အဝကျွန်း ဆရာတော်ကြီး ဦးကေလာသ ပျံလွန်တော်မူ

အဝကျွန်း ဆရာတော်ကြီး ဦးကေလာသ ပျံလွန်တော်မူ
ဘင်္ဂလာဒေချ့် နိုင်ငံ အဝကျွန်း တာတော်လီ ကျေးရွာရှိ ဇေယျရာမ သီရိမင်္ဂလာ ကျောင်းတိုက်တွင် သီတင်းသုံး နေထိုင်တော်မူသော သက်တော် ၈၃ နှစ် ၀ါတော် ၅၆ ၀ါရှိသော ဆရာတော်ကြီး ဦးကေလာသသည် ယနေ့နံနက်က ဘဝနတ်ထံ ပျံလွန်တော်မူ ...

ဘင်္ဂလာဒေချ့် နိုင်ငံ အဝကျွန်း တာတော်လီ ကျေးရွာရှိ ဇေယျရာမ သီရိမင်္ဂလာ ကျောင်းတိုက်တွင် သီတင်းသုံး နေထိုင်တော်မူသော သက်တော် ၈၃ နှစ် ၀ါတော် ၅၆ ၀ါရှိသော ဆရာတော်ကြီး ဦးကေလာသသည် ယနေ့နံနက်က ဘဝနတ်ထံ ပျံလွန်တော်မူသွားသည်။

ဆရာတော်ကြီးမှာ ယမန်နေ့ နေ့လည်ပိုင်းထ်ိ ကျန်းကျန်းမာမာ ရှိနေခဲ့ပြီး မွန်းတည့် ဆွမ်းသုံးပြီီး နောက်ပိုင်းတွင် အနည်းငယ် နေမကောင်း ဖြစ်လာသဖြင့် ဘုန်းတော်ကြီး ကျောင်းတွင် ဆေးဝါးကုသနေစဉ် အခြေအနေပို ဆိုးဝါးလာပြီး ယနေ့နံနက် ၁၀ နာရီီ ၁၅ မိနစ်တွင် ဘဝ နတ်ထံ ပျံလွန်တော် မူသွားခဲ့သည်။

ဆရာတော်ဘုရားကြီးမှာ အဝကျွန်း ပြားသရက်ချောင်း ဇာတိ ဖြစ်ပြီး ငယ်စဉ်ကပင် မိဘနှစ်ပါးမှာ ကွယ်လွန်တော် မူသွားခဲ့သည်ဟု သိရသည်။

ဆရာတော်ဘုရားကြီး ရုပ်အလောင်းကို ရခိုင်ရိုးရာ ယဉ်ကျေးမူ ဓလေ့ထုံးတန်းစဉ်လာ အရ လောလောဆယ်တွင် ကာကလပ်တင်ထားမည် ဖြစ်ပြီး သင်္ဂြိုလ်မည့် အစီအစဉ်ကို တပည့်တကာ သားသမီးများနှင့် ဆွေးနွေးတိုင်ပင်ပြီး စီစဉ်သွားမည် ဖြစ်ကြောင်း ဒေသ လူကြီး တဦးဖြစ်သူ ဦးမောင်ဟန်သာက ပြောသည်။

စစ်တွေ၊ ရန်ကုန်အပါအဝင် မြန်မာနိုင်ငံမှ မြို့အတော်များများတွင် ဆရာတော်ကြီးမှာ လောကီ လောကုတ္တရာ စာပေများကို သင်ကြားပြီး ဘင်္ဂလာဒေချ့် နိုင်ငံတွင် အကျော်အမော် ဆရာတော်ကြီး တပါး ဖြစ်သည်။

ဆရာတော်ကြီး မပျံလွန်မှီ ၂၀၀၉ ခုနှစ် မတ်အတွင်းက နိရဥ္စရာ သတင်းဌာနမှ အယ်ဒီတာ ကိုခိုင်မြတ်ကျော်အား အင်တာဗျူးပေးခဲ့ပြီး အဆိုပါ အင်တာဗျူးကို Arakanpost ဧပြီလထုတ် သတင်းဂျာနယ်တွင် ဖေါ်ပြခဲ့သည်။

ဆရာတော်ဘုရားကြီးက သူအင်တာဗျူးတွင် “ စည်းလုံးညီညွှတ်မူမှာ ရခိုင်ပြည် ၀တီလေးရပ်စလုံးမှာ ရှိရမယ်။ ၀တီလေးရပ်ဟာ တရပ်နဲ့ တရပ် မညီမညွတ် ဖြစ်နေရင် ရခိုင် လူမျိုးတွေ တိုးတက်အောင်မြင်နိုင်မယ်ဆိုတာ ဆရာတော်ကြီး မယုံကြည်ဘူး။ နွားကြားလို့ ကျားစားတယ် ဆိုသလို ရခိုင်လူမျိုးတွေ မညီညွှတ်တဲ့ အတွက် လူမျိုးခြားတွေဆီမှာ အောက်ကျ နောက်ကျ ဖြစ်နေကြရတယ်။ ကိုယ်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ သာသနာနဲ့ ကိုယ်အိမ်ကိုယ့်ယာ တည်တံ့အောင် ရခိုင်သားတွေ ညီညွှတ်ကြပါလို့ ပြောချင်ပါတယ်။” ဟု မိန့်ကြားသွားခဲ့သည်။

Most read this week