မြန်မာကမ်းရိုးတန်းတွင် မလေးသွား ခိုးလှေနစ်၍ လူပေါင်း ၁၆၃ ဦးပျောက်ဆုံးနေ

မြန်မာကမ်းရိုးတန်းတွင် မလေးသွား ခိုးလှေနစ်၍ လူပေါင်း ၁၆၃ ဦးပျောက်ဆုံးနေ
by -
နိရဥ္စရာ

ဘင်္ဂလားဒေချ့်မှ မလေးရှားနိုင်ငံသို့ လူပေါင်း ၁၈၀ ကို တင်ဆောင်၍ သွားသော စက်လှေတစ်စီး မြန်မာ့ ကမ်းရိုးတန်းတွင် နစ်မြုပ်သွားသဖြင့် လူပေါင်း ၁၆၃ ဦး ပျောက်ဆုံးနေကြောင်း ဘင်္ဂလာဒေချ့်မှ ယနေ့ထုတ် အင်္ဂလိပ် သတင်းစာ The Independent သတင်းစာကရေးသားဖေါ် ပြသည်။

saint-martins-islandအဆိုပါ သတင်းစာက အသက်မသေဘဲ လွှတ်မြောက်လာသူများကို ကိုးကားပြီး ရေးသားဖေါ်ပြရာတွင် ဘင်္ဂလာဒေချ့်မှ အလုပ်သမား ၁၈၀ ကို တင်ဆောင်ပြီး မလေးရှားသို့ တရားမဝင် သွားသော အဆိုပါ စက်လှေသည် မြန်မာနိုင်ငံ Naikkhangdiya ကမ်းခြေတွင် လွန်ခဲ့့သော သောကြာနေ့ နံနက်ပိုင်းက နစ်မြုပ်သွားခဲ့ကြောင်း ဖေါ်ပြသည်။

နတ်မြစ်ဝတွင် တည်ရှိသော ရှင်မဖြူကျွန်းတွင် နေထိုင်သော အလုပ်သမား တစ်ဦးဖြစ်သူ မူဟာမတ် ရော်ဖိက အဆိုပါ ဖြစ်စဉ်အား ပြောကြားကြောင်း Bdnews24 ကို ကိုးကားပြီး သတင်းစာက ရေးသားဖေါ်ပြသည်။

အဆိုပါ အလုပ်သမားများအား တရားမဝင်ပို့ဆောင်သော အဖွဲ့မှ ချာရစ်ဟူစိန်မှာလည်း အဆိုပါ စက်လှေ နစ်သည့်အထဲတွင် ပါ၀င်သွားကြောင်း သိရသည်။

သို့သော် အဆိုပါ ပျောက်ဆုံးနေသည့် အလုပ်သမားများထဲတွင် မြန်မာနိုင်ငံသားများ ပါ၀င်သလားဆိုသည် ကိုတော့ သတင်းစာက တစ်စုံတစ်ရာ ရေးသား ဖေါ်ပြထားခြင်း မရှိကြောင်း သိရသည်။

ယခုကဲ့သို့ သတင်းစာက ရေးသားဖေါ်ပြသော်လည်း သီးခြား အတည်ပြုချက်အား ရယူနိုင်ခြင်း မရှိပါ။

Most read this week