မသန်စွမ်းသူများ ပညာသင်ကြားရန် အစိုးရ စာသင်ကျောင်းအချို့က ကျောင်းအပ်လက်ခံရန် ငြင်းပယ်မှုများ ရှိနေသည် ဟု ရွှေမင်းသား ဖောင်ဒေးရှင်း(မြန်မာ)မှ မန္တလေးတာဝန်ခံ ဒေါ်အေးနန္ဒာဌေးက မဇ္ဈိမကို ပြောသည်။
“ကလေးတစ်ဦးဆို လက်မသန်ဘူး။ လက်မသန်ပေမယ့် ခြေထောက်နဲ့ စာရေးတတ်တယ်။ သူ ငါးနှစ် ပြည့် လို့ ကျောင်းသွားအပ်တော့ ဆရာမကြီးက လက်မခံဘူး။ ဒီလိုကလေးမျိုးတွေထားရင် တခြား ကျောင်း သားတွေအတွက် နှောင့်နှေးတယ်လို့ အမြင်ရှိတယ်။ သူတို့ကတော့ ပြောတယ်၊ မထားချင်လို့ မဟုတ်ပါ ဘူး။ ထားချင်ပေမယ့် ဒီကလေးရှိတဲ့အတွက် တခြားကလေးတွေကို ထိခိုက် လာနိုင်ပါတယ်။တခြားကျောင်း မှာပဲ ထားလိုက်ပါလို့ ပြောတယ်”ဟု ၎င်းက ပြောသည်။
လူမှုဝန်ထမ်းဦးစီးဌာနက ဖွင့်လှစ်ထားသော မသန်စွမ်း သက်ငယ်ကျောင်းများ ရှိသော်လည်း ယင်းကျောင်း များတွင် ဦးနှောက်ဖွံ့ဖြိုးမှု ပုံမှန်မဟုတ်သည့် (အော် တစ်ဇင်) ကလေးများကိုသာ လက်ခံ သင်ကြားပေး လျက်ရှိခြင်းကြောင့် အခြားမသန် စွမ်းသူကလေးများအတွက် ပညာသင်ကြားရေးတွင် အခက်အခဲရှိနေ သည်ဟု ၎င်းက ဆိုသည်။
မသန်စွမ်းတစ်ဦးဖြစ်သူ ကိုမျိုးမင်းထွန်း က “တန်းတူ ပညာသင်ကြားခွင့်ဆိုတာကို ကျောင်းတွေက လက်မ ခံချင်ကြဘူး။ ဒါတွေကို လက်ခံပေးဖို့ လိုတယ်။ ပညာရေး ကောလိပ်လိုနေရာမျိုးတွေမှာ မသန်စွမ်း ကလေး တွေကို ဘယ်လိုဆောင်ရွက် သင်ကြားပေးရမယ်ဆိုတဲ့ ပညာရပ်တွေကို သင်ကြားပေးဖို့ လိုနေပြီ” ဟု ပြောသည်။
အထက်မြန်မာပြည်တွင် မသန်စွမ်းသူ ၉၀၀ ဦးခန့်ရှိသည်ဟု လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာ ချထားရေး ၀န်ကြီးဌာန၏ စာရင်းအရ သိရသည်။