ရခိုင်စာပေ ဟောပြောပွဲ ရန်ကုန်တွင် ကျင်းပမည်

ရခိုင်စာပေ ဟောပြောပွဲ ရန်ကုန်တွင် ကျင်းပမည်
by -
ထွန်းထွန်း

ရန်ကုန်တွင် ပထမ အကြိမ်မြှောက်ရခိုင်စာပေဟော ပြောပွဲ တစ်ခုကို ရခိုင်ပညာရှင်များနှင့်အတူ ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

Rakhinestateflagအဆိုပါ ဟောပြောပွဲကို ယခုလ ၁၂ ရက်နေ့တွင် ရန်ကုန်မြို့ ရွှေတိဂုံ အရှေ့ဘက် စောင်းတန်းရှိ ရခိုင် ဓမ္မာရုံတွင် ကျင်းပမည်ဖြစ်သည်။

ရခိုင်သ မိုင်း သုတေသီများဖြစ်ကြသည့် ဆရာကြီး ဒေါက်တာစောထွန်းအောင်၊ ဆရာကြီး ဦးထွန်းရွှေခိုင်၊ ရခိုင်ဝန်ကြီး ဦးဇော်အေးမောင်တို့ တက်ရောက် ဟောပြောကြမည် ဖြစ်သည်။

စာပေဟောပြောပွဲ ကျင်းပရသည့် ရည်ရွယ်ချက်ကို အခမ်းနား ဖြစ်မြောက်ရေး ကော်မီတီ ရခိုင် ကျောင်းသား လူငယ်များ ယဉ်ကျေးမူ မြင့်တင်ရေး အဖွဲ့ ဥက္ကဌ ကိုကျော်မင်းခိုင်က ယခုကဲ့သို့ နိရဥ္စရာကို ပြောသည်။

" ဒီစာပေဟောပြောပွဲကို ပြုလုပ်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ ရခိုင်လူငယ်များ ယဉ်ကျေးမှု မြှင့်တင်ရေး၊ ရခိုင်စာပေ မပျောက်ပျက်အောင် ထိန်းသိမ်းရေး၊ အမျိုးသားရေး စိတ်ဓာတ်မြှင့်တင်ရေး၊ ရခိုင်စာပေ ရေးသားရေး စနစ် ပေါ်ပေါက်လာရေး၊ ရန်ကုန်ရောက် ရခိုင်သားများ စည်းလုံး ညီညွတ်ရေး၊ နောက်တခုက သမိုင်းလိမ် ရေးနေတဲ့ ရခိုင် ပြည်ကနေ ပြည်ပကို ရောက်ရှိနေတဲ့ လူတစုရဲ့ လုပ်ရပ်ကို ဖေါ်ထုတ်ရေးတို့ ဖြစ်ပါတယ်" ဟုပြောသည်။

စာပေ ဟောပြောပွဲတွင် ဒေါက်တာစောထွန်းအောင်က ဆရာကြီး ဦးစံသာအောင်၏ ရခိုင့် သမိုင်း ဆိုင်ရာ လေ့လာချက်၊ ဦးထွန်းရွှေခိုင်က ရခိုင်သမိုင်း၊ ရခိုင်စာပေနှင့် ပတ်သက်ပြီး မေးခွန်းများကို ဖြေဆိုရန်နှင့် ဦးဇော်အေးမောင်က ရခိုင့် စာပေနှင့် ခေတ် သစ်လူငယ် အခန်းကဏ္ဍတို့ကို အသီးသီးဟောပြောကြမည် ဖြစ်ကြောင်း သိရသည်။

အခမ်းအနားကို ရခိုင်ကျောင်းသားလူငယ်များ ယဉ်ကျေးမှုအဖွဲ့မှ ဦးဆောင် ကျင်းပမည်ဖြစ်သည်။

အဆိုပါနေ့တွင် စာပေဟောပြောပွဲနှင့် အတူ နှစ် (၃၀) ပြည့်မြောက် သမိုင်းဆရာကြီး ဦးစံသာ အောင်နေ့ နှင့် နှစ် (၂၀) မြောက် သမိုင်းဆရာကြီး ဦးဦးသာထွန်းနေ့ တို့ကိုပါ တပြိုင်တည်း ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

Most read this week