ရသေ့တောင် အမတ်ကို အနိုင်ပေး ပေါက်တော အမတ် ၃ ဦးကို ရက်ရွေ့ထား

ရသေ့တောင် အမတ်ကို အနိုင်ပေး ပေါက်တော အမတ် ၃ ဦးကို ရက်ရွေ့ထား
by -
မောင်အေး

ပြိုင်ဘက် ကြံ့ခိုင်ရေး ပါတီကိုယ်စားလှယ်များမှ တရားစွဲဆိုခံထားရသည့် ရတပ ပါတီအမတ်များလျှောက်လဲ ချက်ကို ယမန်နေ့က စစ်ဆေးရာတွင် ရသေ့တောင်မြို့နယ် အမှတ် (၁) ပြည်နယ် လွှတ်တော် အမတ် ဦးလှမောင်သိန်းကို အနိုင်ပေး လိုက်ပြီး ပေါက်တော အမတ် ၃ ဦးကို ဆက်လက် ရက်ရွေ့ဆိုင်းထားကြောင်း သိရှိရသည်။

ကြားနာစစ်ဆေးပွဲသို့ ကိုယ်တိုင်တက်ရောက်နားထောင်ခဲ့သူ ရတပ ပါတီမှ ရန်ကုန်တိုင်း ဒေသကြီး ရခိုင် လူမျိုးစု ကိုယ်စားလှယ် ဦးဇော်အေးမောင်က ယခုကဲ့သို့ပြောသည်။

Election-RNDP-party-logo"မနေ့က လျှောက်လဲ ချက်ပေးပါတယ်။ ဦးသိန်းမောင်ကန့်ကွက်လွှာကို ကျွန်တော်တို့ပါတီက ဦးလှမောင် သိန်းကိုတော့ တရားဝင် အနိုင်ပေးလိုက်ပါတယ်။ ပေါက်တောက ရတပ ပါတီကိုယ်စားလှယ်တွေကို ရက်ရွေ့ ထားတယ်။ ဘယ်နေ့ဆိုတာတော့ အတိကျမပြောဘူး။ ခုံရုံးဥက္ကဌ ဦးတင်အေးက စာပေးပို့ပြီးအကြောင်း ကြား လိုက်မယ် လို့ ပြောပါတယ်။"

အဆိုပါ ကြားနာစစ်ဆေးမှူးကို ယခုလ ၂၃ ရက်နှင့် ၂၄ ရက်နေ့များတွင် နေပြည်တော် ရွေးကောက်ပွဲကော် မရှင် အထူးခုံရုံးတွင် ကြားနာ စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ယမန်နေ့က နေပြည်တော် ရွေးကော်ပွဲ အထူးကော်မရှင်ရုံးတွင် ရတပပါတီမှ တင်ခဲ့သည့် တလျှောက်လဲချက် အခြေ အနေနှင့် ပတ်သတ်ပြီး ဦးဇော်အေးမောင်က ယခုကဲ့သို့ ဆက်ပြောသည်။

"လျှာက်လဲချက် အမှုအခြေအနေက ဒီကဖော်ပြတာတွေ သိပ်ကောင်းပါတယ်။ အဓိက ဦးအောင်ကျော်ဇံတို့ က တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး၊ ပြည်ထောင်စုပြိုကွဲရေး စကားတွေကိုပြောပြီး ဟောပြောပွဲတွေမှာ စည်း ရုံးတယ်လို့ သူတို့(ကြံဖွတ်)ကစွပ်စွဲတယ်။ အဲဒီလိုစွပ်စွဲတော့ ဘာကြောင်း အဲဒီခါကတည်းက အာဏာပိုင်တွေ အရေးမယူတာလည်း ဆိုပြီး ဒီဘက်က ရှေ့နေတွေက တင်ပြတယ်။ ရွေးကောက်ပွဲမှာ ရှုံးပြီးမှ စွပ်စွဲခြင်း ဖြစ်တယ်ဆိုပြီး အဲဒါကို ပေါ်လွင်အောင် ဒီဘက်က ရှေ့နေတွေကတင်ပါတယ်။"

ယမန်နေ့က အနိုင်ပေးလိုက်သည့် ရသေ့တောင်မြို့နယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှ မောင်သိန်းမှာ ရွေးကောက်ပွဲတွင်အနိုင်ရခဲ့သော်လည်း ကြံ့ဖွတ်ပါတီကိုယ်စားလှယ် ဦးသိန်းမောင်မှ ကန့်ကွက် လွှာတင်ခဲ့သည့်အတွက် ယခုကဲ့သို့ ကော်မရှင်၏ အဆုံးဖြတ်ကို ပြန်လည်ခံယူခဲ့ရခြင်း ဖြစ်သည်။

ရွေးကောက်ပွဲအပြီး ပြိုင်ဘက် ကြံ့ဖွတ်ကိုယ်စားလှယ်များ တရားစွဲဆိုခဲ့သည့်အတွက် ပေါက်တောမြို့နယ် ရတပပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဦးအောင်ကျော်ဇံ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်သိန်းတို့ကို ရွေးကောက်ပွဲကော်မရှင် အထူးခုံရုံးမှ ဇူလိုင်လ ၆ ရက်နေ့က အရှုံးပေးခဲ့သည်။

ပမထအကြိမ် အမှုဆုံးဖြတ်ပြီး ရက်သုံးဆယ်အတွင်း အယူခံလွှာတင်သွင်းနိုင်သည့်အတွက် ဇူလိုင်လ ၂၀ ရက် နေ့က ရတပပါတီမှ အမှုတခုကို ကျပ်ငွေ ၁၀ သိန်းဖြင့် အယူခံလွှာ တင်သွင်းခဲ့သည့် အတွက် အမူကိုပြန် လည် ကြားနာ စစ်ဆေးခဲ့သည်။

၂၀၁၀ ခုနှစ်အောက်တိုဘာလ ရွေးကောက်ပွဲအပြီးတွင် ရတပ ပါတီမှ အမတ် ၉ ဦးကို ပြိုင်ဘက်ကြံ့ဖွတ်ပါတီ မှ တရားစွဲဆိုခဲ့ပြီး ရတပ ပါတီအမတ် ၆ ဦးကို နေပြည်တော်ရွေးကောက်ပွဲကော်မရှင် အထူးခုံရုံးမှအနိုင် ပေးခဲ့ပြီး ပေါက်တောမြို့နယ်မှ ကိုယ်စားလှယ် ၃ ဦးကို အရှုံးပေးခဲ့သဖြင့် အမူကို ပြန်လည် စီစစ်ရန် အသနားခံရာမှ အခုအခါ သူတို့ (၃) ဦး အမူကို ဆုံးဖြတ်ချက် မပေးနိုင်ဘဲ ဖြစ်နေကြောင်း သိရသည်။

Most read this week