မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ်မှ ရဲသားများ၏ လစာ တဝက်ငွေကို အထက်အရာရှိများမှ ဖြတ်တောက်ယူ

မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ်မှ ရဲသားများ၏ လစာ တဝက်ငွေကို အထက်အရာရှိများမှ ဖြတ်တောက်ယူ
by -
မောင်အေး

မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ်တွင် တာဝန် ထမ်းဆောင်နေကြသော ရဲတပ်သားများ၏ လစာငွေ တဝက်ကို အထက်အရာရှိများမှအကြောင်းအမျိုးမျိုး ပြကာ ဖြတ်တောက်ယူနေသဖြင့် အောက်ခြေရဲတပ် သားများမှာ စားဝတ် နေရေး အထူးအခက်အခဲ ဖြစ်ပေါ်လျှက် ရှိနေကြောင်း သတင်း ရရှိသည်။

Burmese-policeထိုသို့ ဖြတ်တောက် ခံနေရကြောင်းကို မောင်တောမြို့နယ် ကြိမ်ချောင်းရဲစခန်းတွင် တွင်တာဝန် ကျနေသည့် ရဲတပ်ဖွဲ့ဝင် တဦးက နိရဥ္စရာသို့ ယခုလို ပြောသည်။

"ကျွန်တော်တို့ လစာထုုတ်သွားရင် မြို့နယ်ရုံးက ဖြတ်၊ ခရိုင်ရုံးက ဖြတ်နဲ့ လစာ တဝက်လောက် ကုန်သွား တယ်။ ပြီးတော့ လစာထုတ်ပေးတဲ့ အရာရှိတွေက ပြောပါတယ်။ ခင်ဗျာတို့ အခု လက်ရှိ တာဝန်ထမ်းဆောင် နေတဲ့ စခန်းမှာ ဆက်တာဝန် ထမ်းဆောင် ချင်ရင် လစာ တဝက်ကို လစဉ် ဖြတ်တောက်တာ ခံရမယ်။ အဲသလို ပြောပြီး လစာငွေ တဝက်ကို သူတို့ ယူထားလိုက်ပါတယ်"အောက်ခြေ ရဲတပ်သား တစ်ဦး၏ လစာမှာ သုံးသောင်း ငါးထောင်ရှိပြီး ထိုအထဲဲမှာ တဝက်ငွေကို လစဉ်ဖြတ်တောက်ခံနေကြရသည်ဟု သူက ဆက်ပြောသည်။

" ကျွန်တော်တို့ ကြိမ်ချောင်းစခန်းက နယ်စပ်နားမှာ ဆိုတော့ အောက်ဆိုက် နည်းနည်း ရပါတယ်။ ဒါ့ပြင် ကျွန်တော်တို့မှာက မိသားစုတွေနဲ့ ဆိုတော့ အပြင်က စီးပွားရေးတွေလည်း နည်းနည်း ရှိတော့ ကြိမ်ချောင်း စခန်းကနေ တခြားနေရာကို ပြောင်းရွှေ့ရရင် ပိုအခက်အခဲ ဖြစ်သွားနိုင်တဲ့ အတွက် အထက်က လစာတွေကို ထက်ဝက် ဖြတ်တောက်ပေမယ့် ဘာမှ စောဒက မတတ်နိုင်ဘဲ ငြိမ်နေကြရ ပါတယ်။ တခြားတနေရာသို့ ပြောင်းရွေသွားရရင် မိသားစုတွေဝေးသွားပီး ပိုဒုက္ခ ရောက်သွား နိုင်ပါတယ်" ဟု ပြောသည်။

ကြိမ်ချောင်းစခန်းမှာ မောင်တောမြို့နယ် မြောက်ပိုင်း ဘင်္ဂလာဒေချ့်နယ်စပ်တွင် တည်ရှိသည်။ အဆိုပါ ဖြတ်တောက်ယူသော ရဲသားများ၏ လစာငွေ တဝက်ကို ခရိုင်ရဲမှူးကြီး၊ မြို့နယ် ရဲမှူးကြီးများကရုံးစာရေး ကြီးများနှင့် ပူးပေါင်းကာ ခွဲဝေ ယူနေကြသည်ဟု သိရသည်။

