မြန်မာနိုင်ငံသားဟု စွပ်စွဲခံရသူ ၄ ဦးထံမှ နိုင်ငံကူး လက်မှတ်အတုဖမ်းမိ

မြန်မာနိုင်ငံသားဟု စွပ်စွဲခံရသူ ၄ ဦးထံမှ နိုင်ငံကူး လက်မှတ်အတုဖမ်းမိ
by -
နိရဥ္စရာ

မြန်မာနိုင်ငံသားများ အဖြစ် စွပ်စွဲခံရသူ (၄) ဦးကို နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) အတုဖြင့် ဒက္ကားမြို့ နိုင်ငံတကာ လေဆိပ်တွင် ယမန်နေ့က ဖမ်းဆီးလိုက်သည်ဟု ယနေ့ထုတ် The Daily Star သတင်းစာတွင် ဖေါ်ပြသည်။

သူတို့ (၄) ဦးသည် Etihad လေကြောင်းလိုင်းဖြင့် ယမန်နေ့ နံနက် အစောကြီးက ဆော်ဒီအာရေဗီးယား နိုင်ငံသို့ ထွက်ခွာရန် စီစဉ်နေစဉ် ဖမ်းဆီးမိခြင်း ဖြစ်ကြောင်း ဒက္ကား လေဆိပ်ရဲက ပြောသည်။

Dhaka-airport

ဖမ်းဆီးခံရသူများမှာ နုရ်ဆလမ်၊ မူဟာမတ် ဟာရောင် အာ ရော်ချိတ်၊ ဆီရက်နှင့် ဟရောင်တို့ ဖြစ်ကြသည်။

သူတို့အား စစ်ဆေးစဉ် သူတိို့က ၀န်ခံပြီး ပတ်စ်ပို့ အု တစ်ခုကို ပွဲစားထံမှ တာကာငွေ ၂ သိန်းမှ  ၄ သိန်းအကြား တန်ဖိုးဖြင့် ၀ယ်ယူပြီး ဆော်ဒီ အာရေဗီးယားသို့ ထွက်ခွာရန် စီစဉ်ခြင်း ဖြစ်သည်ဟု ရဲအဖွဲ့က ပြောသည်။

ယခုတလော မြန်မာနို်င်ငံသား ဆိုသူအများအပြားကို ဘင်္ဂလာဒေချ့် ပတ်စ်ပို့ အတုဖြင့် ဒက္ကား နိုင်ငံတကာ လေဆိပ်တွင် မကြာခဏ ဘင်္ဂလာဒေချ့် အာဏာပိုင်များက ဖမ်းဆီးမိနေသည်။

Most read this week