ပလက်ဝ ကြားခံ ဆိပ်ကမ်း ပွင့်လင်းရာသီတွင် အိန္ဒိယက တည်ဆောက်မည်

ပလက်ဝ ကြားခံ ဆိပ်ကမ်း ပွင့်လင်းရာသီတွင် အိန္ဒိယက တည်ဆောက်မည်
by -
မောင်ရမ္မာ

အိန္ဒိယ-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်း သစ်ပေါ်တွင် တည်ဆောက်မည့်စစ်တွေဆိပ် ကမ်း အပြင် ပလက်ဝတွင်လည်းကြားဆိပ်ကမ်း တစ်ခုကို ပွင့်လင်း ရာသီတွင်စတင်တည်ဆောက် သွားမည်ဟု သိရသည်။

Paletwa-Rakhine-state-Burmaအဆိုပါ ကုန်သွယ်ရေး လမ်းကြောင်းသစ်သည် အိန္ဒိယနိုင်ငံအား စစ်တွေ ဆိပ်ကမ်းကို အသုံးပြုပြီး ကုန်သွယ်မှု တိုးမြှင့်ရေးအတွက် လုပ်ဆောင်သော လုပ်ငန်း ဖြစ်သဖြင့့် လာမည့် ၂၀၁၃ ခုနှစ်တွင် အပြီးသတ် တည်ဆောက်မည် ဖြစ်သည်ဟု သိရသည်။

ကုလားတန်မြစ်ကြောင်း ဘက်စုံ ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းတွင် ပါ၀င်သော စစ်တွေ ဆိပ်ကမ်းတည်ဆောက် ရေးနှင့် ပလက်ဝ ကြားခံ ဆိပ်ကမ်း တည်ဆောက်ရေး စီမံကိန်းသည် ဒေသခံ ပြည်သူများ အတွက် အကျိုး တစုံတရာ ရှိမည်မဟုတ်ဟု ကုလားတန်မြစ် လှုပ်ရှားမှုတာဝန်ခံ (coordinator) ကိုအောင်မင်းဦးက ယခုကဲ့သို့ နိရဥ္စရာသို့ ပြောသည်။