လူကြီး ခရီးစဉ် ဧည့်ခံစရိတ် အပါအဝင် လစဉ် မြို့နယ်မှူးနှင့် ခရိုင်ရဲမှူးကို ပေးရသည့်အတွက် ဖြတ်တောက် ရခြင်းဖြစ်သည်ဟု ရုံးစာရေး များက ရှင်းပြကြောင်း ရဲတပ်သားများကပြောသည်။

" ရုံးစာရေးက သူတို့အနေနဲ့ လစာ တဝက်ကို မဖြတ်ရင် သူတို့လည်း အခု နေရာကနေ ပြောင်းရွှေ့ခံရမယ်။ မြို့နယ် ရဲမှူး၊ ခရိုင်ရဲမှူးတွေကို လကုန်တာနဲ့ ပေးနေရတဲ့ အတွက် ခုလို ဖြတ်တောက်ဆိုပြီး ပြောပါတယ်။ အခုလို ဖြတ်တောက်တဲ့ အတွက် ကျွန်တော်တို့မှာ စားဝတ်နေရေး ထိခိုက်နေပါတယ်။ ဒါပေမယ့်ပြောင်းရွှေ့ ခံရမှာကို စိုးရိမ်ပြီး အထက်ကို မတင်ပြရဲဘဲ ဖြစ်နေပါတယ်" ဟုသူက ပြောသည်။

ယခုကဲ့သို့ အောက်ခြေ ရဲသားများ၏ လစာငွေများကို ပုံစံအမျိုးမျိုးဖြင့် ဖြတ်တောက်နေသည်မှာ မောင်တော တမြို့နယ်တွင် မဟုတ်ဘဲ ရသေ့တောင်၊ ဘူးသီးတောင်နှင့် စစ်တွေမြို့နယ်တို့တွင်လည်း ဖြစ်ပွားနေသည်ဟု စစ်တွေ အိုးတန်းမှ ရဲအရာရှိဟောင်း တစ်ဦးက ပြောသည်။

" ရဲတပ်ဖွဲ့ ၀င်တွေက အခုလို လစာ ဖြတ်တောက်ခံနေရတာ ကြာပါပြီ။ နယ်ထိန်း တပ်ဖွဲ့ဝင်တွေ ဆိုရင် သူတို့ လစာကို တပြားမှ မရပါဘူး။ အကုန်လုံး အထက်က ဖြတ်ယူပါတယ်။ သူတို့က အရက်ဆိုင်၊ ဗွီဒီယို ပြစက်ရုံ၊ ချဲထီဒိုင်၊ အနှိပ်ခန်းနဲ့ မှောင်ခိုသမားတွေဆီက ပိုက်ဆံတွေ တောင်းပြီး သူတို့ လစာ အဖြစ်ယူရကြရပါတယ်။ ဒါ့ပြင် အထက်အရာရှိ လာလည်တဲ့ စရိတ်စခဆိုပြီး ဖြတ်တောက် တာတွေလည်း ရှိနေပါတယ်။"

ယခုအခါ စစ်တွေမြို့ကို ဒုစရိုက် ကင်းရှင်းရေးမြို့အဖြစ် ဆောင်ရွက်ရမည်ဟု အထက်က အမိန့် ထုတ်ထား သဖြင့် နယ်ထိန်းများမှာ ယခင်ကလို ငွေယူ၍ မရဘဲ မှောင်ခို ဒုစရိုက်ဂိုဏ်းများကို နှိမ်နှင်းနေရကြရသဖြင့် ၀င်ငွေ နည်း၍ အခက်ကြံုတွေ့နေကြရသည်ဟု သူက ပြောသည်။

Most read this week