ခိုးကျွဲများနှင့် အတူ ကျွဲသူခိုး ရ ဦးကို ပေါက်တော ရဲက ဖမ်းဆီး

ခိုးကျွဲများနှင့် အတူ ကျွဲသူခိုး ရ ဦးကို ပေါက်တော ရဲက ဖမ်းဆီး
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ငပြီ ကျွန်းကျေးရွာအနီး ပင်လယ်ပြင်တွင် ကျွဲခိုးလာသူ ဘင်္ဂလီ ရ ဦးကို ဒေသခံများ၏ အကူအညီဖြင့် ပေါက်တော ရဲက ယမန်နေ့ ဇူလိုင်လ ၁၉ ရက်နေ့က ဖမ်းဆီးလိုက်သည်ဟု သတင်းရရှိသည်။

သူတို့ကို ဒေသခံများနှင့် ရဲတာဝန်ရှိသူများ ပူးပေါင်းပြီး ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။

ပေါက်တောရဲစခန်းမှ ဒုရဲအုပ် ဦးသန်းဌေးက ဖမ်းဆီးရမိသော ကျွဲများမှာ ခိုးယူလာခြင်းဖြစ်ကြောင်း စစ်ဆေး တွေ့ရှိရသည််ဟု ပြောသည်။

“ လှေတစ်စီးမှာ ကျွဲ ၄ ကောင်နဲ့ ဘင်္ဂလီ ရ ယောက်ပါ။ အခု ပေါက်တော ရဲစခန်းကို ရောက်ပါပြီ။ သူတို့ကို ငပြီကျွန်း ရွာမ ရွာသားတွေနဲ့ ကျွန်တော်တို့  ဘုတ် ၃-၄ စီးနဲ့ ၀ိုင်းဖမ်းကြပါတယ်။ ဖမ်းမိတဲ့အခါ ၀ယ်လာတယ်လို့ ပြောပါတယ်။ ကျွန်တော်တို့ လက်ထဲကို ရောက်လို့ စစ်ဆေးတဲ့အခါ ဟင်းခရိုကျေးရွာက ခိုးယူလာတာလို့ ပြောပါတယ်။ အခုတော့ ခိုးယူလာတာ ထင်ရှားသွားပါပြီ” ဟု ဒုရဲအုပ်က ဆိုသည်။

ယခု ဖမ်းဆီးရမိသော ကျွဲခိုးသူများသည်  အနောက်ရဲ ကယ်ဆယ်ရေး စခန်းတွင် လက်ရှိ နေထိုင်ကြသူများ ဖြစ်ကြသည်ဟု ပြောသည်။

ဖမ်းဆီးရမိသူ ရ ဦးနှင့် အမည်နှင့် သူတို့၏ နေရင်ရင်းမှာ  ၁။ တေလာဟူဆောင်း (၂၇) နှစ် (ဖ)အဘူကာဆန် – အနောက်ရဲ မူဆလင်ရွာ၊ ၂။ ရော်ဘီ အာလောင် (၂၂)နှစ်၊ (ဖ) နူမာလာကိန်း – ရပ်ကွက် (၃) ပေါက်တော ၃။ ဆွေယော့ကာလောင် (၂၇ )နှစ်၊ (ဖ) မာမောက် ဆွေယော့- ငါးဝက်ချောင်း မူဆလင်ရွာ၊ ၄။ ရှော်နာယာ (၂၁)နှစ်၊ (ဖ) အာကိန်းမာလီ – ငါးဝက်ချောင်းရွာ၊ ၅။ အူစ်ပန်ဂူူနီ (၃၀)နှစ်၊ (ဖ) ကာလိဂျာ- ငါးဝက်ချောင်း မူဆလင်ရွာ၊ ၆။ အဘူကာလောင် (၄၀)နှစ်၊ (ဖ) အာနီရင်းဂျာ- ကံပြင် မူဆလင်ရွာ၊ ရ။ ရော့ကာလောင် (၁၈)နှစ်၊ (ဖ) ရော်ကီး-  ငါးဝက်ချောင်း ဘီရွာတို့ ဖြစ်သည်။

ယခုအခါ ဖမ်းဆီးရမိသူများကို ကျွဲခိုးမှုဖြင့် တရားစွဲဆိုထားသည်ဟု ဒုရဲအုပ် ဦးသန်းဌေးက ပြောသည်။

“ ဟုတ်ပါတယ်။ အရေးယူဖို့ဆိုတာကတော့ ပုဒ်မ ၃၇၉ (တ) /၅၄ ခိုးမှုမသင်္ကာမှုနဲ့ လောလောဆယ်ဖမ်းပါ တယ်။ ဖမ်းလို့ပြီးမှ အခုအချိန်မှာ ဟင်းခရိုက ကျွဲပိုင်ရှင် ရောက်လာပါတယ်။ ဟင်းခရိုက ကျွဲပိုင်ရှင်က အဓိက တရားလို ဖြစ်သွားပါဖို့။ ဒါကြောင့် ပုဒ်မ ၃၇၉ (တ) အရ ကျွဲခိုးမှုနဲ့ တရားစွဲဆိုထားပါတယ်။”

လွန်ခဲ့သော လကလည်း ပေါက်တောမြို့နယ် ၀လမ်းနှင့် ၀လမ်းကုန်းကျေးရွာများမှ ကျွဲနွားကောင်ရေ ၃၀ ခန့် ပျောက်ဆုံးခဲ့သော်လည်း သက်ဆိုင်ရာမှ တရားခံများကို ယခုအချိန်ထိ ဖေါ်ထုတ်နိုင်ခြင်း မရှိဟုသိရသည်။

ယခုအခါ ပေါက်တောမြို့နယ် မင်းငူကျွန်းအတွင်းရှိ ၀လမ်း၊ တောလယ်၊ အုန်းတောနှင့် ဂြင်းချောင်းကျေးရွာ များတွင် ကျွဲနွားများ အလွန်တရာ ပျောက်ဆုံးမှုများရှိနေသဖြင့် ၎င်း ကျွဲနွားများ မပျောက်ရအောင် တားဆီးကာ ကွယ်ရေးအဖွဲ့များ ဖွဲ့စည်းကာ လုပ်ဆောင်နေသည်ဟု စုံစမ်း သိရှိရသည်။

ပေါက်တောမြို့နယ် အနောက်ရဲ ကယ်ဆယ်ရေးစခန်းတွင် စစ်တပ်နှင့် ဌာနဆိုင်ရာအဖွဲ့အစည်းများက လုံခြံုရေး တာဝန်ယူထားသော်လည်း ယခုကဲ့သို့ ကယ်ဆယ်ရေးစခန်းမှ ဘင်္ဂလီများက အပြင်ထွက်ပြီး ပတ်ဝန်းကျင် ကျေးရွာများကို သွားရောက်ကာ ကျွဲနွားများ ခိုးယူနေကြသည့်အပေါ် ဒေသခံများက သံသယဖြစ်နေကြ သည်ဟု သိရှိရသည်။

Most read this week