အဝိုင်းမှ သုံးထောင့်သို့ ပြောင်းခ ကညန မှ ၆၁၅၀၀ ကျပ် ကောက်ခံ

အဝိုင်းမှ သုံးထောင့်သို့ ပြောင်းခ ကညန မှ ၆၁၅၀၀ ကျပ် ကောက်ခံ
စစ်တွေတွင် ကုန်လမ်း သယ်ယူပို့ဆောင်ရေး ကညနမှ သုံးဘီး မော်တော် ဆိုင်ကယ်များ၏ ယခင် နံပတ် ကဒ်ပြား အဝိုင်းကို ဖျက်သိမ်းပြီး သုံးထောင့် ကဒ်ပြား အသစ်များ ထုတ်ပေးရာတွင် ဆိုင်ကယ် တစီးစီမှ ငွေ ၆၁၅၀၀ ကျပ် ကောက်ခံနေ ...

 
မင်းဆက်ခိုင် (နိရဥ္စရာ) စစ်တွေတွင် ကုန်လမ်း သယ်ယူပို့ဆောင်ရေး ကညနမှ သုံးဘီး မော်တော် ဆိုင်ကယ်များ၏ ယခင် နံပတ် ကဒ်ပြား အဝိုင်းကို ဖျက်သိမ်းပြီး သုံးထောင့် ကဒ်ပြား အသစ်များ ထုတ်ပေးရာတွင် ဆိုင်ကယ် တစီးစီမှ ငွေ ၆၁၅၀၀ ကျပ် ကောက်ခံနေသည်။
 
အမည်မဖေါ်လိုသူ ပိုင်ရှင် တဦးက “အရင်က အဝိုင်း၊ အခုထုတ်ပေးတာက သုံးထောင့်၊ ဒါဘဲ ကွာပါတယ်။ နံပတ်လည်း အတူတူပါဘဲ။ ဒါကို ၆၁၅၀၀ ကျပ်ပေးသွင်း ရမယ်ဆိုပြီး အမိန့်ထုတ်တဲ့အတွက် သုံးဘီး ပိုင်ရှင်တွေက အထူးကို အခက်ကြံုနေကြရပါတယ်” ဟု ပြောသည်။
 
ယခင် သုံးဘီး ဆိုင်ကယ် တစီးစီမှ အဝိုင်း နံပတ် ကဒ်ပြားများ အတွက် ကျပ်ငွေ (၂) သိန်းစီ ကောက်ခံခဲ့ပြီး ယခု တဖန် အဝိုင်းကို သုံးထောင့် လုပ်ကာ ကညနမှ ကျပ်ငွေ နောက်ထပ် ၆၁၅၀၀ ကောက်ခံနေခြင်း ဖြစ်သည်။
 
“တနှစ်ရင်းလို့မှ ကျပ်ငွေ တသိန်း အမြတ် ရရှိဖို့ နေနေသာသာ၊ ဒီအထဲမှာ တခါ အဝိုင်းကနေ သုံးထောင့်ကို ပြောင်းလိုက်၊ ပြောင်းခအတွက် ငွေတွေ အဆမတန်ကောက်၊ ဒါတွေအားလုံးက သူတို့ စားပေါက်ထွင်တာ ဖြစ်ပါတယ်” ဟု သူက ဆက်ပြောသည်။
 
ယခုကဲ့သို့ နံပတ် ကဒ်ပြား သုံးထောင့်များကို ထုတ်ပေးပြီး ငွေ ၆၁၅၀၀ ကျပ်ကို စစ်တွေရှိ ကညန၊ မထသနှင့် ပို့ဆက် အဖွဲ့ သုံးဖွဲ့မှ ပြုလုပ်ခြင်း ဖြစ်သည်ဟု သိရသည်။
 
၎င်းပြင် သုံးဘီး ဆိုင်ကယ်မောင်းသူ တဦးမှလည်း “ယဉ်ထိန်း ရဲတွေက နံပတ်ကဒ်ပြား အသစ်မပါရင် ဖမ်းဆီးမယ် ဆိုပြီး ပြောဆိုထားတဲ့အတွက် အခုအခါ နံပတ်ကဒ်ပြား အသစ် မပါဘဲ မောင်းဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး” ဟု ပြောသည်။
 
ကညန အရာရှိများမှလည်း သူတို့တောင်းခံထားသော ကျပ်ငွေ ၆၁၅၀၀ ကိုမပေးလျှင် အဆိုပါ သုံးဘီး ဆိုင်ကယ်များကို အိမ်တွင် အသုံးပြုရန်နှင့် လူတင်မူများ မပြုလုပ်ရန် ပြောကြားထားသည်ဟု သ်ိရသည်။
 
ရခိုင်ပြည်နယ် အနှံ့ စီးပွားရေး အကျပ်အတည်း ဆိုက်ရောက်နေချိန်တွင် ယခုကဲ့သို့ သုံးဘီး ဆိုင်ကယ်များမှ ကဒ််ပြား အသစ်လှဲခ ကျပ်ငွေ ၆၁၅၀၀ ကျပ်ကောက်ခံနေသဖြင့် ပိုင်ရှင်များမှာ အထူး ဒုက္ခရောက်နေကြရသည်ဟု သိရသည်။

Most read this week