီရွာသားများ၏ တိုက်ခိုက်ခံရပြီးနောက်ပိုင်း ပျောက်ဆုံးနေခြင်း ဖြစ်သည်။

ယင်းရဲတပ်ကြပ် တစ်ဦးတိုက်ခိုက်ခံရမူသည် ရခိုင်ပြည်နယ် စစ်တွေခရိုင် ရဲမှူကြီး ဦးသစ်ဆန်းက ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ် လုံခြံုရေးမှာ စိတ်ချရသော အနေအထားတွင် ရှိကြောင်း၊ ယခင် ရဲတပ်ရင်း (၃) ရင်းရှိရာမှ ရဲတပ် (၆) ရင်းထိ တိုးချဲ့ထားပြီ ဖြစ်ကြောင်း သတင်းမီဒီယာများသို့ ပြောဆိုပြီးနောက်ပိုင်း ရက်အနည်းငယ် အကြာတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အခင်းဖြစ်ပွားပြီးနောက်ပိုင်း ပျောက်ဆုံးနေသူ ရဲတပ်ကြပ်အား ရှာဖွေနေသော်လည်း ယခုအချိန်ထိ ရှာဖွေ ရရှ်ိခြင်း မရှိသေးကြောင်း အမည်မဖေါ်လိုသူ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

“ အခု သူ့ကို ရှာဖွေလို့ မရသေးဘူး။ အဲဒီ ဘင်္ဂါလီရွာသားတွေလည်း တစ်ယောက်မှာ ရွာမှာမရှိတော့ဘူး။ ထွက်ပြေးသွားကြတယ်။ ဒါကို ထောက်ရင် သူတို့သတ်လိုက်ပြီလို့ ယူဆရတယ်။ အခု ပင်လယ်ကမ်းစပ်မှာ သွေးကွက်တွေတော့ တွေ့တယ်။ သူ့ရဲ့ ကျည်ဘောက်ကိုလည်း ပြန်တွေ့တယ်။ ဒါပေမယ့် သေနတ်နဲ့ လူကိုတော့ မတွေ့သေးဘူး” ဟု သူက ပြောသည်။

တနင်္လာနေ့ ညနေပိုင်းက ၎င်းရဲတပ်ကြပ် အောင်ကျော်သိန်းအပါအဝင် ရဲတပ်သား (၃) ဦးကင်းလှည့်နေစဉ် ကင်းချောင်း ရခိုင်ရွာ အနောက်ဘက်တွင်ရှိ မူဆလင်ရွာသား ရ၀ ခန့်က တုတ်ဓါးများဖြင့် ၀ိုင်းဝန်းတိုက် ခိုက်ခဲ့ကြသည်ဟု ဆိုသည်။

ထိုသို့တိုက်ခိုက်စဉ် ရဲတပ်သား နှစ်ဦးက ရိုင်ဖယ်သေနတ်ဖြင့် ပစ်ခတ်ရာသေနတ်မှာ မပေါက်ကြောင်း၊ နောက်တစ်ဦးတွင် မောင်းပြန် အမျိုးအစား သေနတ်ဖြင့် ပစ်ခတ်ရာတွင်လည်း ကျည်ဘောက်တွင် ကျည်ဆံ တစ်တောင့်သာရှိပြီး ထွက်ပြေးစဉ် တစ်ဦးမှာကျန်နေခဲ့ပြီး ယခုအချိန်ထိ ပျောက်ဆုံးနေကြောင်း ဒေသခံ တစ်ဦးက သူကြားသိသမျှကို ပြောကြားသည်။

ယခုအခါ လုံခြံုရေး တပ်ဖွဲ့ဝင်များအနေဖြင့် ရွာများကို ပိတ်ဆို့ရှာဖွေနေကြောင်း၊ ၎င်းကင်းချောင်းရွာမှ အမျိုးသမီးများနှင့် ကလေးငယ် အချို့ကို ဂေါ်ဒူသာရ ကျေးရွာသို့ ထွက်ပြေးရောက်ရှိနေကြာင်း၊ အမျိုးသားများမှာ တစ်ယောက်မှ ရွာထဲတွင် မရှိကြောင်း သူက ဆက်လက် ပြောကြားသည်။

ယခု ရဲတပ်ဖွဲ့ဝင်များကို ဘင်္ဂလီများက အုပ်စုဖွဲ့ တိုက်ခိုက်မူသည် ဒုတိယ အကြိမ် ဖြစ်ပြီး ပထမအကြိမ် ဒီဇင်ဘာလ ၃၁ ရက်နေ့က တိုက်ခိုက်ခံရစဉ်ကလည်း စစ်တွေ မှန်စီ သချႌုင်းတွင် တာဝန်ကျနေသူ ကိုသန့်ဇင်ဝင်း(၂၂)နှစ်မှာ သေဆုံးခဲ့ပြီး ကျော်ကျော်မိုး (၂၂) နှစ်မှာ ဒဏ်ရာပြင်းထန်သဖြင့် ဆေးရုံသို့ တင်ပို့ခဲ့ရသည်။

ယခုကဲ့သို့ နိုင်ငံဝန်ထမ်း ရဲတပ်ဖွဲ့ဝင်များကို တာဝန်ထမ်းဆောင်နေချိန်တွင် အသတ်သေအောင်ထိ တိုက်ခိိုက်သော်လည်း အမှန်တကယ် ပါ၀င်သူ တရားခံများကို သက်ဆိုင်ရာမှ စိစစ်ဖေါ်ထုတ် အရေးယူ ဖမ်းဆီးနိုင်ခြင်း မရှိသဖြင့် ဒေသခံများအကြားတွင် အာဏာပိုင်များ၏ ပြုမူ ဆောင်ရွက်ချက်များနှင့် ပတ်သက်ပြီး အထူးစိတ်ပျက်နေကြသည်ဟု သတင်းများ ရရှိသည်။

Most read this week