စံပြကျေးရွာများတွင် အခြေချနေထိုင်မည့် ဗမာပြည်မှ မိသားစုများ စစ်တွေသို့ ရောက်ရှိ

စံပြကျေးရွာများတွင် အခြေချနေထိုင်မည့် ဗမာပြည်မှ မိသားစုများ စစ်တွေသို့ ရောက်ရှိ
ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ်တွင် တည်ဆောက်နေသော စံပြကျေးရွာများတွင် နေထိုင်မည့် ဗမာပြည်မှ မိသားစု အများအပြားသည် ယမန်နေ့က ရန်ကုန်မှ တဆင့် စစ်တွေသို့ ရောက်ရှိလာ ...

ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ်တွင် တည်ဆောက်နေသော စံပြကျေးရွာများတွင် နေထိုင်မည့် ဗမာပြည်မှ မိသားစု အများအပြားသည် ယမန်နေ့က ရန်ကုန်မှ တဆင့် စစ်တွေသို့ ရောက်ရှိလာသည်။

မျက်မြင် တဦးက “လူပေါင်း ၅ဝဝ လောက်ရှိမယ်ထင်ပါတယ်။ ပင်လယ်ကူး သင်္ဘောနဲဲ့ လာကြတာပါ။ စစ်တွေ ဖေါင်တော်ကြီးက တဆင့် သူတို့ကို ကားတွေနဲ့ ဘူးသီးတောင် သင်္ဘောဆိပ်ကို ယူဆောင်သွားပါတယ်” ဟု ပြောသည်။

အမည်မဖေါ်လိုသူ တာဝန်ရှိသူ တဦးက ယခုရောက်ရှိလာသော မိသားစုမှ ၁၃၁ စုဖြစ်ပြီး ရန်ကုန်မှ ရောက်လာကြသူများ ဖြစ်ပြီး မောင်တောမြို့နယ်တွင် နေရာချပေးသွားမည်ဟု ပြောသည်။

ယခုအခါ မောင်တောခရိုင် တာဝန်ရှိသူများမှ နတလ စံပြကျေးရွာ နှစ်ရွာကို မောင်တောတွင် တည်ဆောက်နေပြီး အဆိုပါ ကျေးရွာများတွင် သူတို့အား နေရာချပေးသွားမည် ဖြစ်သည်။

နအဖ စစ်အစိုးရမှ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များတွင် စံပြကျေးရွာများ တည်ဆောက်ပြီး ဗမာပြည်မှ ပြောင်းရွှေ့လာသူများကို နေရာချပေးနေသည်။

ယခုတည်ဆောက်ပေးနေသော ကျေးရွာများမှာ ယခင် ဗုဒ္ဓဘာသာများ နေထိုင်ခဲ့သော ကျေးရွာများ ဖြစ်ပြီး တည်ဆောက်ချိန်မှ ယနေ့အချိန်ထိ လူဦးရေအားဖြင့် တသောင်းကျော် ရောက်ရှိနေပြီ ဖြစ်သည်။

ဗမာပြည်မှ ပြောင်းရွှေ့လာသူ အများစုမှာ စစ်သား လူထွက်များ၊ ထောင်ထွက်များ၊ အိုးအိမ် မရှိသူများနှင့် အလုပ်အကိုင် မရှိသူများ ဖြစ်ကြသည်ဟု သိရသည်။

Most read this week