" အဓိက ဆိပ်ကမ်း တည်ဆောက်လို့ရှိရင် ဥပမာ စစ်တွေဆိပ်ကမ်းပင်ဖြစ်ဖြစ်၊ ပလက်ဝ ကြားခံ ဆိပ်ကမ်းဘဲ ဖြစ် ဖြစ် ဘယ်နေရာမှာဘ ဲ တည်ဆောက်ဆောက်၊ သင်္ဘောကြီးတွေ သွားလာဖို့ အဓိက ရည်ရွယ်ချက် ဖြစ်ပါတယ်။ တခုလုံးကို ခြံုပြီး ပြောရမယ်ဆိုရင် ကောင်းကျိုးထက် ဆိုးကျိုးက ပိုလို့များ မယ်လို့ ပြောလို့ ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရခိုင် ပြည်မှာ အဓိက လုပ်ကိုင် စားသောက် ကြတာက လယ်ယာလုပ်ငန်းနဲ့ ငါးဖမ်းလုပ်ငန်းဖြစ်တယ်။ ကုလား တန်မြစ်ဟာ ငါးဖမ်းရာမှာသော်၎င်း၊ ဒေသတခုနဲ့တခု၊ တရွာနဲ့တရွာ သွားလာတဲ့နေရာမှာ ကုလားတန် မြစ်ကို အသုံးမပြုလို့ကို မရပါ။ နိုင်ငံခြား သင်္ဘောကြီးတွေ အထူးသဖြင့် အိန္ဒိယက သင်္ဘောကြီးတွေဟာ ပေထောင်နဲ့ချီပြီးတော့ ရှည်ပါတယ်။ အဲဒီသင်္ဘောကြီးတွေ သွားတဲ့အချိန်မှာ ဒေသခံတွေသုံးတဲ့ လှေတွေဟာ သွားလို့ရမှာ မဟုတ်ပါ။ အဲဒီသင်္ဘောတွေသွားလို့ အဝေးကို ရောက်သွားတဲ့ နေရာထိ မြစ်ကို ကူးဖို့နေရာတွေမှာ အခက်အခဲ ရှိပါတယ်။ နောက်တခုက ငါးဖမ်းလို့လည်း ရမှာမဟုတ်ပါ။ တရွာနဲ့တရွာ၊ တမြို့နယ်နဲ့ တမြို့နယ် သွားလာရတာ အခက်အခဲ ရှိနိုင်ပါတယ်။ ကောင်းကျိုးအနေနဲ့ကတော့ တစုံတရာတော့ ရှိနိုင်ပါတယ်။ အထူးသဖြင့် ဆိပ်ကမ်းနားမှာ နေကြတဲ့သူတွေဟာ နိုင်ငံခြားသားတွေ အများကြီး ရောက်တဲ့ အတွက်နဲ့ စားဖွယ် သောက်ဖွယ်တွေ ကုန်ပစ္စည်းတွေကို နိုင်ငံခြားသားတွေကို ရောင်းလို့ ရမယ်။ အဲဒီလို ရောင်းဖို့ အခွင့်အရေးရတဲ့ သူတွေကလည်း အစိုးရနဲ့ နီးစပ်တဲ့ သူတွေကသာ လုပ်ခွင့်ရမယ် ထင်ပါတယ်။ ဒေသခံပြည်သူလူထု အတွက်ကတော့ခါ တစုံတရာထိ အကျိုးရှိမယ်လို့ မထင်ပါ။" ပလက်ဝ ကြားခံဆိပ်ကမ်း တည်ဆောက်ရေး စီမံကိန်းသည် ကုန်သွယ်ရေးကို အကြောင်းပြ သော်လည်း စစ်တပ်အင်အား တိုးချဲ့ရန်နှင့် နယ်စပ်လုံခြံုရေးကို ဖြည့်ဆည်းရန် ရည်ရွယ်ချက်နှစ်ခုဖြင့်တည်ဆောက်ခြင်း သာ ဖြစ်သည်ဟု မြန်မာ့ရေးရာ ဌာန (ဒေလီ) တာဝန်ခံ ကိုကင်းက နိရဥ္စရာသို့ ပြောသည်။

"အဓိက ကျွန်တော်မြင်တာက အကြောင်းရင်း နှစ်ရပ် ရှိတယ်။ ပထမ အချက်က အိန္ဒိယကို ဆက်သွယ်မယ့် ကုလားတန်မြစ်ကြောင်း စီမံကိန်းကို အကြောင်းပြပြီးတော့ စစ်တပ်က အသုံးချဖို့ ဖြစ်တယ်။ ဒုတိယအချက် က သူတို့ နယ်စပ်လုံခြံုရေး အတွက် စစ်တပ်တိုးချဲ့ ချနှိင်ဖို့ဆိုတဲ့ အချက် နှစ်ချက် ဖြစ်ပါတယ်။ပြည်သူတွေ ဖက်က ပြန်ကြည့်မယ်ဆိုရင် အဲဒီဆိပ်ကမ်းကို မဆောက်ခင် ကတည်းက ချင်းပြည်တောင်ပိုင်းပလက်ဝမြို့ နယ်ထဲမှာ စစ်တပ်က နှိပ်စက်လို့ မခံနိုင်ကြပြီ။ ပြောရမယ် ဆိုရင် ရွာတွေကို လာရင်လည်းထမင်းကျွေးရ တယ်။ ကြက်သတ် ပေးရတယ်။ စစ်တပ်နဲ့ ဖြစ်လာရင် ပြည်သူတွေသာ အဓိက နစ်နာ နေကြရပါတယ်။"

ကုလားတန် မြစ်ကြောင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကြောင့် ကုလားတန်မြစ်ဝမှတဆင့် ချင်းပြည်နယ် ပလက်ဝထိ ကုလားတန်မြစ်ကြောင်းတလျှောက် သင်္ဘောကြီးများ ၀င်ထွက် သွားလာ နိုင်အောင် လုပ်ဆောင်ရာ တွင် ရေနေသတ္တဝါများ ပျက်စီးဆုံးရှံုး နိုင်သည့်အပြင် သဘာဝပတ်ဝန်းကျင် ကိုလည်းပျက်စီးဆုံးရှုံးနိုင်သည် ဟု ကိုအောင်မင်းဦးက ယခုကဲ့ ပြောသည်။

