ရခိုင်ပြည်နယ် သို့ ဒုတိယ အကြိမ်ရောက် ရှိလာသော ကုလသမဂ္ဂ လူ့အခွင့် အရေး ကိုယ်စားလှယ် မစ္စယန်ဟီလီကို ရခိုင်ပြည် နယ်နှင့်ပတ် သက်သော အစီရင်ခံစာ ပြန်လည် တင်သွင်း ရာတွင် မျှတစေရေး အတွက် သံဃာတော် အပါး တစ်ရာခန့်အပါအဝင် ရခိုင်ဒေသခံ လေးရာကျော်က စစ်တွေလေဆိပ်ရှေ့တွင် ဇန်နဝါရီ ၈ ရက် ညနေက ဆန္ဒထုတ်ဖော်ကြိုဆိုခဲ့သည်။
ဇန်နဝါရီ ရ ရက်မှ ၁၆ ရက်အထိ ဆယ်ရက်ကြာ ခရီးစဉ်၏ အစီရင်ခံစာကို ၂၀၁၅ ခုနှစ် ဧပြီ လတွင် ပြုလုပ်မည့် ကုလသမဂ္ဂ လူ့အခွင့်ရေးကော်စီတွင် တင်ပြ မည်ဖြစ်သည်။ ထိုတင်ပြ ချက်များ မျှတမှု ရှိရန် သတိပေး ဆန္ဒ ထုတ်ဖော်ခြင်းဖြစ်သည် ဟုဦးဆောင် ဆန္ဒထုတ်ဖော်သူ ဒေါ်ညိုအေး ကပြောသည်။
“သူတို့က တစ်ဖက်သတ်အမြင်နဲ့ ကောက်ချချပြီး အစီရင်ခံစာတင်သွင်းခဲ့တယ်။ ဘင်္ဂလီ လူမျိုးတွေရဲ့ အခွင့်အရေးကိုပဲ ဇောင်းပေးပြီး၊ ရခိုင်တိုင်းရင်း သားတွေ ရဲ့ နစ်နာမှုကို ထည့်တွက်တာမရှိဘူး၊ ဒီလို ဆိုရင် ရခိုင်ဒေသကို သူတို့မလာတာ ကောင်းပါတယ်” ဟုဒေါ်ညိုအေးက ပြောသည်။
မြန်မာနိုင်ငံသို့ ပထမဆုံး အကြိမ်ရောက် ရှိခဲ့သော မစ္စယန် ဟီလီသည် ၆၉ ကြိမ်မြောက်ကုလ သမဂ္ဂ အထွေထွေ ညီလာခံတွင် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် လူ့အခွင့်အရေးအစီရင်ခံစာတွင် တင်သွင်းခဲ့ပြီးဖြစ်သည်။
ကုလသမဂ္ဂ၏ မြန်မာပြည်ဆိုင်ရာ ပြောရေးဆို ခွင့်ရှိသူ ဦးအေးဝင်းက “ဒါကတော့ လွတ်လပ်စွာ ဆန္ဒထုတ်ဖော် ခွင့်ရှိတဲ့ အတွက် ကျွန်တော်တို့ အနေနဲ့ ခရီးစဉ် အနှောက်အယှက်ဖြစ်စရာမရှိပါဘူး”ဟု ဆိုသည်။
မစ္စယန် ဟီလီသည် ရခိုင်ပြည်နယ် ခရီးစဉ်တွင် စစ်တွေနှင့် မြေပုံ ဒုက္ခသည် စခန်းများသို့ သွားရောက်ရန် လျာထားပြီး ပြည်နယ် အစိုးရ၊ ရခိုင်ပြည် နယ်ဒေသ ခံနှင့် အသေးစိတ်ဆွေးနွေးရန် အစီအစဉ် များပါဝင်သည် ဟု ဦးအေးဝင်း ကပြောသည်။
ရခိုင်ပြည်နယ်မှ ဘင်္ဂလီခေါင်းဆောင် ဦးအောင်ဝင်းက “ဒုက္ခသည်စခန်းကပေးတဲ့ ခွဲတမ်းကို စားသောက်ပြီး ဒီအထဲမှာပဲ ကလေးမွေး၊ ဒီအထဲမှာပဲ ဘဝဆုံးနေ တဲ့ လူငယ်တွေအတွက် အဓိက စဉ်းစားသင့်တယ်ခင်ဗျ။ ဆယ်တန်းအောင်တဲ့ လူငယ်တွေ တက္ကသိုလ်တက်ခွင့်၊ ပညာဆက်သင်ခွင့်တွေ လိုတယ်ခင်ဗျ” ဟုပြော သည်။
မစ္စယန်ဟီလီသည် ရခိုင်ပြည်နယ်တွင် ဇန်နဝါရီ ၁၀ ရက်နေ့ထိ နှစ်ရက်ကြာ ကြာမြင့်မည်ဖြစ်ပြီး နှစ်ဖက် အဖွဲ့အစည်းနှင့်တွေ့ ဆုံရန် လျာထားသည် ဟုဦးအေး ၀င်းကပြောသည်။ ၎င်းသည် ရှမ်းမြောက်ဒေသများသို့ သွားရောက်မည်ဖြစ်သည်။
မြန်မာနိုင်ငံ လူ့အခွင့်အရေးဖြစ်စဉ်များနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ ကုသမဂ္ဂလူ့အခွင့်အရေး ကိုယ်စား လှယ် နမ်ဘီယား၊ မစ္စယန်ဟီလီနှင့် ကုလသမဂ္ဂ အတွင်းရေးမှူး ဘန်ကီမွန်းတို့လာရောက်ပြီး ၎င်းတို့ သုံးဦးသည် ရခိုင်ဒေသခံများ၏ ကန့်ကွက် ဆန္ဒထုတ်ဖော်မှုများနှင့် ကြံုတွေ့ခဲ့သည်။