အေဒီ ၆ ရာစုနှင့် ၁၇ ရာစု အတွင်းက ဗုဒ္ဓရုပ်ပွားတော်များ ဘင်္ဂလားဒေချ့်တွင် တူးဖေါ် ရရှိ

အေဒီ ၆ ရာစုနှင့် ၁၇ ရာစု အတွင်းက ဗုဒ္ဓရုပ်ပွားတော်များ ဘင်္ဂလားဒေချ့်တွင် တူးဖေါ် ရရှိ
by -
နိရဥ္စရာ

အေဒီ ၆ ရာစုနှင့် ၁၇ ရာစု အတွင်းကဟု  မှန်းဆရသော ဗုဒ္ဓရုပ်ပွားတော် (၁၄) ဆူကို ဘင်္ဂလာဒေချ့် နိုင်ငံ အနောက်မြောက်ဘက်တွင် တည်ရှိသော Naogaon ခရိုင်အတွင်းရှိ ရှေးဟောင်း ဘုန်းတော်ကြီးကျောင်း နေရာ တစ်ခုက ရှာဖွေ တူးဖေါ် ရရှိခဲ့သည်။

Ancient-Bronze-status-unearthed-Bangladesh

ဘင်္ဂလာဒေချ့် ရှေးဟောင်းသုတေသနဌာနမှ အဆိုပါ ခရိုင်အတွင်းရှိ Jagdal Vihara ကျောင်းတော် နေရာအား ပြန်လည်တူးဖေါ်စဉ် အဆိုပါ ရှေးဟောင်း  ဗုဒ္ဓရုပ်ပွားတော်များကို တွေ့ရှိ ခဲ့ခြင်း ဖြစ်သည်။

သုတေသနဌာနကို ကိုးကားပြီး ယနေ့ထုတ် The Independent သတင်းစာက ဖေါ်ပြရာတွင် အဆိုပါ ကြေးဖြင့် သွန်းလုပ်ထားသော ဗုဒ္ဓရုပ်ပွားတော် ၁၄ ဆူကို ကျောင်းတော်၏နောက် ရေသွယ်မြောင်းတစ်ခု ထဲမှ ရှာဖွေတွေ့ရှိသည်ဟု ဖေါ်ပြသည်။

ရှာဖွေတွေ့ရှိခဲ့သော ဗုဒ္ဓ ရုပ်ပွားတော်များ၏ အရွယ်အစားမှာ ၃ လက်မမှ ၁၂ လက်မထိ အမြင့်ရှိပြီး အေဒီ ၆ ရာစုမှ ၁၇ ရာစုအတွင်းက လက်ရာများ ဖြစ်ကာ အဆိုပါ ဒေသတွင် နေထိုင်ခဲ့သူ ဗုဒ္ဓဘာသာဝင်များ ကိုးကွယ် ခဲ့ပုံရသည်ဟု ရှေးဟောင်း သုတေသနဌာနက ခန့်မှန်း ပြောဆိုသည်။

ယခု တူးဖေါ်နေသော Jagdal ကျောင်းတော် နေရာမှာ ရှေးဟောင်းသုတေသန ဆိုက်တစ်ခု ဖြစ်ပြီး ရှာဖွေ တွေ့ရှိသော ဗုဒ္ဓရုပ်ပွားတော်များမှာ အဖိုးမဖြတ်နိုင်အောင် တန်ဖိုးရှိသည်ဟု ဆိုသည်။

ရုပ်ပွားတော်များကို ဘိုကာရာခရိုင် ရှေးဟောင်းသုတေ သနသို့ ယခုအခါ ပြောင်းရွှေ့ထားလိုက်ပြီဟုဆိုသည်။

ဒေသခံများကမူ Jagdal Vihara တွင် ပြတိုက်ဖွင့်လှစ်ပြီး ထားရှိရန် လိုလားနေကြသည်ဟု သိရသည်။

Most read this week