" ကျွန်တော်တို့ ကုလားတန်မြစ်တလျှောက်မှာ သဲသောင်တွေ၊ ကျောက်ဆောင်တွေ တောင်ကုန်းတွေ စုစုပေါင်း ၃၀ လောက် တူးပစ်ရမှာဖြစ်ပါတယ်။ အဲဒီ နေရာ ၃၀ ကို တူးပစ်လိုက်တာနဲ့ အဲဒီထဲမှာ နေတဲ့ ရေနေ သတ္တဝါတွေ၊ ကုန်းနေ သတ္တဝါတွေ ပျောက်ကွယ် သွားပါလိမ့်မယ်။ ကျောက်ဆောင် တွေ ဆိုတာ ကလည်း ရေတိုက်စားမှုတွေကို ကာကွယ်ထားတဲ့ ကျောက်ဆောင်တွေ ဖြစ်တယ်။ အဲဒီ အတွက်ကြောင့် တချို့ မြစ် ကမ်းနားမှာ ပေါက်ရောက်နေတဲ့ အပင်တွေဟာ ကျောက်ဆောင်တွေ မရှိတာနဲ့ မြေပြိုပြီး အားလုံးပြိုလဲ ပျက်စီး သွားမှာဖြစ်တယ်။ အဲဒီမှာ ကျက်စားနေကြတဲ့ တိရိစ္ဆာန်တွေ အားလုံး အန္တရာယ်ရှိပါတယ်။ နောက်တခုက ရခိုင်ပြည်မှာ လျှပ်စစ်မီးမရလို့ ထင်းကို လောင်စာအဖြစ် အသုံးပြုနေရတယ်။ ကျွန်တော်တို့ ကျောက် ဆောင်တွေ၊ သစ်တောတွေ အားလုံးကို ဖြုန်းတီး ပစ်မယ် ဆိုရင် ဒေသခံတွေ အတွက် ထင်းရရှိဖို့ အခက်အခဲ ဖြစ်လာနိုင်ပါတယ်။ ကျွန်တော် မြင်တာ ကတော့ သဘာဝပတ်ဝန်းကျင်အနေနဲ့ ရာသီဥတု ဖေါက်ပြန်မှုတွေ၊ ထင်းရှားပါးမှုတွေ ဖြစ်လာ နိုင်ပါတယ်။"

ပလက်ဝသည် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့ကို ပိုင်းခြားထားသော နယ်စပ်မြို့ ဖြစ်ပြီး ကျောက်တော်မှ ရေကြောင်းဖြင့် သွားလာနိုင်သော မြို့ဖြစ်သည်။ ပလက်ဝ ကြားဆိပ်ကမ်းမှတစ်ဆင့် စက်ပစ်ပြင်သို့ကားလမ်း ဖြင့် ဆက်သွယ်သွားမည် ဖြစ်ပြီး စက်ပစ်ပြင်မှ တစ်ဆင့် အိန္ဒိယနိုင်ငံ၏ ကုန်းတွင်းပိုင်း ဒေသ ဖြစ်သော မီဇူရမ်ပြည်နယ်သို့ ဆက်သွယ်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကုလားတန်မြစ်ကြောင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးတွင်ပါ၀င်သော စစ်တွေဆိပ်ကမ်း တည်ဆောက် ရေးနှင့် ပလက်ဝကြားခံ ဆိပ်ကမ်းတည်ဆောက်ရေး အတွက် အမေရိကန်ဒေါ်လာ သန်း ၁၂၀ ခန့် ကုန်ကျခံပြီး အိန္ဒိယကုမ္ပဏီတခုဖြစ်သော Essar က တာဝန်ယူကာ ၂၀၁၃ ခုနှစ်တွင် အပြီး တည်ဆောက် သွားမည်ဟု သိရသည်။

Most read this week