နေပြည်တော်ကောင်စီ နယ်မြေမှ ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်တို့ ဆင်းရဲနွမ်းပါးသော ကျောင်း သား /သူ တို့အား ပညာ သင်စရိတ်အဖြစ် ထောက်ပံ့ငွေ ပေးအပ်ရာတွင် အချို့သော ကျောင်းသားများ မှာ ကျောင်း၏ တားမြစ်ချက်ကြောင့် နစ်နာ ဆုံးရှုံးမှုများ ရှိနေသည်ဟု ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက ဆိုသည်။
NLD ပါတီအမတ် ဦးမင်းသူက “ မြို့နယ်တိုင်းမှာ ချို့တဲ့ကျောင်း သားတွေ ရှိနေပါတယ်၊ ဒါတွေကို သေချာစိစစ်ပြီး လစဉ်ထောက် ပံ့ကြေးပေးတာကို ကျောင်း က တားမြစ်တယ်ဆိုတာ မလုပ်သင့် တဲ့ကိစ္စပါ” ဟု ဥတ္တရသီရိမြို့နယ်၊ ဇလောင်းကျေးရွာ အုပ်စု၌ ပညာသင်ထောက် ပံ့ကြေး ပေးအပ်ပွဲ အခမ်းအနားတွင် ပြော သည်။
ရပ်ကွက်၊ ကျေးရွာအတွင်း ချို့တဲ့ကျောင်း သားစာရင်း လိုက်လံကောက် ယူရာတွင် ထောက်ပံ့ကြေး လက်ခံရန် ကြောက်ရွံ့နေသော ကျောင်းသား/သူ များရှိနေ ပြီး မည်သည့်အတွက်ကြောင့် ထောက်ပံ့ကြေး လက်ခံရန် တားမြစ်ထားသည်ကို မေးမြန်းသော်လည်း ဆရာ/မတို့ ဖြေကြားခြင်းမရှိကြောင်း ဥတ္တရသီရိမြို့နယ်၊ ချင်းရွာနေ စာရင်းလိုက်လံ ကောက်ခံသူ ဦးကိုကိုလေးက မဇ္စျိမကို ရှင်းပြသည်။
“ချင်းရွာမှာ ရှိတဲ့ အ.ထ.က (၁၂) ဆိုရင် ကျောင်းတက် တန်းစီတဲ့ အချိန်မှာ ကျောင်းအုပ်ကြီး က ထောက်ပံ့ကြေးပေးတာ မသွားရဘူး လို့ကျောင်းသား /သူတွေ ကို ပြောတယ်၊ ဘာကြောင့် ဆိုတာတော့ မသိရဘူး” ဟု ဦးကိုကိုလေးက ဖြည့်စွက်ပြောသည်။
ယခုကဲ့သို့ ဆင်းရဲနွမ်းပါးကျောင်းသားများအား ပညာသင်ထောက်ပံ့ကြေး ပေးအပ်ရာ စတုထ္တအကြိမ်ရှိ ပြီဖြစ် သော်လည်း ထောက်ပံ့ကြေး လက်ခံရန်၊ စာသင်ခုံ လှူဒါန်းရန်အတွက် တားမြစ်မှုများ ကြံုတွေ့နေရသည်ဟု ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ထောက်ပြသည်။
ဒေါ်စန္ဒာမင်းက “တချို့စာသင်ကျောင်းတွေမှာ စာသင်ခုံ မပြည့်စုံတာ ကျွန်မတို့သိနေတယ်၊ ဘယ်လောက်လိုတယ်ဆိုတာ ကြည့်ဖို့အတွက်သွားရင် ကျောင်းက ဆရာ/မတွေ ကျောင်းအုပ်တွေက အကြောက်အကန် ငြင်းနေကြတယ်၊ လှူဖို့လာတာကို ဘာလို့ ဒီလို ဖြစ်နေတယ်ဆိုတာ စဉ်းစားလို့မရဘူး” ဟု မဇ္စျိမကို ပြော သည်။
နိုင်ငံတော်မှ မူလတန်း၊ အလယ်တန်း ကျောင်းသား/သူတို့အား အခမဲ့ ပညာရေး စနစ်ဖြင့် ဆောင်ရွက်ပေး ထားသော်လည်း ကျောင်းသား/သူ တို့လစဉ်ကုန် ကျငွေများ ရှိနေသည့် အတွက် အလယ်တန်း အဆင့် ကျောင်းသား တစ်ဦးလျှင် တစ်လ တစ်သောင်းကျပ်၊ အထက် တန်းကျောင်းသား တစ်ဦးလျှင် တစ်လ နှစ် သောင်းကျပ်ဖြင့် စုတိုင်းပြည် လူမှုအဖွဲ့အစည်းမှ ပံ့ပိုးကူညီမှုဖြင့် စာသင်နှစ် ပြီးဆုံးသည့် မတ်လ အထိထောက်ပံ့ပေးမည်ဖြစ်သည်။
ဆည်ကန် ကျေးရွာ နေဟင်း သီးဟင်း ရွက်ရောင်းသည့် ကျောင်းသား / သူ သုံးဦး မိခင် ဒေါ်လှက“ကိုး တန်း ကျောင်းသား အတွက် ထောက်ပ့ံကြေး ကတစ် လနှစ်သောင်း ဆိုတော့ အဆင်ပြေတာပေါ့၊ ကျောင်းသား သုံးယောက် စရိတ်က တော်တော်မလွယ်ဘူးလေ” ဟု ညည်းတွားသည်။
"စုတိုင်းပြည်’’ ဆိုသည့်ဒေါ်အောင်ဆန်းစုကြည်အားထောက်ခံသည့် သူများ စုထားသည့် အဖွဲ့ကပံ့ပိုးသည့် အထက်ပါ စတုထ္တအကြိမ်မြောက်ပညာ သင်ထောက် ပံ့ကြေးပေး အပ်ရာတွင် အထက်တန်းကျောင်းသား/သူ ၃၉ ဦးနှင့် အလယ်တန်းကျောင်းသား/သူ ၆၂ ဦး တို့အား စုစုပေါင်းထောက်ပံ့ကြေး ကျပ် ၁,၄၀၀,၀၀၀ တိတိ ပေးအပ်ခဲ့သည်။