ကျောက်တော် ရှမ်းရွာတွင် ရခိုင်အိမ် မီးရှို့ခံရ

ကျောက်တော် ရှမ်းရွာတွင် ရခိုင်အိမ် မီးရှို့ခံရ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ကျောက်တော်မြို့ ရှမ်းရွာ ရပ်ကွက်တွင် ရခိုင်အိမ်တစ်ဆောင် ယနေ့နံနက်က မီးရှို့ခံရသည် ဟု သတင်းရရှိသည်။

kyauk-taw1
“ဒီနေ့ ဇူလိုင်လ ၁၀ ရက် မနက်မိုးလင်း အာရုံမှာ မီးရှို့ခံလိုက်ရ တာဖြစ်ပါတယ်။ တအိမ် လုံး ပြာကျသွားတယ်။ အိမ်မှာတော့ လူမနေတော့ဘူး။ မိုးရွာနေတဲ့ အတွက် တစ်ခြား အိမ်တွေကိုတော့ ကူးစက် လောင်ကျွမ်းတာာ မရှိပါဘူး” ဟု ဒေသခံ အမျိုးသမီး တစ်ဦးက ပြောသည်။

မီးရှို့ခံရသည့် အိမ်မှာ ကျောက်တော်မြို့ ရှမ်းရွာရပ်ကွက်ရှိ မွတ်ဆလင်များနေထိုင်သည့် နေရာနှင့် နီးကပ်စွာ တည်ရှိသော အိမ်ဖြစ်ကြောင်း သိရသည်။ အိမ်ရှင်များမှာ မွတ်ဆလင် ရပ်ကွက်နှင့် နီးကပ်စွာ တည်ရှိနေသဖြင့် အဆိုပါ အိမ်တွင် မနေထိုင်ဘဲ မြို့ထဲတွင် ပြောင်းရွှေ့နေထိုင်စဉ် အိမ်မီးရှို့ခံရခြင်း ဖြစ်သည်ဟု ဆိုသည်။

“ ဒီအိမ်ကို မီးရှို့တာက ဘင်္ဂလီတွေလို့တော့ မြို့မှာ ပြောနေကြပါတယ်။ အခု လုံခြံုတပ်ဖွဲ့ဝင်တွေ ရောက်ရှိနေပြီး စုံစမ်း စစ်ဆေးမူတွေ ပြုလုပ်နေပါတယ်။ ဖမ်းတာဆီးတာတွေ မကြားရသေးဘူး”ဟု အဆိုပါ အမျိုးသမီးက ဆက်ပြောသည်။

မီးရှို့ခံသည့် အိမ်မှာ ဓနိမိုး ထရံကာ ဖြစ်ပြီး ကာလ ပေါက်စျေး သုံးသိန်းကျော်ဖိုး တန်ကြောင်း သိရသည်။

ကျောက်တော်ရဲစခန်းသို့ မေးမြန်းရန်ကြိုးစားနေသော်လည်း ဆက်သွယ်၍ မရရှိသေးပါ။

ကျောက်တော်မြို့ပေါ်တွင် စစ်သား အများအပြားကို လုံခြံုရေး ချထား သဖြင့် အခြေအနေ ငြိမ်သက်နေ သော်လည်း ယခု မီးရှို့မူ ဖြစ်ပွားပြီးနောက် အခြေအနေ ပိုမို ဆိုးရွားလာမည်ကို ဒေသခံများကစိုးရိမ်နေ ကြောင်း သိရသည်။

Most read this week