ကချင် ဖါးကန့် တွင် ကုမ္ပဏီီများ လုပ်ငန်းများကို ရပ်ဆိုင်းလိုက်သဖြင့် ထောင်ချီသော ရခိုင် အလုုပ်သမားများ နေရပ်ရင်း ရခိုင်သို့ ပြန်လာနေကြကြောင်း သတင််း ရရှိသည်။
" ဟုတ်တယ််။ ကျွန်မတို့ ဖါးကန့်က ပြန်လာနေတာ ဖြစ်ပါတယ်။ ရခိုင်ကို ပြန်မှာ ဖြစ်ပါတယ်။ စစ်ဖြစ်နေလို့ မဟုတ်ဘူး။ ဟိုမှာက ကျောက်တူးတဲ့ ကုမ္ပဏီတွေ အလုပ် မလုပ်တော့ ငတ်မှာ ကြောက်ပြီး ပြန်တာ ဖြစ်ပါတယ် " ဟု ရခိုင်ကိုပြန်နေသည့် မိသားစု တစ်စုမှ အမျိုးသမီး တစ်ဦးက ပြောသည်။
အလုပ်များ ရပ်ဆိုင်းသွားသဖြင့် ပိုက်ဆံ ရှိသူများ အနေဖြင့် ရခိုင်ကိို ပြန်နိုင်သော်လည်း ပိုက်ဆံ မရှိသူများ အနေဖြင့် မပြန်နိုင်ဘဲ ဖြစ်နေကြကာ ဒုက္ခရောက်လျှက် ရှိကြောင်း သူမက ဆက်ပြောသည်။
" ပိုက်ဆံရှိတဲ့သူက ပြန်နိုင်တာပေါ့။ ပိုက်ဆံ မရှိတဲ့ အတွက်် မပြန်နိုင်တဲ့ လူကလည်း အများကြီး။ သုံးလေးငါးထောင်တောင် ရှိမယ် ထင်တယ်။ ဒုက္ခရောက်နေတဲ့ ရခိုင်တွေ အများကြီးပဲ " ဟု သူမက ဆက်ပြောသည်။
ယခု ပြန်လာသော မိသားစုမှာ ရသေ့တောင်မြို့နယ် ညောင်ပင်လှ ကျေးရွာမှ ဖြစ်ပြီး သူမတို့အဖွဲ့ဝင် ကလေးငယ်များ အပါအဝင် လူပေါင်း ၂၀ ကျော်ပါ၀င်သည်ဟု ပြောသည်။
တခြား အမျိုးသား တစ်ဦးကလည်း “ ကျောက်ကုမ္ပဏီတွေက လုပ်ငန်းရပ်လိုက်တော့ စားစရာမရှိ၊ နေစရာ မရှိ ဖြစ်နေတဲ့ ရခိုင်တွေ တော်တော်များတယ်။ ရခိုင်လော်ပန်တွေဆီက တသိန်းကျစီ၊ နှစ်သိန်းကျစီ ကောက်ပြီး ကူတာတော့ ရှိတယ်။ ကုမ္ပဏီတွေက ကူညီတာတော့ မရှိဘူး။ ရှိတဲ့သူ ပြန်၊ မရှိတဲ့သူ မပြန်နိုင်၊ အဲသလို ဖြစ်နေပါတယ်” ဟု ပြောသည်။
ဖါးကန့် အပါအဝင် ကချင်ဘက်တွင် အလုပ်သွားလုပ်သူ ရခိုင်လူမျိုး သိန်းဂဏန်းထိ ရှိနေပြီး အများစုမှာ တွင်းတူး၊ မြေသယ် စသည့် ကျဘမ်း အလုပ်များ လုပ်ကိုင်ကြသည်ဟု သိရသည်။ တချိုု့ရခိုင်များမှာ ကျောက်အောင်ပြီး သူဌေး ဖြစ်သွားသူများ ရှိကြသလို တချို့ရခိုင်များမှာ ထမင်းဆိုင်၊ နာရီဆိုင်၊ ဗွီဒီယို ကတ်ဆက် ပြင်ဆိုင်များ ဖွင့်ပြီး လုပ်ကိုင် စားသောက်နေကြသည်ဟု သိရသည်။ သူတို့အထဲမှ အများစုမှာ မိမိဒေသ ရခိုင်သို့ ပြန်နေကြသည်ဟု သူက ပြောသည်။
" ဖါးကန့်မှာ စစ်ပွဲတော့ မဖြစ်သေးဘူး။ ဒါပေမယ့် ကုမ္ပဏီတွေ လုပ််ငန်းရပ်လိုက်ရပြီ။ ဆီကားတွေ ဟို အပေါ်တက်လို့ မရတော့ဘူး။ ဆီကားတွေ မလာနိုင်တော့ လုပ်ငန်းတွေ ရပ်လိုက်ရတယ်။ နောက်တစ်ခါ လုပ်ငန်းတွေကို ကချင်အဖွဲ့က လုပ်ခွင့် မပေးတော့ဘူး။ ဒါကြောင့် ကုမ္ပဏီတွေအကုန်လုံး လုပ်ငန်းရပ်နားလိုက်ရတယ်။ အလုပ်မရှိရင် သူများ ဒေသမှာ ရပ်တည်ဖို့ ဘယ်လို ဖြစ်နိုင်မလဲ။ ဒါကြောင့် ပြန်ကြရတာပါ " ဟု ပြောသည်။
ဖါးကန့်မှ ပြန်ရောက်သူ ရသေ့တောင်မြို့နယ် စျီးကုန်တန်းမှ လူငယ် တစ်ဦးကလည်း သူအနေနှင့် အနာဂတ်မဲ့နေကြောင်းကို ယခုလို ပြောသည်။
" ရခိုင်မှာ ပြန်နေရတာ မပျော်တော့ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ရွာမှာက ဘာအလုပ်မှ မရှိဘူး။ အလုပ် မရှိရင် ပျင်းတယ်။ ပါလာတဲ့ ပိုက်ဆံကလည်း နောက်ဆိုရင် ကုန်သွားမယ်ဆိုတော့ ထိုင်းနဲ့ မလေးရှား သွားမလား စဉ်းစားနေတယ် " ဟု ပြောသည်။
ဖါးကန့်မှ ပြန်လာသူအများစုမှာ ရခိုင်ကို ပြန်လာသော်လည်း အလုပ်အကိုင် မရှိသဖြင့် သူတို့၏ အနာဂတ် ဘဝရပ်တည်ရေး အတွက် စိုးရိမ်နေကြသည်ဟု သိရသည်။