နိုင်ငံစီးပွားရေး တိုးတက်မှု အတွက် ငွေကြေးဖောင်း ပွမှုလိုအပ်ဟု ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌ ဆို

နိုင်ငံစီးပွားရေး တိုးတက်မှု အတွက် ငွေကြေးဖောင်း ပွမှုလိုအပ်ဟု ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌ ဆို
by -
မဇ္စျိမ

 နိုင်ငံစီးပွားရေး ဖွံ့ဖြိုးရေး အတွက် ငွေကြေးဖောင်းပွ မှုလိုအပ် သည်ဟု ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌ ဦးဆက်အောင်က အသေးစားနှင့် အလတ်စား စက်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေး ဗဟိုစင်တာ၌ ပြုလုပ်သည့် SMEs လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး ဟောပြောပွဲတွင် ဆိုသည်။

ဦးဆက်အောင်က “ဒေါ်လာတန်ဖိုး တက်လို့ ငွေကြေးဖောင်းပွ မှုတွေ ဖြစ်လာ တယ်ဆိုပြီး စိုးရိမ်စရာ မလိုပါဘူး။ နိုင်ငံစီးပွားရေး တိုးတက်ဖို့ ကငွေကြေးဖောင်း ပွမှုလိုအပ်လို့ အီးယူနဲ့ အမေရိကန်နိုင်ငံတို့ကတောင် သတ်မှတ်ချက်တွေထားရှိပြီး ကြိုးစားလုပ်ဆောင်နေတာပါ”ဟု ဆိုသည်။

ငွေးကြေး တန်ဖိုး ကျဆင်းမှုမှာ မြန်မာနိုင်ငံ တစ်ခု တည်းတွင်သာ ဖြစ်ပေါ်ခြင်း မဟုတ်ဘဲ အင်ဒိုနီးရှားတွင် ၂၈ ရာခိုင်နှုန်း၊ အိန္ဒိယက ၁၆ ရာခိုင်နှုန်း၊ ထိုင်းက ကိုး ရာခိုင်နှုန်း၊ စင်ကာပူက ခြောက်ရာခိုင်နှုန်းကျဆင်းခဲ့သည်ဟု ဗဟိုဘဏ်ဒု-ဥက္ကဋ္ဌက ပြောသည်။

ယင်းနိုင်ငံများ၏ ငွေကြေးတန်ဖိုး ကျဆင်းမှုမှာ ဇန်နဝါရီမှစတင်ကာ တဖြည်းဖြည်း ကျဆင်းခဲ့ခြင်းကြောင့် မသိသာ သော်လည်း မြန်မာ့ငွေကြေး ကျဆင်းမှုမှာ လွန်ခဲ့သော နှစ်လလောက် မှစတင်ကာ ၆ ရာခိုင်နှုန်းအထိ ရုတ်တရက် ကျဆင်းခဲ့မှုကြောင့် ပြည်တွင်း လုပ်ငန်း ရှင်များကြား စိုးရိမ် စိတ်များ ဖြစ်ပေါ် ခဲ့ခြင်းဟု ဆိုသည်။

နိုင်ငံတစ်ခု၏ စီးပွားရေး ဖွံ့ဖြိုးမှုမှာ ငွေကြေးဖောင်းပွ မှုနှုန်းနှင့် တိုက်ရိုက် သက်ဆိုင်နေပြီး ငွေကျုံ့ ဝင်နေခြင်းထက် ပိုမိုကောင်း မွန်ကြောင်း၊ သို့သော်လည်း အလွန်မမြင့်မားရေးအတွက် ဗဟိုဘဏ်မှ ငွေကြေးမူဝါဒဖြင့်ထိန်း ကျောင်းရန် လိုသကဲ့သိ့ု အစိုးရ၏ ဘတ်ဂျက် သုံးစွဲမှု မူဝါဒများဖြင့် ထိန်းသိမ်းရန် လိုအပ်မည် ဟုလည်း ၎င်းက ထည့်သွင်းပြော ဆိုသွားသည်။

နို်င်ငံတစ်ခု၏ စီးပွားရေး အတွက် ငွေကြေးဖောင်းပွမှုမှာ လိုအပ်သည်ဟု ပြည်ထောင်စု လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ကလည်း လှိုင်သာယာ စက်မှုဇုန်၌ ပြု လုပ်သည့် လူထူတွေ့ဆုံပွဲတွင် ပြောဆိုထားသည်။

ကမ္ဘာ့ဘဏ် ထုတ်ပြန် ချက်အရ မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုမှာ ရ ဒသမ ၃ ရာခိုင်းနှုန်းတွင် ရှိနေသည်ဟု ယခုလအတွင်း ထုတ်ပြန်သည့် နှစ်ကုန် ပိုင်းအ စီရင်ခံစာတွင် ဖော်ပြထားသည်။

Most read this week