၂၀၁၅ ခုနှစ် ရွှေးကောက်ပွဲ မတိုင်မှီ ရခိုင် အမျိုးသား ပါတီကြီး တစ်ရပ်ပေါ်ပေါက်ရေး RNDP မျှော်မှန်း

၂၀၁၅ ခုနှစ် ရွှေးကောက်ပွဲ မတိုင်မှီ ရခိုင် အမျိုးသား ပါတီကြီး တစ်ရပ်ပေါ်ပေါက်ရေး RNDP မျှော်မှန်း
by -
နိရဥ္စရာ

၂၀၁၅ ခုနှစ် ရွှေးကောက်ပွဲ မတိုင်မီ ညီညွှတ်တဲ့ ရခိုင်အမျိုးသား ပါတီကြီး တစ်ခု ပေါ်ပေါက်ရေး အတွက် ပါတီနဲ့ ပုဂ္ဂိုလ်ရေးကို ရှေ့တန်းမတင်ဘဲ ကြိိုးပမ်း ဆောင်ရွက်သွားမယ်လို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ဥက္ကဌ ဒေါက်တာ အေးမောင်က ပြောဆိုလိုက်ပါတယ်။

RNDP-billborad-Arakan

မေလ ၂၇ ရက်ကနေ ၂၉ ရက်နေ့ထိ (၃) ရက်ကြာ အမ်းမြို့မှာ  ပြုလုပ်ခဲ့တဲ့ ဗဟိုကော်မီတီ အစည်းအဝေး အပြီးမှာ ရခိုင်ပြည်သူတွေ အထူး လိုလားနေတဲ့ ALD နဲ့ ပေါင်းစည်းရေးနဲ့ ပတ်သက်ပြီး သဘောထားကို နိရဥ္စရာက မေးမြန်းစဉ် ဒေါက်တာအေးမောင်က ခုလို ဖွင့်ဟ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

“ ကျွန်တော်တို့ရဲ့ မေ ၂၇၊ ၂၈၊ ၂၉ ပေါ့နော်။ ကျွန်တော်တို့ရဲ့ ဒီဗဟိုကော်မီတီ အစည်းအဝေး မှာလည်း အဓိိကတော့ လာမယ့် ၂၀၁၅ မှာ ဖြစ်လာမယ့် နိုင်ငံရေး အခင်းအကျင်းပေါ်မှာ ရခိုင်ပြည်သူလူထု ယုံကြည် အားကိုးလောက်တဲ့ အမျိုးသား ပါကြီး တစ်ရပ် ဖြစ်ဖို့အရေးဟာ အရေးကြီးကြောင်းကို အားလုံး သဘောတူကြပါတယ်။ အဲဒီနေရာမှာ ကျွန်တော်တို့ရဲ့ အမျိုးသား ညီညွှတ်ရေး ဦးတည်ချက် အရဆိုရင် မိမိရဲ့ ကိုယ်ကျိုး၊ မိမိရဲ့ ပါတီ အကျိုးထက် မိမိတို့ရဲ့ တမျိုးသားလုံးနဲ့ ပတ်သက်တဲ့ အကျိုးက အင်မတန်  အရေးကြီးတယ်လို့ ခံယူထားပါတယ်။”

ဒီလို ခံယူချက်တွေကြောင့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) နဲ့  ပေါင်းစည်းရေးကို ဆောင်ရွက်နိုင်ရေး အတွက် ဦးဦးသာထွန်း ဦးဆောင်သော (၅) ဦးပါ ကော်မီတီ တစ်ရပ်ကို ဒီအစည်းအဝေးကနေ ဖွဲ့စည်းခဲ့တယ်လို့ ဒေါက်တာာအေးမောင်က ပြောပါတယ်။

“ ကျွန်တော်တိို့ဘက်ကနော်၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ စောင့်ဆိုင်းနေတဲ့ ကာလ အပေါ်မှာ ပိုပြီး အဆင်ပြေသွားအောင် လာမယ့် ဇွန်လ ၁၅ ရက်နေ့ မှာ ကျွန်တော်တို့ဘက်က ဘယ်နေရာ၊ ဘယ်အချိန်ပေ့ါနော်၊ ဘယ်လို ဆွေးနွေးကြမယ်။ တတိယ ပါတီ အင်အားစုတစ်ခုရဲ့ ရှေ့မှောက် မှာ ပေ့ါနော်၊ တတိယ (Third) ပါတီ ဆိုုတာကတော့ သံဃာတော်တွေ ဖြစ်ချင် ဖြစ်မယ်။ အများ ယုံကြည်တဲ့ ရခိုင်စာပေနဲ့ ယဉ်ကျေမူ ကော်မီ တီတွေ ဖြစ်ချင် ဖြစ်မယ်။ ရခိုင်သဟာယ အသင်း ဖြစ်ချင် ဖြစ်မယ်။ အဲဒါမျိုးတွေရဲ့  ရှေ့မှောက်မှာ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။  ရခိုင်လူထုရဲ့ လိုလားချက်အရ စဖိတ်ခေါ်တဲ့ ကျေညာချက် တစ်ခုကို ဇွန်လ ၁၅ ရက်နေ့မှာ ထုတ်မှာ ဖြစ်ပါတယ်။”

ဆွေးနွေးပွဲ စတင်နိုင်ရေး အတွက် ကြားကာလ ပြင်ဆင်ရေး စတဲ့ ကော်မီတီလေးတွေကိုလည်း ဖွဲ့စည်းထားပြီး အဲဒီကော်မီက ALD ကို စာပေးတာတို့၊ တွေ့ဆုံ ညှိနိုင်းတာတွေ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

RNDP ဗဟိုကော်မီ နှစ်ပတ်လည် အစည်းအဝေး အတွင်းမှာ အမျိုးသား ညီညွှတ်ရေးနဲ့ ပတ်သက်တဲ့ သဘောထားတွေ အပြင်  ရွှေးကောက်ပွဲ RP စနစ်နဲ့ ပတ်သက်ပြီး ပါတီ သဘောထား၊ လယ်ယာမြေနဲ့ ပတ်သက်တဲ့ လက်ရှိ အနေအထား အပေါ်မှာ သဘောထား၊ မဒေးကျွန်းပေါ်မှာရှိတဲ့ ရခိုင်အမျိုးသားတွေနဲ့ ပတ်သက်တဲ့ သဘောထား၊ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပတ်သက်တဲ့ သဘောထား၊ ဧည့်နိုင်ငံသား ကဒ် ကိုင်ဆောင် ထားတဲ့ နိုင်ငံသား မဟုတ်တဲ့ သူတွေ လွှတ်တော် အဆင့်ဆင့်မှာ ပါ၀င်နေတဲ့ အနေအထားတွေနဲ့ ပတ်သက်တဲ့ သဘောထားတွေကို ချမှတ်နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

Most read this week