အင်းစိန်ထောင်ရှေ့တွင် တကိုယ်တော် ဆန္ဒပြသူ ကိုဇော်ညွန့် ဖမ်းဆီခံရ

အင်းစိန်ထောင်ရှေ့တွင် တကိုယ်တော် ဆန္ဒပြသူ ကိုဇော်ညွန့် ဖမ်းဆီခံရ
by -
မောင်ရမ္မာ
အင်းစိန်ထောင်ရှေ့တွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြှောက်ရေး အတွက် တကိုယ်တော် ဆန္ဒပြသူ ကိုဇော်ညွန့် ယနေ့တွင် ဖမ်းဆီးခံရသည်ဟု သိရသည်။ အင်စိန်ထောင်အနီး လုံခြံုရေးယူထားသော လုံခြံုရေး တပ်ဖွဲ့ဝင်များက သူ့အား ဆန္ဒပြရာ နေရာမှ ဖမ်းဆီး ခေါ်ဆောင်သွား ...

အင်းစိန်ထောင်ရှေ့တွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြှောက်ရေး အတွက် တကိုယ်တော် ဆန္ဒပြသူ ကိုဇော်ညွန့် ယနေ့တွင် ဖမ်းဆီးခံရသည်ဟု သိရသည်။

အင်စိန်ထောင်အနီး လုံခြံုရေးယူထားသော လုံခြံုရေး တပ်ဖွဲ့ဝင်များက သူ့အား ဆန္ဒပြရာ နေရာမှ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု မျက်မြင် တဦးက ပြောသည်။

“နေ့လည် တနာရီခွဲလောက်မှာ ကိုဇော်ညွန့်ဟာ အောင်သုခလမ်းထဲက ထွက်လာပါတယ်၊ ကျနော်တို့လည်း ဘယ်သူမှန်း မသိတော့ အစပိုင်းမှာ အာရုံ သိပ်မစိုက်ဖြစ်ပါဘူး။ အင်းစိန် လမ်းမကြီး ပေါ်ရောက်တဲ့အခါ အင်းစိန်ထောင် ဗူးဝကို မျက်နှာလှည့်ပြီးတော့ သူ့မှာပါလာတဲ့ အဝတ်ခုကို ဖြန့်ပါတယ်။ အဲဒီ အဝတ်ထဲမှာ “ အမေစုကို ကာကွယ်သင့်ပြီ”ဆိုတဲ့ စာကို ရေးသားထားပြီး အဲဒီ စာတန်းကို ကိုင်ပြီး သူက ဆန္ဒပြတာ ဖြစ်ပါတယ်။”

အလားတူ အခြားမျက်မြင်တဦးကလည်း “သူ့က ဒေါ်စုအပေါ် တရားစီရင်တာကို လာရောက် နားထောင်နေကြတဲ့ လူထုဖက်ကို လှည့်ပြီးတော့ သူက မြန်မာပြည် အမျိုးသားသင့်မြတ်ရေးနဲ့ စစ်မှန်သောဒီမိုကရေစီရရှိရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ပေးပါ ဆိုပြီးတော့ အော်ဟစ် တောင်းဆိုပါတယ်”ဟု ပြောသည်။

ထိုကဲ့သို့ အော်ဟစ်တောင်းဆိုနေစဉ် လုံခြံုရေး ယူထားသော ရဲသားများ ချက်ချင်း ရောက်ရှိလာပြီး သူ့ကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။

တကိုယ်တော် ဆန္ဒပြတောင်းဆိုသူ ဦးဇော်ညွန့်မှာ ဗိုလ်ကြီးဟောင်းတဦးဖြစ်ပြီး လွန်ခဲ့သော ၂၀၀၇ ခုနှစ်အရေးအခင်းတွင် ကိုထင်ကျော်နှင့် အတူ ဆန္ဒပြခဲ့သည့်အတွက် အာဏာပိုင်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသူဖြစ်သူဟု သိရှိရသည်။

ဦးဇော်ညွန့်ကို လုံခြံုရေး တပ်ဖွဲ့ဝင်များက ဖမ်းဆီးပြီးနောက် ချက်ချင်း အင်းစိန်စျေးပေါ်သို့ ခေါ်ဆောင်သွားခဲ့ပြီး ယခုအခါ မည်သည့်နေရာကို ခေါ်ဆောင်သွာသည်ကို မသိရှိ သေးကြောင်း အဆိုပါ မျက်မြင်မှ ပြောသည်။

Most read this week