မြို ့နယ် ၃ မြို ့နယ် ရခိုင်ပြည်နယ်တွင် တိုးချဲ ့

မြို ့နယ် ၃ မြို ့နယ် ရခိုင်ပြည်နယ်တွင် တိုးချဲ ့
by -
စံလင်း
နအဖ စစ်အစိုးရမှ ရခိုင်ပြည်နယ်တွင် မြို ့နယ် ၃ ခုကို တိုးချဲ့လိုက်ပြီ ဖြစ်ကြောင်း သတင်း...

နအဖ စစ်အစိုးရမှ ရခိုင်ပြည်နယ်တွင် မြို ့နယ် ၃ ခုကို တိုးချဲ့လိုက်ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

တိုးချဲ့လိုက်သော မြို့နယ်များမှာ မအီမြို့နယ်၊ ကျိန္တလီ မြို့နယ်နှင့် တောင်ပြိုလက်ဝဲမြို့နယ် များဖြစ်သည်။ ယခင်က ရခိုင်ပြည်နယ်တွင် မြို ့နယ် ၁၇ မြို ့နယ်သာ ရှိသဖြင့် ယခုအခါ မြို့နယ် ၂၀ ထိ ရှိလာခဲ့သည်။

အသစ်တိုးချဲ ့လိုက်သော မအီမြို နယ် နှင့် ကျိန ္တလီ မြို ့နယ်များမှာ သံတွဲခရိုင် အတွင်း တည်ရှိပြီး တောင်ပြိုလက်ဝဲ မြို့နယ်မှာ မောင်တောခရိုင် အတွင်း တည်ရှိသည်။ ယခုကဲ့သို့ ရခိုင်ပြည်နယ် အတွင်း မြို ့နယ် ၃ ခု တိုုုုးချဲ ့လိုက်မူ အပေါ် တက်ကနက်မြို့ကို ရောက်ရှိနေသော ကုန်သည် တဦးက ယခုကဲ့သို့ ပြောသည်။

“ မအီကို မြို့နယ် အဖြစ် သတ်မှတ်လိုက်တယ်လို့ ကြားရပါတယ်။ ဒါပေမယ့် မြို့နယ် တခုလိုတော့ ဆောင်ရွက်နေတာတွေ မတွေ့ရသေးဘူး။ မြို့နယ်တွေ တိုးလာတာတော့ ကောင်းပါတယ်။ မြို့တွေတိုးလာရင် မြို့တွေကို မြို့ အင်္ဂါရပ်နဲ့ အညီ တည်ဆောက်ပေးဖို့ လိုမယ်ထင်ပါတယ်။ အခု ရခိုင်က မြို့တော်တော်များမှာ ဆေးရုံတွေ၊ ကျောင်းတွေနဲ့ အစိုးရ အဆောက်အဦးတွေက အရမ်းနိမ့်ကျနေပြီး ဗမာဘက်က မြို့တွေနဲ့ ဆိုရင် အရမ်းကြီးကွာဟ နေပါတယ်။”

ရခိုင်ပြည်နယ်တွင် အင်္ဂလိပ် ခေတ်ကတည်းက မြို့နယ် ၁၇ ခုရှိခဲ့ပြီး လွတ်လပ်ရေး ရပြီး ၆၂ နှစ် အတွင်း ယခုကဲ့သို့ မြို့နယ် သုံးမြို့နယ် တိုးချဲ့လာခဲ့ခြင်း ဖြစ်သည်။

ယခုအချိန်တွင် ရခိုင်ပြည်နယ်တွင် မြို ့နယ်ပေါင်း ၂၀ နှင့် ခရိုင် ၄ ခုရှိပြီး ကမ်းရိုးတန်း အရှည်မိုင် ၃၆၀ နှင့် ဧရိယာအကျယ်အဝန်း ၁၄၂၀၀ စတုရန်းမိုင် ရှိသည်။ လူဦးရေ စုစုပေါင်း ၃ သန်းကျော်နေထိုင်သော ပြည်နယ်တစ်ခုဖြစ်သည်ဟု နအဖ စစ်အစိုးရက ပြောသည်။

သို့သော်လည်း ယခုအချိန်ထိ စက်ရုံ အလုပ်ရုံ တခု မရှိသည့် အပြင် တနေ့ ၂ နာရီကျော်သာ မီးရရှိပြီး စစ်တပ်များ အဆမတန် ချထားကာ ရခိုင် စီးပွားရေး လုပ်ငန်းများကို လက်ဝါးကြီး အုပ်ထားသဖြင့် ရခိုင်ပြည်နယ်မှာ မြန်မာနိင်ငံတွင် အဆင်းရဲဆုံး ပြည်နယ် တခုဖြစ်သည်။

စစ်တွေ လုပ်ကွက် အမှတ် A- 1 နှင့် ကျောက်ဖြူ A- 3 နှင့် မြဓါတ်ငွေ့သိုက်များမှ ဓါတ်ငွေ့များကို ယခုအခါ တူးဖေါ်နေပြီး အဆိုပါ ဂတ်စ်ကို တရုတ်နိုင်ငံသို့ တင်ပို့ ရောင်းစားထားသဖြင့် နအဖ စစ်အစိုးမှ နှစ်ပေါင်း ၃၀ အတွင်း အမေရိကန် ဒေါ်လာ သန်းပေါင်း ၂၄၀၀၀ (နှစ်သောင်း လေးထောင်) ရရှိမည်ဟု သိရသည်။

Most read this week