ရခိုင်နှင့် ကရင်တော်လှန်ရေး သမား ၃၁ ဦးကို မြန်မာ မိသားစုများက ဒေလီတွင် ဂုဏ်ပြု

ရခိုင်နှင့် ကရင်တော်လှန်ရေး သမား ၃၁ ဦးကို မြန်မာ မိသားစုများက ဒေလီတွင် ဂုဏ်ပြု
by -
နိရဥ္စရာ သတင်းဌာန

ထောင်ထဲမှ များမကြာခင် လွှတ်မြောက်လာသူ ရခိုင်နှင့် ကရင် ၃၁ ဦးကို ယမန်နေ့ ညနေပိုင်းက နယူးဒေလီမြို့တွင် ဂုဏ်ပြုပွဲ တရပ်ပြုလုပ်ခဲ့သည် ဟု သိရသည်။

အဆိုပါ ဂုဏ်ပြုပွဲကို နယူးဒေလီရှိ ရခိုင်မိသားစုများနှင့် မြန်မာ မိသားစုများက စုပေါင်းပြီး ဟိုတည် ခန်းမ တစ်ခုတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ အခမ်းအနားသို့ ကုလသမဂ္ဂမှ ကိုယ်စားလှယ်များ၊ အမျိုးသား ညွန့်ပေါင်းအစိုးရ အဖွဲ့မှ ၀န်ကြီးများ၊ သူတို့ လွှတ်မြောက်ရေး အတွက် အကျိုးဆောင်ပေးခဲ့သူ အိန္ဒိယမှ ရှေ့နေများနှင့် မြန်မာနိုင်ငံသားများ၊ ရခိုင်ခေါင်းဆောင်များ၊ ချင်းအမျိုးသား အမျိုးသမီးများ စုစုပေါင်း ၁၀၀ ကျော်ခန့် တက်ရောက်ခဲ့သည်ဟု သိရသည်။
31-comrades
ဂုဏ်ပြုပွဲကို တက်ရောက်ခဲ့သူ ကိုဓညလင်းက သူတို့ ဂုဏ်ပြုပွဲနှင့် ပတ်သက်ပြီး ယခုကဲ့သို့ ပြောသည်။

" ကျနော်တို့ ၃၁ ယောက်ကို ထောင်ထဲက ၁၃ နှစ် ကြာမှ လွတ်လာတဲ့ အတွက်နဲ့ ဒီ နယူး ဒေလီ မှာရှိတဲ့ ရခိုင်ကွန်မြူနတီ အဖွဲ့စည်းနဲ့ ဗမာ ကွန်မြူ နတီ အဖွဲ့စည်းတွေက ဝိုင်းဝန်းပြီးတော့ ဂုဏ်ပြုပွဲ ကျင်းပ ပေးတာ ဖြစ်ပါတယ်။ နောက်ပြီး ဂုဏ်ပြုပွဲ အပြင် ကျနော်တို့ကလည်း ကျနော်တို့ ၃၁ ယောက်လွတ်မြောက်ရေး အတွက် အနှစ်နှစ် အလလက ကြိုးပမ်းပေးတဲ့ ပုဂ္ဂုလ်တွေ၊ နိုင်ငံရေး အဖွဲ့စည်းတွေ အားလုံးကို ကျနော်တို့ ကလည်း ကျေးဇူးတင်စကား ပြောကြားတဲ့တွက် သူတို့ကိုလည်း ဂုဏ်ပြုရာ ရောက်တဲ့အတွက် ဒီဂုဏ်ပြုပွဲဟာ ကျနော်တို့တတွေကိုသာ ဂုဏ်ပြုတာမဟုတ်ဘဲ ကျနော်တို့ကို ကူညီတဲ့ သူတွေကို ဂုဏ်ပြုတဲ့ပွဲ ဆိုရင်လည်း မမှားပါဘူး"

ဂုဏ်ပြုပွဲနှင့် ပတ်သက်ပြီး ခံစားရမူနှင့် သူ၏ အမြင်ကိုလည်း ယခုကဲ့သို့ ပြောသည်။

" ဒီဂုဏ်ပြုပွဲနဲ့ ပတ်သက်ပြီး ကျနော်တို့ အတိုင်းထက် အလွန် လိူက်လိူက်လှဲလှဲနဲ့ ဝမ်းမြောက် ဝမ်းသာ ခံစားရပါတယ်။ ဘာလို့လဲဆိုတော့ ဂုဏ်ပြုပွဲမှာ ကျနော်တို့ တယောက်ချင်းက ဂုဏ်ပြု စကား ပြောကြား ပါတယ်။ ဓာတ်ပုံတွေ ရိုက်တယ်။ ကျနော်တို့တွေ ထောင်ထဲမှာ ကြံ့ကြံ့ခံပြီး နေခဲ့တဲ့ အတွက် ကျနော်တို့ကို နှစ်ရှည်လများ အကျဉ်းကျခံနေရသူများအဖြစ်နဲ့ တော်လှန်ရေး နိုင်ငံရေး သမားတွေ အဖြစ် အသိမှတ်ပြုတဲ့ အတွက် ကျနော်တို့ တော်တော်လည်း ဝမ်းမြောက် မိပါတယ်။ ဂုဏ်ပြုပွဲမှာ ကျနော်တို့ကို ချီးကျူး စကားပြော ကြ ပါတယ်။ နောက်ပြီး အခုနားကပြောသလို ဒီလူတွေ အနေနဲ့ အခုလို ပြုလုပ်တာဟာလည်း ကျနော်တို့ လွတ်မြောက်လို့ ဒီနေရာမှာရှိတဲ့ ရခိုင်၊ဗမာ အဖွဲ့စည်းတွေက သောင်းသောင်းဖျဖျ ကြိုဆိုကြတာတွေ ရှိတဲ့ အပြင် အဲဒီ လူတွေ အတွင်းမှာလည်း စည်းလုံး ညီညွတ်မှုကို ရရှိစေတယ်ဆိုတာကို တွေ့ရတဲ့ အတွက် ၀မ်းသာ စရာကောင်းပါတယ်။ ကျနော်တို့ လွတ်မြောက်လာခြင်းသည် ကျနော်တို့ တခုတည်း လွတ်မြောက်ခြင်း မဟုတ်ဘဲနဲ့ အားလုံး ရခိုင်၊ ဗမာ ကွန်မြူနတီ တခုလုံး စည်းလုံး ညီညွတ်မှုကို ရရှိစေတယ်လို့ကျနော်မြင် ပါတယ်" ဟု ပြောသည်။

ဂုဏ်ပြုပွဲတွင် တက်ရောက်လာသူများက မိန်းခွန်းများ အသီးသီး ပြောဆိုကြပြီး သက်ဆိုင်ရာ အမျိုးသား သီချင်းများကိုလည်း သီဆိုခဲ့ကြသည်ဟု သိရသည်။

Most read this week