ယခုနှစ် သင်္ကြန်အတွက် ရခိုင် သံချပ်ခွေတစ်ခု အပါအဝင် သီချင်းခွေ သုံးခု ထွက်ရှိလာကြောင်း နိရဥ္စရာမှ ရေးသားတင်ပြထားသော သတင်းတွင် အမှားအယွင်းများ ပါ၀င်သွားပါသဖြင့်အောက်ပါ အတိုင်း ပြန်လည် ပြင်ဆင်အပ်ပါသည်။
ထွက်ရှိလာသော သီချင်းခွေများမှာ ဦးကျော်လှ၏ “ သောက်ဆန်း သင်္ကြန်” ၊ ခိုင်ကျော်လင်း ဦးဆောင် စီစဉ်သည့် “သင်္ကြန် ပိတောက်” နှင့် စုပေါင်းသီဆိုထားသော “ ဘူးသီး ခရမ်းသီး အခင်ကြီး” တို့ မှာ ဖြစ်ပါသည်။ အဆိုပါ အခွေများတွင် တေးဆိုသူများနှင့် သီချင်းခွေမှာ လွဲမှားနေပါသည်။
အမှန်မှာ ကိုခိုင်ကျော်လင်း စီစဉ်သော “ သင်္ကြန်ပိတောက်တွင်” ပါ၀င်သော သီဆိုထားသော ရခိုင် အဆိုတော်များမှာ ခိုင်ကျော်လင်း၊ မျိုးရခိုင်၊ ခိုင်မင်းသွီး၊ ညှာစိမ်းခိုင်နှင့့် ၀တီစိုးမိုးတို့ ဖြစ်သည်။
ကိုဦးမောင်သိန်း၊ မောင်ကိုကို၊ စောနှင်းနွယ်နှင့် ငြိမ်းစန္ဒာတို့ ပါ၀င်ခြင်း မရှိပါ။ သူတို့ ပါ၀င်သော တိတ်ခွေမှာ “ဘူးသီးခရမ်းသီး အခင်ကြီး” ဖြစ်ပါသည်။
“ ဘူးသီး ခရမ်းသီး အခင်ကြီးခွေ” တွင် ပါ၀င်သီဆိုထားသူများမှာ ဦးမောင်သိန်း၊ ဦးထွန်းဝေ (ပညာရေး)၊ မောင်ကိုကို၊ ရဲလင်းအောင်၊ ငြိမ်းစန္ဒာ၊ စောနှင်းနွယ်၊ သန်းသန်းဆင့် (ပညာရေး)နှင့် ချစ်သက်စုစံ (ဒိုးကလေး)တို့ ဖြစ်သည်။ အဆိုပါ အခွေအား စီစဉ်သူမှာ ကိုစောရွှေမောင်(ကံဆိပ်)နှင့် ဒါရိုက်တာမှာ မင်းမြတ်ပိုင် ဖြစ်သည်။ သံစိုင်နှင့် စာသားကို ကိုစံထွန်းလှ (ပေါက်တော)မှ စီစဉ်သည်ဟု သိရပါသည်။